Marlarmyaing for All. Let's grow together !

အပင် အဓိကအာဟာရဓာတ် ချို့တဲ့မှုလက္ခဏာများ

————————————————
နိုက်ထရိုဂျင်
————————————————
အရွက်များဝါခြင်း၊ အောက်အရွက်များထိပ်၊ ရွက်ကြောကြားမှစတင်၍ ဝါခြင်း၊ သီးနှံကြီးထွားမှုနှေးခြင်း၊ အပင်ပုခြင်း၊ အသီးအဆံများ သေးခြင်း၊ စပါးတွင်ပင်ပွားနည်းခြင်း၊ အပွင့်နည်းခြင်း တို့ကိုတွေ့ရ သည်။

————————————————
ဖော့စဖရပ်
————————————————
အပင်ပုခြင်း၊ အမြစ်ထွက်နည်းခြင်း၊ အသီးအစေ့ဖွံ့ ဖြိုးမှုနည်းခြင်း၊ အသီးဖြစ်မှုသေးကွေးခြင်း၊ စပါးတွင် အရွက်များအစိမ်းရင့်ရော်ရောင် ဖြစ်ခြင်း၊ ခရမ်းရောင်ပြောင်းခြင်း၊ ပုံမမှန်အရွက်များဖြစ်ခြင်း အရွက်အသီးနှင့် ပင်စည်တို့တွင် ခြောက်နေခြင်း၊ ဝါရွက်နီခြင်း၊ ရင့်မှည့်မှုနောက်ကျခြင်း၊ ဗီဇကို ပြောင်းလဲစေခြင်းတို့ကို တွေ့ရသည်။

————————————————
ပိုတက်ဆီယမ်
————————————————
အရွက်နားများ ခြောက်ခြင်း၊ အောက်ပိုင်းအရွက်ထိပ်များတွင် ပို၍အနား ခြောက်မှုရှိခြင်း၊ သီးနှံကြီးထွားမှုနှေးခြင်း၊ အမြစ်ထွက် နည်းခြင်း၊ ပင်စည်ပျော့ခြင်း၊ အသီးနှင့်မျိုးစေ့များ သေး၍ ရှုံ့တွခြင်း၊ အပင်ယိုင်လဲခြင်း၊ ရောဂါဒဏ်ခံနိုင်ရည်နည်းခြင်းတို့ကိုတွေ့ရသည်။

————————————————
ကယ်လ်ဆီယမ်
————————————————
အမြစ်ကြီးထွားမှုညံ့ခြင်း၊ အမြစ်များအနက်အရောင်ဖြစ်၍ ပုပ်ခြင်း၊ အရွက်နှင့် ပင်စည်များတွင် အစေးများဖြစ်၍ ပင်စည်အကိုင်းဖျားများ သေးခြင်း၊ အရွယ်ငယ်၊ အမြစ်များ လိမ်ကောက်၍ တိုသွားစေသည်။ ပင်စည် ပျော့နေတတ်သည်။ (ဥပမာ – မြေပဲနှင့် ဟင်းသီးဟင်းရွက်များတွင် တွေ့ မြင်ရသည်။)

————————————————
ကန့်ဓာတ်
————————————————
အရွက်ငယ်များတွင် အစိမ်းရောင်ဖျော့ခြင်း၊ အပင်ပုခြင်း၊ အရွက်များ တန့်ခြင်း၊ ပင်စည်သေးငယ်ခြင်း၊ တစ်ပင်လုံးဝါခြင်း တို့ကို တွေ့ရသည်။

————————————————
မဂ္ဂနီစီယမ်ဓာတ်
————————————————
အောက်ပိုင်းအရွက်များအဝါရောင်၊ ကြေးရောင် (သို့မဟုတ်) ခရမ်းရောင်ဖြစ်ခြင်း၊ ရွက်ကြောများစိမ်းနေခြင်း၊ အရွက်များသေးခြင်း၊ မှိုရောဂါကျရောက်လွယ်ခြင်း၊ အရွက်များေြွကခြင်းတို့ကို တွေ့ရသည်။