Marlarmyaing for All. Let's grow together !

ခရမ်းချဉ်သီးစိုက်ပျိုးနည်း

ခရမ်းချဉ်သီးစိုက်မယ်ဆိုရင် ဒီအချက်လေးတွေသိထားသင့်တယ်။

နွေးသောရာသီဥတုမှ စိုက်ပါ။ ပူလွန်းအေးလွန်းရင် အပင်ပေါက်ဖို့ ခဲရင်းပါတယ်။ ရေကို မနက်ပိုင်းလောင်းပေးပါ။

ပျိုးထောင်ခြင်း

ခရမ်းချဉ်စေ့ကို ပျိုးမယ်ဆိုရင် ပျိုးဘမ်း (သို့) ရေမဝပ်တဲ့နေရာမှာ မြေဆွေး၊စက်ဖွဲပြာတို့ထည့်ပြီး ပျိုးနိုင်ပါတယ်။

စိုက်ပျိုးခြင်း

ပျိုးသက် တလ၊ တလခွဲလောက်ကြာရင် အစိုဓာတ်လုံလောက်တဲ့ စိုက်ခင်းမှာ ပြောင်းစိုက်နိုင်ပါပြီ။

အပင်ပြုစုခြင်း

စိုက်ပျိုးပြီး (၂)ပတ်လောက်ကြာရင် ပင်ခြေမြေဆွပြီး မြေတောင်မြှောက်ပေးပါ။
အရင်ထွက်လာတဲ့ ဘေးတက် ၂ကိုင်း၊ ၃ကိုင်းလောက်ကို အသီးကိုင်းအဖြစ် ချန်ထားပြီး ကျန်တဲ့အောက်က ဘေးတက်တွေကို ဖြတ်ပြစ်ပါ။

ကျရောက်နိုင်တဲ့ပိုးတွေကတော့ လှေးပိုး၊ ပျပျိုး၊ ယင်ဖြူနှင့် သီးလုံးဖောက်ပိုးတွေပါ။
ပိုးသတ်ဆေးအဖြစ် အမ်-ဖိတ်၊ အမ်-ဒိုင်မီတို့ကိုအပင်သက် တစ်လခွဲသားအထိ သုံးနိုင်ပါတယ်။ တစ်လခွဲကျော်သွားရင်တော့ အမ်-ကလိုရိုဆိုက်ပါ၊ အမ်-ပါရီဖော့(စ်)၊ ဒီစစ်တို့ကို သုံးနိုင်ပါတယ်။ ခူးဆွတ်ကာနီး တစ်ပတ်အလိုဆိုရင်တော့ အမ်-ဘာမက်တင်၊အမ်-သိုက်အိုကဒ်တို့ကိုသုံးစွဲနိုင်ပါတယ်။ ခူးဆွတ်ရန် ၂ရက်၊ ၃ရက်အလိုမှာတော့ ပရီဗာသွန်ကိုသုံးနိုင်ပါတယ်။

သတိထားရမယ့် ရောဂါတွေကတော့ လောင်မည်း၊ ထိပ်ပုတ်၊ခါးရိရောဂါများကျရောက်တတ်ပြီး ဒီရောဂါတွေအတွက် အပင်ငယ်စဉ် အမ်ဒါဇင်၊ဘူဆန်စသည့် ဆေးများအသုံးပြုပါ။ ပင်သက်(၁)လမှ (၁)လခွဲကျော်လျှင် အမ်အိုဇေး၊မမ်ကိုဇက်၊အမ်ဟက်ဇာဆေးတို့ကိုသုံးနိုင်ပါတယ်။ စွတ်ခူးဖို့ (၇)ရက်အလိုမှာ ကျခဲ့ရင် ဘဲလီဆိုက်ဆေးများကို သုံးစွဲကာကွယ် နှိမ်နင်းနိုင်ပါတယ်။

မြေဩဇာထည့်သွင်းခြင်း

မြေဩဇာများအနေနဲ့ ခရမ်းချဉ်တစ်ဧကမှာ နေရွက်လှ (၁၅-၁၅-၁၅ (သို့)၁၆-၁၆-၁၆)(၁/၄အိတ်)၊ယူရီးယား(၁/၄အိတ်)၊တီစူပါ(၁/၄အိတ်)၊ပိုတတ်(၁/၄အိတ်) တို့ကိုရောစပ်သုံးနိုင်ပါတယ်။

ခူးဆွတ်ခြင်း

ဆွတ်ခူးမယ်ဆိုရင်တော့ ပို့ဆောင်ရောင်းချမယ့်နေရာအပေါ်မူတည်ပြီး အသီးအရောင်ကိုကြည့်၍ဆုံးဖြတ်ပါ။ အဝေးပို့လျှင် အစိမ်းမှအစိမ်းရောင်ဖျော့၍အဖြူဘက်သမ်းလာချိန်တွင် ခူးပါ။ အနီးဆိုလျှင် အဝါသမ်းချိန်တွင်ခူးပါ။