Marlarmyaing for All. Let's grow together !

သြဂုတ်လအတွက် စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်များ

လယ်ယာဥယျာဉ်လုပ်ငန်းစဉ်
=====================

နှံစားသီးနှံ
—————-
– ပြောင်း၊ ဂျုံ၊ နှံစားပြောင်းတို့ ပင်ပိုင်းကြီးပွားဆဲ ကာလဖြစ်ပါသည်။ အရွက်ထွက်နှင့် အပင်တက်နှေးကွေးပါက
ဟိုက်ပါဂရိုး၊ ဟိုက်ပါဘလွန်း၊ ဘွန်းဖလားဝါး ရွက်ဖြန်းများ အားဖြည့်ပေးပါ။ မိုးရွာသော ဒေသတွင် နေရွက်လှေကွန်ပလက်၊ ယူရီးယားနှင့် ပိုတက်ဓာတ်မြေဩဇာများ မြေခံအဖြစ်ဖြည့်သွင်းပေးပါ။
– မိုးစပါးကို ရေသွင်းရေထုတ်ခြင်း၊ ရေပါးပါးသာ ထားခြင်းဖြင့် အပင်ပွားစည်းအား ကောင်းစေမည်။ အမ်ပေါင်းရှင်း၊ ရမ်ပူတော့တို့ဖြင့် ပေါင်းရှင်းပေးပြီး အထောက်အကူပြုပါ။
– ရွက်လိပ်ရွက်ကပ်၊ ပိုးလောင်မီး၊ ကြက်သွန်မြိတ်၊ ငမြှောင်တောင်၊ ဆစ်ပိုးနှင့် ပင်စည်ပုတ်၊ ဂုတ်ကျိုး၊ ရွက်ညိုခြောက်၊ ရွက်ဖုံးခြောက်ရောဂါများ ကင်းထောက်စစ်ဆေးပါ။ အမ်ဖိတ်၊ အမ်-မီသိုမော့ဆေးများဖြင့် ကြိုတင်ပက်ဖျန်းကာကွယ်ထားပါ။

ဆီထွက်သီးနှံ
—————-
– မုံညင်း၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ မြေပဲများကို သက်တမ်းတစ်လမကျော်မီ ပေါင်းနှိမ်ထားပါ။ အမ်ပရိုဒ်၊ ကွီဇာလိုဖော့ဆေးများ အသုံးပြုနိုင်ပါသည်။

ဥယျာဉ်ခြံသီးနှံ
——————-
– နဂါးမောက်၊ မာလကာ၊ ကျွဲကော၊ သံပုရာ အသီးထုတ်ဆဲများကို နေရွက်လှေကွန်ပေါင်းတီစူပါ၊ ပိုတက်၊ မဂ္ဂနီဆီယမ်ဆာလ်ဖိတ် ဓာတ်မြေဩဇာများကို သဘာဝမြေသြဇာများနှင့် ၁:၃ ရောစပ်ပြီး အချိန်ကိုက် အချိုးကျကျွေးပါ။ သီးထွက်ကို လေ့လာ၍ လိုအပ်ပါက ဟိုက်ပါဘလွန်း၊ ဟိုက်ပါပီကေ၊ ဟိုက်ပါစထရောင်း ရွက်ဖျန်းဆေးများဖြင့် အားဖြည့်ပေးပါ။ အသီးစောလိုပါက သိုင်အိုယူရီးယား၊ ဟိုင်းအန်ကေ၊ နောက်ကျလိုပါက ဘလက်ဂျိတ် ပက်ဖျန်းပါ။ အပင်သန်လွန်းလျှင် ပက်ကလိုဗျူထရာဇောဖြင့် ပက်ဖျန်းထိန်းချုပ်ပြီး အသီးအားပေးပါ။

သဘာဝဘေးကာကွယ်ရေး
———————————–
– ဒေသတွင်း ရေကြီးနိုင်ဖွယ်သတင်းများ ရရှိပါက ကုန်းမြင့်ရေလွတ်များတွင် အရံပျိုးများ ထောင်ထားပါ။ ဘင်္ဂလားပင်လယ်အော်မုန်တိုင်းများက အောက်မြန်မာပြည်၊ တောင်တရုတ်ပင်လယ်နှင့် တိဘက်လေပွေလှိုင်းများက အထက်မြန်မာပြည်သို့ မိုးသည်းထန်မှုများစေပါသည်။