Marlarmyaing for All. Let's grow together !

ယူရီးယား (နေရွက်လှေ)

ပါဝင်မှုအချိုးအစား

N – 46%

သီးနှံအမျိုးအစား မြေဩဇာ ထည့်သွင်းရမည့် အချိန် နှင့် တစ်ဧကနှုန်းထား
နှံစားသီးနှံများ (စပါး၊ ပြောင်း၊ ဂျုံ) စိုက်ပြီး တစ်လသား – ၅၀ ကီလိုဂရမ်
အနှံသန္ဓေတည်ချိန် – ၂၅ ကီလိုဂရမ်
ပဲမျိုးစုံ (ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုကိတ်၊ ကုလားပဲ) မြေပြုပြင်ချိန် – ၅၀ ကီလိုဂရမ်
ပန်းမပွင့်မီတစ်ပတ် – ၂၅ ကီလိုဂရမ်
ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) မြေပြုပြင်ချိန် – ၅၀ ကီလိုဂရမ်
ပန်းမပွင့်မီတစ်ပတ် – ၂၅ ကီလိုဂရမ်
စက်မှုသီးနှံ (ဝါ၊ ကြံ၊ အာတာလွတ်၊ ပီလောပီနံ) မြေပြုပြင်ချိန် – ၅၀ ကီလိုဂရမ်
စိုက်ပြီး ၂လသား – ၂၅ ကီလိုဂရမ်
တူးဖော်ရိတ်သိမ်းရန် (၁)လအလို – ၂၅ ကီလိုဂရမ်
စက်မှုသီးနှံ (ရာဘာ၊ ဆီအုန်း၊ လက်ဖက်၊ ကိုကိုး၊ ကော်ဖီ) မြေပြုပြင်ချိန် – ၅၀ ကီလိုဂရမ်
မိုးဦး – ၂၅ ကီလိုဂရမ်
မိုးနှောင်း – ၁၂ ကီလိုဂရမ်
အရွက်၊ အသီး၊ အစေး မယူမီတစ်ပတ်အလို – ၂၅ ကီလိုဂရမ်
အရွက်၊ အသီး၊ အစေးယူနေစဉ်ကာလ -၁၂ ကီလိုဂရမ်
ပန်းမန်နှင့်အပင်များ မြေပြုပြင်ချိန်မှစ၍ တစ်နှစ်(၂)ကြိမ် – တစ်ပင်(၂၀၀-၅၀၀)ဂရမ်
ဥယျာဉ်ခြံသီးနှံ (သရက်၊ မာလကာ၊ ပိန္နဲ၊ ကျွဲကော၊ သံပုရာ၊ နဂါးမောက်၊ ပန်းသီး၊ သစ်တော်) အပင်သက် တစ်နှစ်နှင့်အောက် (မိုးဦး၊ မိုးနှောင်း ၂ကြိမ်) – တစ်ပင် (၁၅၀-၄၀၀)ဂရမ်
အပင်သက်တစ်နှစ်ကျော်မှ သုံးနှစ် (မိုးဦး၊ မိုးနှောင်း ၂-ကြိမ်) – တစ်ပင် (၂၀၀-၅၀၀)ဂရမ်
စီးပွားဖြစ် အသီးထုတ်ချိန် (သန္ဓေတည်ချိန်၊ အသီးကြီးထွားချိန်) (တစ်နှစ် ၄-ကြိမ်) – တစ်ပင်(၁၀၀-၂၀၀)ဂရမ်
ဟင်းသီးဟင်းရွက် မြေပြုပြင်ချိန် – ၂၅ ကီလိုဂရမ်
အပင်ကြီးထွားချိန် – ၅၀ ကီလိုဂရမ်
အပွင့်၊ အဖူး စတင်ချိန် – ၂၅ ကီလိုဂရမ်

မှတ်ချက်။ ။

၁) သီးနှံအမျိုးအစားနှင့် မြေအဆင့်အတန်း ပေါ်လိုက်၍ မြေဩဇာနှုန်းထား အပြောင်းအလဲ ရှိနိုင်ပါသည်။

၂) ဩဂဲနစ် သီးနှံများတွင် ဓာတုဓာတ်ကြွင်း အာနိသင် ပါဝင်မှု သတ်မှတ်နှုန်းထား အထိ လျော့ကျစေရန်နှင့် ထွက်နှုန်း တိုးတက်စေရန်အတွက် နည်းစနစ်မှန်မှန်သုံးစွဲပါ။