Marlarmyaing for All. Let's grow together !

အခါမဲ့မိုးဖြင့်စိုက်ပျိုးခဲ့ကြသောသီးနှံများအတွက် ရှင်သန်အောင်မြင်နိူင်ရေးအကြံပေးချက်

မြန်မာနိူင်ငံတစ်ဝှမ်း ဧပြီလအတွင်း အခါမဲ့မိုးဖြင့် နှမ်း/မြေပဲ/ပဲတီစိမ်းစသည့် ယာသီးနှံများ စိုက်ပျိုးအောင်မြင်နေဆဲဖြစ်သည့်

စစ်ကိုင်း မန္တလေး မကွေးဒေသများမှ တောင်သူလယ်သမားများအား အဓိက ရည်ရွယ်၍ ဤPostကို တင်ရခြင်းဖြစ်ပါသည်။ လက်ရှိအချိန်တွင် မိုးများအဆက်မပြတ်ရွာသွန်းနေခြင်း စိုက်ပျိုးပြီး သီးနှံများရှင်သန်ဖြစ်ထွန်းနေခြင်းတို့ကြောင့် စိုက်ပျိုးသူများ ရွှင်လန်းအားရဖြစ်နေသကဲ့သို့မာလာမြိုင် အနေဖြင့်လဲထပ်တူဝမ်းမြောက်ကြည်နူးရပါသည်။
သို့သော်လည်း ယနေ့အထိ မိုးလေဝသခန့်မှန်းချက်များအရ မြေအောင်း ပြည့်ဝရေလုံလောက်မုှသည် ပဲခူးတိုင်းဒေသကြီးနှင့် အနီးတစ်ဝိုက်တွင်သာရှိပြီး ကျန်ဒေသများတွင် လိုအပ်နေသေးကြောင်း သိရှိရပါသည်။ထို့ပြင် ရာသီဥတုပြောင်းလဲလာသော လွန်ခဲ့သည့်သုံးနှစ်ကာလ အခြေ ်အနေများအရ အဦးအစတွင် သည်းထန်စွာရွာတတ်သောမိုးများကြောင့် မေတတိယအပတ်မှ ဇွန်လအတွင်း မိုးရပ် မိုးခေါင်မှု ဖြစ်တတ်ကြောင်းကိုလဲ အထူးသတိပြုရန်လိုအပ်ပါသည်။ယမန်နှစ်များက အခင်းလိုက်အပင်အကြီးရပ်ကာ ခြောက်သွေ့သေဆုံးရခြင်းများသည် ဤမိုးလေဝသ ပြောင်းလဲမှုဖြစ်စဉ်များကြောင့်ဖြစ်ပါသည်။ထို့ကြောင့် လက်ရှိရှင်သန်ဆဲသးီနှံခင်းများအား အောင်မြင်စွာ ပွင့်သီးရင့်မှည့်ရေးအတွက် အောက်ပါအတိုင်း ဆောင်ရွက်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။
၁။လက်ရှိ စိုက်ခင်းများအတွင်း၆ပေမှ၈ပေအကျယ်ငန်းဖော်၍ထယ်နှစ်ကြောင်းကြောယှဉ်ထိုးကာ ကြားမြောင်းများဖော်ထုတ်ပါ ။ရေစီးရေလာနှင့်ရေစိမ့်အားကောင်းအောင် ပြုပြင်ပါ။
၂။မိုးရေကိုမြောင်းအတွင်းပြည့်အောင်ခုခံပြီး ရေပိုကို ထုတ်ပစ်ပါ ။အနီးရှိ ကန် ချောင်း မြောင်းများတွင်း တစ်ဆင့်သိုလှောင်ထားပါ။
၃။နှမ်းသီးနှံကို ပင်သက်နှစ်ပတ်အတွင်း မှုန်းခြင်း ပေါင်းသင်ခြင်း အလျှင် အမြန်ဆောင်ရွက်ပါ။
၄။သီးနှံအားလုံး အပင်ကြီးထွားမှုမြန်စေရေးအတွက် ၃၀း၁၀း၁၀ ၃၈း၅း၅ ရွက်ဖျန်းများနှင့် အမ် ဂျီ အေ ဟော်မုန်းတို့ကို တစ်ပတ်ခြားသုံးကြိမ် အပင်တောင့်တင်းသန်မာရေးအတွက် ၁၅း၅း၄၀ကို အနည်းဆုံးတစ်ကြိမ်ပတ်ဖျန်းပေးပါ။
၅။မြစ်စဉ် ဖွံ့ဖြိုးမှု အားကောင်းစေရန် လစ်တိုစင် ဖာရီစတပ် ဆေးများ ရောစပ်ပက်ဖျန်းပေးပါ။
၆။ပိုးမွှွားကာကွယ်ရေးအတွက် အမ် ဒိုင်မီ ရောဂါကာကွယ်ရေးအတွက် အမ် ဒါဇင်ဆေးများ တစ်ကြိမ်စီကြိုဖျန်းပေးထားပါ။
၇။မိုးလေဝသ သတင်းများအရ မိုးပြတ်ရန်အခြေအနေရှိလာပါက ကြားမြောင်းများကို နှမ်းပင်ခြောက် မြက်ခြောက် ကောက်ရိုးခြောက် မြေမှုန်ခြောက်များအုပ်ကာပက်ဖြူးပေးပါ။
၈။ရေကုန်ဆုံးမှုသက်သာစေရေးအတွက် ပက်ကလိုဗျူထရာဇော မက်ပီကွပ်ကလိုရိုဒ်နှင့် ရာသီဖိစီးမှုဒဏ်ခံ ဘီအယ်နင့် စယ်လီဆဲလစ် ဟော်မုန်းများတစ်ကြိမ်မှ နှစ်ကြိမ်ပက်ဖျန်းထားပါ ။အစိုဓာတ်နည်းချိန်ပုလဲကျွေးခြင်းကို ရပ်ထားပါ။
၉။ သွင်းရေ ရနိူင်ပါကမြောင်းများပြည့်ရုံ တစ်ပတ်တစ်ကြိမ်သွင်းပေးပါ။
၁၀။အပွင့်လှမ်းချိန် စတင်နေပါက ၁၈း၃၃း၁၈ ဝး၅၂း၃၄ ၁၀း၅၂း၁၇ ရွက်ဖျန်းရေသြဇာများကို ရေအချိုးများများ (တစ်ဧက ဂါလံ၄၀မှ ၈၀)ရောစပ်၍ပက်ဖျန်းပေးပါ။
၁၁။ မိုးပုံမှန်ရွာသွန်းလာပါက ရေဝပ် ရေအိုင်မှုမရှိအောင် မြောင်းများကိုသန့်ရှင်းထားပါ။
၁၂။နှမ်းကြီးမှ လွဲ၍ကျန်သီးနှံများအနေဖြင့်မိုးလယ်ကာလအတွင်း ရင့်မှည့်ကြမည်ဖြစ်သည့်အတွက် ပျက်စီးဆုံးရှုံးမှုမရှိအောင်ရိတ်သိမ်းနိူင်ရေး ကြိုတင်စီစဉ်ထားပါ။
၁၃။မိုးလေဝသနှင့် ဇလဗေဒ သတင်းများကို အလေးအနက်ထား နားထောင်မှတ်သားပါ။မိမိ၏ရရှိထားပြီးသည့်အတွေ့အကြုံများအပေါ် အလွန်အမင်း အားကိုးထားရှိခြင်းများကိုဖြေလျှော့ပါ။
၁၄။ရာသီဥတု ဖြစ်စဉ်များအစဉ်ပြောင်းလဲဖြစ်ပေါ်နေခြင်းကို အမြဲသတိပြုစောင့်ကြည့်ပါ။ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရန်ကိစ္စများကို လက်ဦးမှုရယူပါ။
မိုးလို မိုးခေါင်မှုကိုအောင်မြင်စွာကျော်ဖြတ်ခဲ့ဖူးသောဒေသအတွေ့အကြုံရှိ တတ်သိပညာရှင်များ တောင်သူလယ်သမားကြီးများအနေဖြင့် မိမိတို့၏အတွေ့အကြုံများကို ဤPageတွင် ပါဝင် shareပေးရင်း ပညာကုသိုလ်ရယူကြပါရန် နှိုးဆော်ပန့်ကြားအပ်ပါသည်။
မိုးပြတ်ချိန်အပင်အုပ်ကောင်းမွန်ပြီး အစိုဓာတ်ထိန်းသိန်းနိူင်သော သဲ နုံး မြေစေး စိုက်ခင်းမြေများ စိုးရိမ်စရာမလိုပါ။

Read the latest car news and check out newest photos, articles, and more from the Car and Driver Blog.