မော့(စ်)တော့ဇ် ၅ % ဂျီ
သီးနှံ | ဖျက်ပိုး | နှုန်းထား
(ကီလိုဂရမ် / ဧက) |
မှတ်ချက် |
စပါး အလှစိုက်ခင်းပျိုးခင်း | ခရု / ပက်ကျိ | ၁၀ | ညနေ နေကျချိန် (သို့) ညအချိန်တွင် ရေသွင်းပြီး ၄.၅ – ၆ ဂရမ်ကို ၃ မီတာပတ်လည်တိုင်းတွင် မြေမျက်နှာပြင်ပေါ်သို့ ချပေးပါ။ |
အသီးများ | အပင်ပတ်လည်တိုင်းတွင် ၁၀ ဂရမ်ချပေးပါ။ | ||
စပါး |
ခရု |
၂.၄၃ | (၁) မီတာပတ်လည်တွင် အရွယ်ရောက်ပြီးသော ခရုအကောင်ရေအများဆုံး (၈) ကောင်နှင့် အထက်တွေ့ရှိပါက သုံးဆွဲရန် နှုန်းထားဖြစ်သည်။ |
၁.၈၂ | (၁) မီတာပတ်လည်တွင် အရွယ်ရောက်ပြီးသောခရုအကောင်ရေအများဆုံး (၈) ကောင် အောက်တွေ့ရှိပါက သုံးဆွဲရန် နှုန်းထားဖြစ်သည်။ |
ဆေးဖျန်းပြီး ၁၂ နာရီကြာမှသာ ကွင်းထဲသို့ ပြန်ဝင်ရပါမည်။
အသုံးပြုနည်း
ခရုများစွာ ကျရောက်နေပါက
- စိုက်ခင်းထဲတွင် မျိုးစေ့မစိုက်မီ ၅ ရက်အလိုတွင် ရေကို ၅ စင်တီမီတာအနက်ခန့် ၂၄ နာရီလုံးရေသွင်းထားပါ။
- မျိုးစေံမကျဲမီ ၄ ရက်အလို ညနေပိုင်း နေကျခါနီးတွင် ဆေးခဲများကို အကွက်ထဲသို့ကျဲပက်ပေးပါ။
- ဆေးကျဲပက်ပြီးသောအခါ ရေကို ၃ ရက်ခန့်သွင်းထားပြီးမှသာ စပါးစေ့ကို ပက်ကျဲရပါမည်။
ခရုအနည်းငယ်သာ ကျရောက်နေပါက
- စိုက်ခင်းထဲတွင် မျိုးစေ့မစိုက်မီ ၅ရက်အလိုတွင် ရေကို ၅ စင်တီမီတာ အနက်ခန့် ၂၄ နာရီလုံးရေသွင်းထားပါ။
မျိုးစေ့များမစိုက်မီ ၄ရက်အလိုတွင် ရေအနည်းငယ်သာထားပြီး ကျန်သောရေများကို စိုက်ခင်းထဲမှ ထုတ်လိုက်ပါ။
မျိုးစေ့မစိုက်မီ ၃ရက်အလိုတွင် ရေထဲသို့ ဆေးခဲများကို ညနေ နေကျခါနီးတွင် ကျဲပေးပါ။ ဆေးကျဲပက်ပြီးသောအခါ ရေကို သုံးရက်ခန့် သွင်းထားပြီးမှ စပါးစေ့ကို ကျဲပက်ရပါမည်။