Marlarmyaing for All. Let's grow together !

Chief Administration အရာရှိ အနေနဲ့တာဝန်ယူထားတဲ့ ဒေါ် မေသက်နွယ်၏အတွေ့အကြုံ စကားသံများ

မာလာမြိုင် Group ကို ဦးဆောင်နေကြတဲ့ လူတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီထဲမှာမှ Chief Administration အရာရှိ အနေနဲ့တာဝန်ယူထားတဲ့ ဒေါ် မေသက်နွယ်နဲ့သူ့ရဲ့ မာလာမြိုင် Group မှာ လုပ်ဆောင်ရတဲ့ အတွေ့အကြုံ စကားသံေ လးတွေကို မျှဝေပေးပါရစေ ။

Daw May Thet Nwe
Chief Administration Officer
MarlarMyaing Group

“ဝန်ထမ်းအားလုံးကို ကိုယ့်မိသားစုကဲ့သို့ ဆက်ဆံပေးတဲ့ မာလာမြိုင်ကုမ္ပဏီလီမိတက်မှာ (၁၆)နှစ်တိုင် ရှိနေခွင့်ရတဲ့အတွက် အလွန်ဝမ်းသာပါတယ်၊ ဒီကာလတွေမှာ ခေါင်းဆောင်ခေါ်ဆောင်ရာဆီသို့ ကျွန်မတို့ အားလုံးရဲ့ညီညွတ်မှုတွေနဲ့အတူ အောင်မြင်မှုတွေရရှိခဲ့တာကလည်း အမှတ်တရတွေပါ။

စိန်ခေါ်မှုတွေကို CEO ရဲ့ဆန်းသစ်တဲ့အတွေးအခေါ်များနဲ့အတူ ဖြေရှင်းနိုင်ခဲ့ပြီး ၊၂၀၁၆ မှာ ISO 9001-2008 ရရှိခဲ့မှု ကတော့ ကျွန်မအတွက် တကယ့်ဂုဏ်ယူစရာပါ။ ဒီရက်ပိုင်း ကျွန်မစဉ်းစားမိတဲ့ စကားလုံးကတော့ ကျွန်ုပ်တို့ ဘာမှမသိရှိခြင်းကို ကျွန်ုပ်တို့ တွေ သိရှိခြင်း ဟာ အောင်မြင်ခြင်းလမ်းစပါဘဲ။ ကျွန်မတို့ သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်။

ကျွန်မ အသက်ရဲ့ သက်တမ်းတစ်ဝက်ရှိတဲ့အလုပ်အတွေ့အကြုံများနဲ့ ခေတ်မှီတဲ့အတွေးအခေါ် လူငယ် ပညာရှင်များနဲ့အတူ ပုလဲရတု မှ ရွှေရတု ကာလအထိဆက်လျှောက်ချင်ပါတယ်။ ”