Marlarmyaing for All. Let's grow together !

မတ်လအတွက် စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်များ

ဈေးကွက်စီးပွားရေးစနစ်တွင် ကိုယ်ရကိုယ်ယူကိုယ်ဦးကိုယ်စားစိတ်နေသဘောထားအပြင် လိမ်လည်လှည့်ဖြားကိုယ်ကျိုးစီးပွားကြီးထွားနေသမျှ လယ်ယာကဏ္ဋယခင်ကအတိုင်းသာရှိမည်။ အကျိုးအမြတ်ကို သေချာစေရန်နှင့် လုပ်ကိုင်သူအားလုံး အကျိုးတူ အချိုးကျခွဲဝေခံစားနိုင်ရန် လက်တွေ့အစီအမံပါမှသာ စိုက်ပျိုးရေးလုပ်ငန်းရွှေခေတ်သန်းစေမည်။

လယ်ယာဥယျာဉ်လုပ်ငန်းစဉ်
————————————-

နှံစားသီးနှံ – နွေစပါးရိတ်သိမ်းချိန် မိုးလေလွတ်ရန်နှင့် အသီးဖြိုင်စေရန် သိုင်အိုယူရီးယား ဇီဝစူပါ မာလ်တီကေရွက်ဖျန်းမြေဩဇာများနှင့် ပက်ဖျန်းနှိုးဆွပါ။ အထက်မြန်မာပြည်နွေစပါးဧရိယာများမြေယာပြုပြင်ချိန်ဖြစ်ပါသည်။ နေရွက်လှေကွန်ပလက်၊ ယူရီးယား၊ ပိုတက်ဓာတ်မြေဩဇာများကို သဘာဝမြေဩဇာများနှင့် (၁:၃) ရောစပ်ဖြည့်သွင်းပေးပါ။စပါးအပင်ပေါက်ပြီးစတွင် အမ်-ပေါင်းဆေးဖြင့် ပေါင်းမြက်များအုပ်သတ်ပေးပါ။ နွေစပါးများပင်ပွားအားကောင်းရန် ရေသွင်းရေခန်းစနစ်ကျင့်သုံးပါ။ ဒေါင်းမြီးပျံ၊ခွေးမြီးပုတ်မြက်များ
မှ ကာကွယ်ရန် အမ်ပေါင်း နှိမ်နင်းရန် အမ်ပေါင်းရှင်းကို စပါးသက်တမ်းတလမတိုင်မီ အသုံးပြုပါ။

စက်မှုသီးနှံ- ရာဘာပင်များ ရွက်သစ်ဝေပါက အစေးပြန်လှီးပါ။ ရေပေးနိုင်ပါက တပတ်တကြိမ် ရေဝဝပေးသွင်းပါ။ ရေမပေးနိုင်ပါက ရွက်ခြောက်၊ မြက်ခြောက်၊ ကောက်ရိုး၊ ပလပ်စတစ်မျိုးဘောင်ကာများဖြင့် ရွက်ဖျား စက်မှုသီးနှံ- ရာဘာပင်များ ရွက်သစ်ဝေပါက အစေးပြန်လှီးပါ။ ရေပေးနိုင်ပါက တပတ်တကြိမ် ရေဝဝပေးသွင်းပါ။ ရေမပေးနိုင်ပါက ရွက်ခြောက်၊ မြက်ခြောက်၊ ကောက်ရိုး၊ ပလပ်စတစ်မျိုးဘောင်ကာများဖြင့် ရွက်ဖျားပတ်လည်အောက်ဖုံးကာပေးပါ။ ဆီအုန်း၊ကြံ၊ကော်ဖီ၊ကိုကိုးသီးနှံများ ကြွက်၊ပွေး၊ခြ၊ပုရစ်၊ဖိုးလမင်းကျိုင်း၊မြေအောင်းပိုးများကင်းထောက်နှိမ်နှင်းပါ။အမ်-ဖြူရန်၊ဆဲလ်ဖေါစ့်ဆေးများအသုံးပြုပါ။ပလပ်စတစ်မီးရှို့ပြီးမီးခိုးအားတွင်းများအတွင်းမှုတ်သွင်းပြီးတွင်းအလုံပိတ်ထားပါ။

ဥယျာဉ်ခြံသီးနှံ – စပ်မျိုးသစ်ခွ၊သဇင်၊ပိန်းပန်းနှင့် အိုးစိုက်အလှပင်ငယ်များ၊ပျိုးပင်ငယ်များ နံနက်နေရောင်ခြည်ကိုသာခံယူပါ။ တနေ့တစ်ကြိမ် ဆေးဖျန်းပုံး (သို့မဟုတ်) အပေါက်သေးရေပန်းခရားနှင့်ရေလောင်းပါ။အိုးမရှိသောဗင်ဒါသစ်ခွများတနေ့(၂)ကြိမ်လောင်းပါ။ရွက်သားများရှုံ့ခြင်း၊ဝါခြင်းမရှိပါစေနှင့်။အပူဒဏ်မှခုခံနိုင်ရန် အမိုင်နိုပါဝါတပတ်တကြိမ်ပတ်ဖျန်းပေးပါ။မွန်းလွဲနှင့်ကျနေကိုလုံးဝမခံရပါစေနှင့်။