Marlarmyaing for All. Let's grow together !

၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွက် မာလာမြိုင်ရဲ့ စကားလက်ဆောင်

– ပညာခေတ်တွင် ကျေးလက် လူငယ်များ ဉာဏ်ပညာတိုးပွားကာ ဘိုးဘွားအမွေ လယ်ယာ မြေ ကို ဆင့်ကမ်းဆပွား တိုးတက်အောင် ကြံဆကြိုးစားရင်း ကုန်ထုတ်စွမ်းအားမှာ ဝင့်ကြွားနိုင်ကြပါစေ ။

*** လယ်ယာဥယျာဉ် လုပ်ငန်းစဉ် ***

” နှံစားသီးနှံ”

– မိုးထွက်စပါး ၊ ဂျုံပြောင်း ၊ မျိုးစေ့နှင့် စားဆံများ လှောင်ထား သည့် နေရာအစိုဓာတ် နှင့် အပူချိန် စစ်ဆေးပါ။ အထက်အောက်လှန်ပေးပါ။ ပိုးမွှာသန့်ရန် ဆဲလ်ဖေါစ် အဆိပ်ငွေ့ဆေးအသုံးပြုပါ။
– ဆောင်းစိုက်ဂျုံ ၊ ပြောင်းသီးနှံခင်းများ ၊ ငမြောင်တောင် ၊ ပင်စည်ဖောက် ၊ ဖူးထိုးပိုး ၊ ရွက်စားကျိုင်းများ ကျရောက်တက်သည်။ အမ်-ဒိုင်မီပင်လုံးပြန့်ဆေးဖြင့် ကြိုတင်ကာကွယ်ပက်ဖြန်းထားပါ။
– နွေစပါးများ ပင်ပွားအားကောင်းရန် ရေသွင်းရေခန်းစနစ်ကျင့်သုံးပါ။ ဒေါင်းမြီပျံ ၊ ခွေးမြီးပုတ်မြက်များမှ ကာကွယ်ရန် အမ်-ပေါင်းနှင့် မြက်မပေါက်မီ ပက်ဖြန်းကာ အုပ်ပေးပါ။

” ပဲမျိုးစုံ ”

– မတ်ပဲ ၊ ပဲတီစိမ်းတို့တွင် ယင်ဖြူများ တစ်နှစ်ထက် တစ်နှစ်အကျများလာကြောင်း သတိပြုပါ။ ပင်စည်ထိုးယင်များလည်း ရံဖန်ရံခါ တွေ့ရတက်ပါသည်။ အမ်-မီဒါဖြင့် ကြိုတင်ပက်ဖြန်း ကာကွယ်နိုင်ပါတယ်။ အများစုပေါင်း၍ တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက်ပါ။ ပင်ပိုင်းကြီးထွားချိန်ဖြစ်၍ အရွက် ၊ အကိုင်း ၊ ပင်စည်ကြီးထွား ပြန့်ကားရန် ဟိုက်ပါဂရိုး ( ၃၀:၁၀:၁၀) ကို ပန်းမပွင့်မီ အနည်းဆုံး (၃) ကြိမ် ပက်ဖြန်းပါ။ ဘွန်းဖလားဝါးရွက်ဖြန်းကို အပင်သက်တမ်းတစ်လျှောက် ဖြည့်စွက် သုံးစွဲပါ ။

” ဥယျာဉ်ခြံသီးနှံ ”

ပွင့်သီးချိန်ထွားဆဲ သရက် ၊ ဒူးရင်း ၊ ပိန္ဒဲ ၊ ထောပတ် ၊ လိမ္မော် ၊ ကြက်မောက် သီးနှံများ နေရွက်လှေပိုတက် နှင့် တီစူပါ မြေသြဇာ မြေခံတွင် ဖြည့်သွင်းပေးပါ။