Marlarmyaing for All. Let's grow together !

မော့(စ်)တော့ဇ် ၅ % ဂျီ

သီးနှံ ဖျက်ပိုး နှုန်းထား

(ကီလိုဂရမ် / ဧက)

မှတ်ချက်
စပါး အလှစိုက်ခင်းပျိုးခင်း ခရု / ပက်ကျိ ၁၀ ညနေ နေကျချိန် (သို့) ညအချိန်တွင် ရေသွင်းပြီး ၄.၅  – ၆ ဂရမ်ကို ၃ မီတာပတ်လည်တိုင်းတွင် မြေမျက်နှာပြင်ပေါ်သို့ ချပေးပါ။
အသီးများ အပင်ပတ်လည်တိုင်းတွင် ၁၀ ဂရမ်ချပေးပါ။
 စပါး

ခရု

၂.၄၃ (၁) မီတာပတ်လည်တွင် အရွယ်ရောက်ပြီးသော ခရုအကောင်ရေအများဆုံး (၈) ကောင်နှင့် အထက်တွေ့ရှိပါက သုံးဆွဲရန် နှုန်းထားဖြစ်သည်။
၁.၈၂ (၁) မီတာပတ်လည်တွင် အရွယ်ရောက်ပြီးသောခရုအကောင်ရေအများဆုံး (၈) ကောင် အောက်တွေ့ရှိပါက သုံးဆွဲရန် နှုန်းထားဖြစ်သည်။

ဆေးဖျန်းပြီး ၁၂ နာရီကြာမှသာ ကွင်းထဲသို့  ပြန်ဝင်ရပါမည်။

အသုံးပြုနည်း

ခရုများစွာ ကျရောက်နေပါက

  • စိုက်ခင်းထဲတွင် မျိုးစေ့မစိုက်မီ ၅ ရက်အလိုတွင် ရေကို ၅ စင်တီမီတာအနက်ခန့် ၂၄ နာရီလုံးရေသွင်းထားပါ။
  • မျိုးစေံမကျဲမီ ၄ ရက်အလို ညနေပိုင်း နေကျခါနီးတွင် ဆေးခဲများကို အကွက်ထဲသို့ကျဲပက်ပေးပါ။
  • ဆေးကျဲပက်ပြီးသောအခါ ရေကို ၃ ရက်ခန့်သွင်းထားပြီးမှသာ စပါးစေ့ကို ပက်ကျဲရပါမည်။

ခရုအနည်းငယ်သာ ကျရောက်နေပါက

  • စိုက်ခင်းထဲတွင် မျိုးစေ့မစိုက်မီ ၅ရက်အလိုတွင် ရေကို ၅ စင်တီမီတာ အနက်ခန့် ၂၄ နာရီလုံးရေသွင်းထားပါ။

မျိုးစေ့များမစိုက်မီ ၄ရက်အလိုတွင် ရေအနည်းငယ်သာထားပြီး ကျန်သောရေများကို စိုက်ခင်းထဲမှ ထုတ်လိုက်ပါ။

မျိုးစေ့မစိုက်မီ ၃ရက်အလိုတွင် ရေထဲသို့ ဆေးခဲများကို ညနေ နေကျခါနီးတွင် ကျဲပေးပါ။ ဆေးကျဲပက်ပြီးသောအခါ ရေကို သုံးရက်ခန့် သွင်းထားပြီးမှ စပါးစေ့ကို ကျဲပက်ရပါမည်။