Marlarmyaing for All. Let's grow together !

ဖေဖော်ဝါရီလအတွက် စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်များ

– ကျေးလက်နေလူငယ်များ ဗီဇနှင့် ပတ်ဝင်းကျင်အရ ကာယစွမ်းရည်ပြည့်ဝကြံ့ခိုင်ပြီး ဖြစ်ကြသည်။ ဘွဲ့ရများဖြစ်အောင် ကြိုးစားနိုင်ကြလျှင် ဉာဏစွမ်းရည်ပါ တိုးတက်ပိုင်ဆိုင်လာကြမည်။ ဘဝတွက်တာ ကာယရော ဉာဏပါနှစ်ဖြာကြိုးကုတ်အားထုတ်တတ်မှသာ အသိပညာ မချို့တဲ့သောတကယ့်ပညာတတ်များဖြစ်ကြမည်။

လယ်ယာဥယျာဉ်လုပ်ငန်းစဉ်
နှံစားသီးနှံ – မိုးစပါးမှ ရိုးပြတ်များအား ပိုးမွှားရောဂါမကျခဲ့လျှင် မီးလုံးဝမရှို့ပါနှင့်။ အီးအိမ်၊ အိုင်အမ် ဇီဝဖျော်ရည်များ ပက်ဖျန်းကာ ထယ်ထိုး မြေမြှုထားပါ။ အလားတူ အခြားသီးနှံပင်ကြွင်းများကိုလည်းဆောင်ရွက်ထားပါ။နွေစပါးတွင်ရွက်လိပ်ရွက်ကပ်၊ ကျောက်ဆူး၊ကြက်သွန်မြိတ်၊ဆစ်ပိုးနှင့် နီမတုတ်ရော်ဂါများကျရောက်တတ်သည်။အမ်-ဖိတ်၊ ပေ့စ်ဆေးများဖြင့်ကြိုတင်ပက်ဖျန်းကာကွယ်ထားပါ။ဂုတ်ကျိုး၊ရွက်ဖုံးပုတ်၊ရွတ်ညိုပြောက်ရောဂါများကျရောက်တတ်သည်။အမ်-မီသိုမော့ဘူဆန်ဆေးများဖြင့် ကြိုတင်ပက်ဖျန်းကာကွယ်ထားပါ။နွေစပါးများ ပင်ပွားအားကောင်းရန် ရေသွင်းရေခန်းစနစ်ကျင့်သုံးပါ။ဒေါင်းမြီးပျံ၊ခွေးမြီးပုတ်မြက်များမှ ကာကွယ်ရန် အမ်-ပေါင်း နှင့် မြက်မပေါက်မီ ပက်ဖျန်းအုပ်ကာပေးပါ။
ပဲမျိုးစုံ – ငမြှောင်တောင်၊ပွင့်ထွေးပိုး၊ သီးတောင့်ထိုးပိုးများ ကျရောက်တတ်သည်။အမ်-ကလိုဆိုက်ပါဆေးဖြင့် ပက်ဖျန်းနှိမ်နင်းပါ။ ငမြှောင်တောင်ကို လက်ဖြင့် ကောက်ယူခြင်း၊နေဝင်ချိန်ကြိုးတန်းရိုက်ခြင်းဖြင့် သက်သာစေနိုင်သည်။ဖားဥမှို၊သံချေး၊ရွက်ခြောက်၊ မှည့်ပြောက်စွန်းရောဂါများဝင်ရောက်နိုင်သည်။အမ်-ဟက်ဇာ၊ဒီကိုနေးဆေးများဖြင့် ပက်ဖျန်းနှိမ်နင်းပါ။စိုက်ခင်းကိုတပတ်နှစ်ကြိမ်ကွင်းဆင်းစစ်ဆေးပါ။ပိုးမွှားရောဂါဖြစ်စတွင်တွေ့ရပါက ဆေးအသုံးပြုမှုကိုလျှော့ချနိုင်ပြီးပင်ပန်းမှုသက်သာကာသီးနှံထွက်ကို မထိခိုက်စေပါ။ မိတ်ဆွေပိုးများကိုလည်း ကာကွယ်ပြီး ဖြစ်သည်။
ဥယျာဉ်ခြံသီးနှံ – သရက်၊ပိန္နဲ၊ကျွဲကော၊ ဒူးရင်း၊နဂါးမောက်၊လိမ္မော်၊ သစ်သီးပင်များ အရောင်လှ၊ အရည်ရွှမ်းရန်ခူးကာနီး တပတ်အလို အပြာရောင်အိတ်စွပ်ပေးပါ။အစေ့ထိုးကျိုင်း၊အသားထိုးပိုးမှ ကာကွယ်ရန် အဝါရောင် အိတ်စွပ်ပေးပါ။ သီးထိုးယင်အားကာကွယ်ရန် မီသိုင်းယူဂျီနောဖြင့် ထောင်ချောက်ဆင်၍ အဖိုများဖမ်းဆီးရှင်းလင်းပါ။