Marlarmyaing for All. Let's grow together !

သြဂုတ်လအတွက် စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်များ

လယ်ယာဥယျာဉ်လုပ်ငန်းစဉ်
=====================

နှံစားသီးနှံ
—————-
– ပြောင်း၊ ဂျုံ၊ နှံစားပြောင်းတို့ ပင်ပိုင်းကြီးပွားဆဲ ကာလဖြစ်ပါသည်။ အရွက်ထွက်နှင့် အပင်တက်နှေးကွေးပါက
ဟိုက်ပါဂရိုး၊ ဟိုက်ပါဘလွန်း၊ ဘွန်းဖလားဝါး ရွက်ဖြန်းများ အားဖြည့်ပေးပါ။ မိုးရွာသော ဒေသတွင် နေရွက်လှေကွန်ပလက်၊ ယူရီးယားနှင့် ပိုတက်ဓာတ်မြေဩဇာများ မြေခံအဖြစ်ဖြည့်သွင်းပေးပါ။
– မိုးစပါးကို ရေသွင်းရေထုတ်ခြင်း၊ ရေပါးပါးသာ ထားခြင်းဖြင့် အပင်ပွားစည်းအား ကောင်းစေမည်။ အမ်ပေါင်းရှင်း၊ ရမ်ပူတော့တို့ဖြင့် ပေါင်းရှင်းပေးပြီး အထောက်အကူပြုပါ။
– ရွက်လိပ်ရွက်ကပ်၊ ပိုးလောင်မီး၊ ကြက်သွန်မြိတ်၊ ငမြှောင်တောင်၊ ဆစ်ပိုးနှင့် ပင်စည်ပုတ်၊ ဂုတ်ကျိုး၊ ရွက်ညိုခြောက်၊ ရွက်ဖုံးခြောက်ရောဂါများ ကင်းထောက်စစ်ဆေးပါ။ အမ်ဖိတ်၊ အမ်-မီသိုမော့ဆေးများဖြင့် ကြိုတင်ပက်ဖျန်းကာကွယ်ထားပါ။

ဆီထွက်သီးနှံ
—————-
– မုံညင်း၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ မြေပဲများကို သက်တမ်းတစ်လမကျော်မီ ပေါင်းနှိမ်ထားပါ။ အမ်ပရိုဒ်၊ ကွီဇာလိုဖော့ဆေးများ အသုံးပြုနိုင်ပါသည်။

ဥယျာဉ်ခြံသီးနှံ
——————-
– နဂါးမောက်၊ မာလကာ၊ ကျွဲကော၊ သံပုရာ အသီးထုတ်ဆဲများကို နေရွက်လှေကွန်ပေါင်းတီစူပါ၊ ပိုတက်၊ မဂ္ဂနီဆီယမ်ဆာလ်ဖိတ် ဓာတ်မြေဩဇာများကို သဘာဝမြေသြဇာများနှင့် ၁:၃ ရောစပ်ပြီး အချိန်ကိုက် အချိုးကျကျွေးပါ။ သီးထွက်ကို လေ့လာ၍ လိုအပ်ပါက ဟိုက်ပါဘလွန်း၊ ဟိုက်ပါပီကေ၊ ဟိုက်ပါစထရောင်း ရွက်ဖျန်းဆေးများဖြင့် အားဖြည့်ပေးပါ။ အသီးစောလိုပါက သိုင်အိုယူရီးယား၊ ဟိုင်းအန်ကေ၊ နောက်ကျလိုပါက ဘလက်ဂျိတ် ပက်ဖျန်းပါ။ အပင်သန်လွန်းလျှင် ပက်ကလိုဗျူထရာဇောဖြင့် ပက်ဖျန်းထိန်းချုပ်ပြီး အသီးအားပေးပါ။

သဘာဝဘေးကာကွယ်ရေး
———————————–
– ဒေသတွင်း ရေကြီးနိုင်ဖွယ်သတင်းများ ရရှိပါက ကုန်းမြင့်ရေလွတ်များတွင် အရံပျိုးများ ထောင်ထားပါ။ ဘင်္ဂလားပင်လယ်အော်မုန်တိုင်းများက အောက်မြန်မာပြည်၊ တောင်တရုတ်ပင်လယ်နှင့် တိဘက်လေပွေလှိုင်းများက အထက်မြန်မာပြည်သို့ မိုးသည်းထန်မှုများစေပါသည်။

မာလာမြိုင် Wild West Musical and Dinner အစီအစဉ်

မာလာမြိုင်မှ နိုဗိုတယ် ဟိုတယ်ခန်းမတွင်ကျင်းပမည့် Wild West Musical and Dance အစီအစဉ်ကို ယနေ့ညနေ ၆ နာရီအချိန်တွင် မာလာမြိုင်စာမျက်နှာမှတစ်ဆင့် Live ထုတ်လွှင့်ပေးသွားပါမည်။

မင်းမော်ကွန်း၊ ထွန်းထွန်းနှင့် ကျော်ကျော်ဘိုတို့ပါဝင် သရုပ်ဆောင်ထားသော ဇာတ်ကွက်များအပြင် အင်ပါရာတီဝိုင်းမှ ဇော်ဝင်းထွဋ်၊ သျှီ တို့၏ သီဆိုဖျော်ဖြေမှုများလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဇူလိုင်လအတွက် စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်များ

စကားလက်ဆောင်
————————–
နည်းပညာကို ခလုတ်ထိမှ အမိတသလို တနေ၍မရ။ မိမိ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် ငွေကြေးပစ္စည်း အရင်းအနှီးကို ကြိုတင်ရှာဖွေသိမ်းဆည်း စုဆောင်းရသကဲ့သို့ နည်းပညာကိုလည်း သိုမှီးရာ၏။

လယ်ယာဥယျာဉ်လုပ်ငန်းစဉ်
————————————-

— နှံစားသီးနှံ —
ရာသီမှီ စပါးသက်တမ်း(၅)လရရှိရန် ယခုကာလတွင်မှ စတင်မျိုးချပါ။ တမန်းမျက်နှာပြင်ကို ညီညာအောင်ညှိပါ။ ရေလှောင်မြက်သတ်ခြင်း၊ တမန်းအပုတ်ခံခြင်းကို အချိန်ရသလောက်ပြုလုပ်ပါ။ မိုးကျသည်နှင့်မျိုးချသည့်ဓလေ့ကို ပြုပြင်ပါ။ ကောက်စိုက်စက်ကို ရနိုင်သမျှ အသုံးပြုပါ။ အပင်ပေါက်စမ်းပြီးမှ မျိုးကြဲပါ။ အထက်မြန်မာပြည် နွေစပါးစက်ဖြင့် ရိတ်သိမ်းပြီး အမိုးအကာအောက် အမြန်ပို့ပါ။

— ဆီထွက်သီးနှံ —
မုံညှင်း၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ မြေပဲ၊ ယာသီးနှံခင်းများ ခြောက်တောင်ခြားတစ်မြောင်းချန် (သို့မဟုတ်) ပေါင်ကြီးတင်စနစ်ဖြင့် ရေသွင်းရေထုတ် မြောင်းများဖော်ထားပါ။ မျိးစေ့များကို ဖူဂျီဝမ်းဖြင့် လူးနယ်သန့်စင်ပါ။ မြေကြီးကို အမ်ကာဘိုဖြည့်သွင်းပြီး ပိုးသန့်ပါ။ နေရွက်လှေကွန်ပလက်၊ ယူရီးယား၊ တီစူပါ၊ ပိုတက် ဓါတ်မြေသြဇာများကို ပြာ၊ နုံး၊ ထုံး၊ ဆိတ်ချေးဆွေး၊ ကြက်ချေးဆွေးတို့နှင့် ရောစပ်ကာဖြည့်သွင်းပေးပါ။ နှစ်စဉ်နှစ်သီးအထက် စိုက်ပျိုးမြေနှင့်မြစ်ချောင်းရေ မလွှမ်းသောမြေများ အထူးဖြည့်သွင်းပါ။

— ဥယျာဉ်ခြံသီးနှံ —
သရက်၊ သီဟို၊ ပိန္နဲ၊ ဒူးရင်း၊ မင်းကွတ်၊ ကြက်မောက်၊ ထောပတ်ဦ လိမ္မော် တစ်နှစ်တစ်သီးအပင်ကြီးများ အသီးကုန်ချိန်က ကိုင်းဖြတ်ထားလျှင် တစ်နေရာ(၃)ကိုင်းသာချန်လျှက် ကိုင်းမွေးမြူပါ။ မွေးကိုင်းများသန်စွမ်းကြီးထွားနိုင်ရန် ဟိုက်ပါဂရိုးနှင့် အမ်ဂျီအေတို့ဖြင့် ရွက်ဖြန်းပေးပါ။ လက်ဖက်၊ ကော်ဖီ၊ ကိုကိုး၊ မက်ကာဒေးမီးယား၊ ပန်းသီး၊ သစ်တော် တောင်စောင်း ဆင်ခြေလျှော ဥယျာဉ်ခြံမြေများ ကွန်တိုလိုင်းအလိုက် ရေလွှဲမြောင်း ရေဖမ်းကျင်း ရေဆင်းမြောင်းများ ဖော်ထုတ်ပြုပြင်ပါ။ ရေဆင်းနေရာများ သစ်မြစ်စုံ ကျောက်တုံးများချပြီး ရေစီးနှေးအောင် ဟန့်တားပေးပါ။

— သဘာဝဘေးကာကွယ်ရေး —
မိုးလေဝသ သတင်းများ အမြဲနားစွင့်မှတ်သားလေ့လာပါ။ မုန်တိုင်းဖြစ်ပေါ်ပါက လေထန်မိုးကြီးနိုင်ပါသည်။ စိုက်ပျိုးချိန်များ ချိန်ညှိဆောင်ရွက်ပါ။

စိုက်ပျိုးရေး နည်းပညာဆွေးနွေးပွဲ နှင့် အထူးဈေးရောင်းပွဲ (ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့)

မာလာမြိုင် ကုမ္ဗဏီလီမိတက်ရဲ့ စိုက်ပျိုးရေး နည်းပညာဆွေးနွေးပွဲ နှင့် အထူးဈေးရောင်းပွဲကို
နိုဝင်ဘာလ ၁၀ ရက်နေ့ ( ကြာသပတေးနေ့) ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့ တွင် ပြုလုပ်ကျင်းပခဲ့ပါတယ်။

 

14963283_682762098548988_2558961642270117632_n 15056344_682762108548987_5041598275080560185_n 15032255_682762105215654_8597825546528397405_n

ပဲခူးတိုင်းဒေသကြီးတွင်မာလာမြိုင် စိုက်ပျိုးရေးသုံး ပစ္စည်း အရောင်းစင်တာဖွင့်လှစ်ခြင်း

မာလာမြိုင် စိုက်ပျိုးရေးသုံး ပစ္စည်း အရောင်းစင်တာ ပဲခူုး ဖွင့်ပွဲ အခမ်းအနားကို ယနေ့ (၇.၁၀.၂၀၁၆ ) ရက်နေ့၊ သောကြာနေ့မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ မာလာမြိုင် ပဲခူး အရောင်းစင်တာကို အမှတ် (၁၀၄)၊ သနပ္ပင်လမ်း၊ ဟင်္သာကုန်းရပ်ကွက်၊ ပဲခူးမြို့ မှာ ဖွင့်လိုက်ပြီ ဖြစ်ပါတယ် ။

“အောက်တိုဘာလ အတွက် မာလာမြိုင်ရဲ့ စိုက်ပျိုုးရေး အကြံပြုချက် “

(၁) ရေကြီးရေလျှံမှုကြောင့် ထုတစ်ပေအထက် သဲနုံးနှင့် နုံးဖုံးသေများ မူလရေဆင်းရေဝင်ရေထွက်ပေါက်များအား ပြန်လည်ဖွင့်လှစ်သန့်ရှင်းပါ။ မြေထန့်ပြီဆိုလျှင် မြေပြုပြင်ခြင်း၊ စူးထိုးစနစ်ကျင့်သုံးခြင်းဖြင့် အရွက်နှင့်ပင်ကြွင်းများသော သီးနှံများဖြစ်သည့် နေကြာ၊ ပြောင်း ၊ ပဲမျိုးစုံ၊ ခရမ်း ၊ ငရုတ် ၊ ရုံးပတီစသည့် သီးနှံများစိုက်ပျိုးပါ။ အပင်ခြေတစ်ဝိုက် စက်ဖွဲပြာ၊ ကြက်ချေး ၊ နွားချေးဆွေး၊ ရွာထွက်အမှိုက်ဆွေးများကို ထုံးမှုန် ့၊ ကျောက်မှုန့်ကွန်ပေါင်းမြေသြဇာများဖြင့် ရောစပ်မြေဆွဖြည့်တင်းပေးပါ။ အပင်(၁၀)ရက်သားမှစ၍ (၃၅)ရက်သားအထိ အပင်ကြီးမြန်ရွက်ဖြန်းနှင့် နောက်ပိုင်းအပွင့်အသီးအားပေးမည့် ရွက်ဖြန်းမြေသြဇာများ၊ ဇီဝစူပါ ၊အီးအမ်အိုင် အမ်၊ ချိတိုဇင်များ ၁ ပတ်မှ ၁၀ရက်ခြားတစ်ခါ ပက်ဖြန်းပေးပါ။ ဖုံးလွှမ်းသောမြေများတွင် အပင်အတွက် အဓိကအာဟာရများ ၊ သြဂင်းနစ်နှင့် အနုဇီဝပိုးများ မပါရှိသည်ကိုသတိပြုဖြည့်တင်းပါ။ သို့သော် အနည်းလို အာဟာရများပါဝင်လာသဖြင့် စိုက်ပျိုးမြေကို ပိုမိုအကျိုးရှိစေပါတယ်။

(၂) ထုတစ်ပေအောက်ဖုံးလွှမ်းခံရပြီး စပါးသီးနှံစိုက်ပျိုးထားသောလယ်မြေများ၊ ရေသွင်းရေထုတ်မကြာမကြာလုပ်ပြီး တမန်းနှိုးပေးပါ။ ရွက်လိပ်၊ ရွက်ခေါက် ၊ ပိုးလောင်းမီး ၊ ကြက်သွန်မြိတ်နှင့်ဆစ်ပိုး နီမတုတ်နှင့်မှိုရောဂါများ ကင်းထောက်ကာကွယ်နှိမ်နင်းပါ။ ယူရီးယားနှင့် တိရိစ္ဆာန်ချေးဆွေး ၁း၃ ရောစပ်နှပ်ပြီးပက်ကြဲပေးပါ။

(၃) အရွက်အကိုင်းအားအလွန်ကောင်းနေသော ဥယျာဉ်ခြံသစ်သီးပင်များအား အရွက်အကိုင်းငယ်များ ၊ ၂၀% မှ ၃၀% ချွေချပစ်ပါ။ ပင်အိုသရက်များ ပင်စည်ကိုဓားထစ်ပေးပါ။ ပင်စည်ပတ်လည် ဓားရာမဆက်မိအောင်သတိပြုပါ။

(၄) စပါးသီးနှံတွင် ကစီရည် ၈၀% ပြည့်ပြီးသော အသက်ရက်မှီစပါးမျိုးများအား ရင့်မှည့်မှုညီညာရန်နှင့် ရိတ်သိမ်းရလွယ်ကူရန် ရေပြောင်လွှတ်ပါ။ နှံစုတ်ပိုး ၊ နှံဖြတ်ပိုး ၊ မှိုရောဂါ ၊ ဘက်တီးရီးယားရောဂါများ ၊ ကင်းထောက်စစ်ဆေး၍ ကာကွယ်နှိမ်နင်းပါ။

(၅) မိုးသီးနှံပဲ ၊ ပြောင်း ၊ နေကြာ ၊ ဂျုံ ၊ နှမ်းရိတ်သိမ်းပြီးပါက အဖျင်း ၊ အမှော်နှင့် အစိုဓါတ်သန့်ရှင်းကုန်စင်အောင် ဆောင်ရွက်ပါ။ ဝါသီးနှံများအပွင့်အားကောင်းရန် အပွင့်အသီးအားပေးသည့် ရွက်ဖြန်းမြေသြဇာများ ပက်ဖြန်းဖြည့်တင်းပါ။ ကြံသီးနှံပင်များ အပင်ရှည်ထွက်ရန် ဂျီအေဂိုး ၊ ဟော်မုန်းပက်ဖြန်းအသုံးပြုပါ။ မြေခံအဖြစ် ကွန်ပေါင်း ၊ တီစူပါ ၊ ပိုတက် ၊ မဂ¾နီဆီယမ်ဆာလ်ဖိတ် ဓါတ်မြေသြဇာများဖြည့်တင်းပေးပါ။

Chief Operating အရာရှိ အနေနဲ့တာဝန်ယူထားတဲ့ ဦးအုန်းသိန်း ရဲ့ စကားသံများ

မျှတမှု နှင့်ပွင့်လင်းမြင်သာမှုကိုအရေးပေးပြီးတာဝန်ခံနိုင်သောစီးပွါးရေးကို အာမခံသည့်ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ရှိတဲ့ မာလာမြိုင်

မူဝါဒချမှတ်ခြင်း။ လုပ်ငန်းစဉ်ရေးဆွဲခြင်း။ ဆုံးဖြတ်ချက် ချခြင်းများကို စုပေါင်းပါဝင်ဆွေးနွေး ဆုံးဖြတ်စေတဲ့ ဒီမိုကရေစီဆန်သောခေါင်းဆောင်မှုရှိတဲ့ မာလာမြိုင်

စွမ်းရည်ပြည့်ဝခြင်း။တာဝန်သိစိတ်တာဝန်ယူစိတ်ရှိခြင်း။စည်းလုံးခြင်း။ စုပေါင်းဆောင်ရွက်ကြသည့်ဝန်ထမ်းများရှိသည့် မာလာမြိုင်

ကောင်းမွန်သော အုပ်ချုပ်မှု စနစ်ဖြင့်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသော အဖွဲ့အစည်း ဖြစ်တဲ့ အတွက် ကျနော့်အနေနဲ့ ဈေးကွက်ဖြန့်ဖြူးရေး အမှုဆောင်အရာရှိ (Chief Operating Officer) တာဝန်ထမ်းဆောင် ရသည်ကိုများစွာဂုဏ်ယူမိပါတယ်။

ပြီးပြည့်စုံစွာ စိတ်ချမ်းသာစေမှာ မာလာမြိုင်ပါ

အတွေးမှန် ၊ အပြောမှန် အလုပ်မှန်မှ ဆန္ဒ နှင့် ဘဝတထပ်တည်းကျမည်။ အမှန်တရားကိုလက္ခံကျင့်သုံးနိုင်ပါစေ။

မာလာမြိုင် ကုမ္ပဏီဝါကျွတ် ဂါဝရပြု ကန်တော့ပွဲ

မာလာမြိုင်ကုမ္ပဏီမိတက် ရဲ့ ဝါကျွတ် ဂါဝရပြု ကန်တော့ပွဲကို ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ ၊ ဗုဒ္ဓဟူးနေ့ နံနက်(၈)နာရီတွင် ရန်ကုန်မြို့ကျွန်းတောလမ်းရှိ အရောင်းစင်တာမှာပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို ရန်ကုန်မြို့ရှိ မာလာမြိုင် ဝန်ထမ်းများမှ စုပေါင်းပြုလုပ်ခဲ့တာ ဖြစ်ပြီး မာလာမြိုင် ကုမ္ဗဏီလီမိတက်မှ သက်ကြီးဝန်ထမ်းများနှင့် ပူဇော်ထိုက်သူများကို ပူဇော်ကန်တော့ခဲ့ကြပါတယ်။

စိုက်ခင်း၊ စပါးခင်းတွေထဲက ခရုနှိမ်နင်းနည်း

အခုတလော မိုးတွင်းဆိုတော့ ခရုတွေ ပေါပြီး စပါးခင်း နဲ့စိုက်ခင်းတွေကို ကိုက်ဖျက်စားသောက် ဖျက်ဆီးပြီး တော်တော် ဒုက္ခပေးနေတယ်လို့ သိရပါတယ်။ ဒါကြောင့် မာလာမြိုင်မှ ခရုနှိမ်နင်းနည်းနဲ့ပတ်သက်ပြီး မျှဝေလိုက်ပါတယ်။

ခရုတွေဟာ စိုစွတ်တဲ့ အချိန်မှာ ထွက်တက်ကြပါတယ်။ အစားစားတဲ့ အချိန်က ညနေ၅နာရီနဲ့ ညနေ ၇နာရီ ခွဲနဲ့၈နာရီကြားမှာ လာစားကြတက်ကြပါတယ်။

ပထမဆုံး လူအားနဲ့နှိမ်နင်းမယ်ဆိုရင် မြေကြီးကို စိုသွားအောင်ရေဖြန်းပေးရပါမယ်။ ခရုတွေ လာလေ့ လာထ ရှိတဲ့ နေရာမှာ ငှက်ပျောခွံ ၊ နာနတ်ခွံ သရက်ခွံ ၊ ပိန္ဒဲခွံ စတဲ့ အနံ့မွေးတဲ့ အသီးခွံတွေကို အပိုင်းအစလေးတွေ လုပ်ပြီး ချထားပေးလိုက်ပါ။ နာရီဝက် တစ်နာရီကြာရင် သူတို့လာစားပါလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ညှပ်နဲ့ဖြစ်စေ လက်နဲ့ဖြစ်စေ ကောက်ပြီး ဖမ်းလို့ရပါတယ်။

ဒုတိယ တစ်နည်းကတော့ စိုက်ခင်းပတ်ပတ်လည်ကို ဝါယာကြိုးဟောင်းတွေထဲက ကြေးဝါ ကြေးနီတွေကို ခွဲထုတ် ။ အဲ့ဒီကြိုးလေးတွေကို ကာထားမယ် ဆိုရင် သူတို့ မလာရဲတော့ပါဘူး။

နောက် တစ်ခုကတော့ ဓာတုနည်းနဲ့ကာကွယ်တာပေါ့။ မျှားစာနဲ့သုံးတာပေါ့။ မာလာမြိုင်ရဲ့စီပူတော့ ခရုပတ်ကျိသတ်ဆေး ကို ခရုရှိတဲ့ နေရာတွေမှာ ၈ပေပတ်လည်အတွင်း ဆေးကို နှစ်ပုံ သုံးပုံလောက် ပုံထားပေးလိုက်ပါ။ သူတို့ လာစားပြီးရင် သေပါတယ်။

ကြေးနီဓာတ်ပါတဲ့ ဓာတုဆေးတစ်ခုဖြစ်တဲ့ အမ်ဖိုဆိုက် ကို သုံးလို့လည်း ရပါတယ်။ ရေတစ်ဂါလံမှာ ၁၀ ဂရမ်နှုန်း ဆေးဖြန်းပုံမှာထည့်ပြီးတော့ သမအောင် ရောစပ်ပြီး ပက်ဖြန်းပေး။ ဖြန်းတဲ့ နေရာမှ ခရုတွေအပေါ်လည်း ဖြန်း ၊ ခရုသွားလမ်းမှာလည်း ဖြန်း ရပါတယ်။ ခရုများ ခိုအောင်ရာ အုပ်ပုံ ၊ အုပ်ကျိုးများအောက် ၊ အမှိုက်ပုံများအောက် ၊ အလင်းရောင်နည်းပြီး အစိုဓာတ်များသော နေရာတွေကို နှံ့နှံ့စပ်စပ် ဖြန့်ပေးလို့ရပါတယ်။

စပါးခင်းမှာ ဆိုရင်တော့ ..

စပါးစိုက်ပြီးသားဆိုရင် အမ်ဖိုဆိုက်ကို သုံးပေးလို့ရပါတယ်။ စပါးမစိုက်ရသေးဘူး စိုက်ခင်းပြင်ထားသုံးရှိသေးတယ် ဆိုရင် မော့(စ်)တော့ သုံးပါ။ ဥယျာဉ်သမားနဲ့ခြံသမားတွေဆိုရင်တော့ စီပူတော့ကို သုံးပေးရပါတယ်။

ယခု အကြံပြုချက်ကို မာလာမြိုင်ရဲ့စိုက်ပျိုးရေး နည်းပညာရှင် ဆရာဦးသန်းဝင်း မှ ကူညီဖြေကြားပေးထားပါတယ်။

Read More

Chief Administration အရာရှိ အနေနဲ့တာဝန်ယူထားတဲ့ ဒေါ် မေသက်နွယ်၏အတွေ့အကြုံ စကားသံများ

မာလာမြိုင် Group ကို ဦးဆောင်နေကြတဲ့ လူတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီထဲမှာမှ Chief Administration အရာရှိ အနေနဲ့တာဝန်ယူထားတဲ့ ဒေါ် မေသက်နွယ်နဲ့သူ့ရဲ့ မာလာမြိုင် Group မှာ လုပ်ဆောင်ရတဲ့ အတွေ့အကြုံ စကားသံေ လးတွေကို မျှဝေပေးပါရစေ ။

Daw May Thet Nwe
Chief Administration Officer
MarlarMyaing Group

“ဝန်ထမ်းအားလုံးကို ကိုယ့်မိသားစုကဲ့သို့ ဆက်ဆံပေးတဲ့ မာလာမြိုင်ကုမ္ပဏီလီမိတက်မှာ (၁၆)နှစ်တိုင် ရှိနေခွင့်ရတဲ့အတွက် အလွန်ဝမ်းသာပါတယ်၊ ဒီကာလတွေမှာ ခေါင်းဆောင်ခေါ်ဆောင်ရာဆီသို့ ကျွန်မတို့ အားလုံးရဲ့ညီညွတ်မှုတွေနဲ့အတူ အောင်မြင်မှုတွေရရှိခဲ့တာကလည်း အမှတ်တရတွေပါ။

စိန်ခေါ်မှုတွေကို CEO ရဲ့ဆန်းသစ်တဲ့အတွေးအခေါ်များနဲ့အတူ ဖြေရှင်းနိုင်ခဲ့ပြီး ၊၂၀၁၆ မှာ ISO 9001-2008 ရရှိခဲ့မှု ကတော့ ကျွန်မအတွက် တကယ့်ဂုဏ်ယူစရာပါ။ ဒီရက်ပိုင်း ကျွန်မစဉ်းစားမိတဲ့ စကားလုံးကတော့ ကျွန်ုပ်တို့ ဘာမှမသိရှိခြင်းကို ကျွန်ုပ်တို့ တွေ သိရှိခြင်း ဟာ အောင်မြင်ခြင်းလမ်းစပါဘဲ။ ကျွန်မတို့ သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်။

ကျွန်မ အသက်ရဲ့ သက်တမ်းတစ်ဝက်ရှိတဲ့အလုပ်အတွေ့အကြုံများနဲ့ ခေတ်မှီတဲ့အတွေးအခေါ် လူငယ် ပညာရှင်များနဲ့အတူ ပုလဲရတု မှ ရွှေရတု ကာလအထိဆက်လျှောက်ချင်ပါတယ်။ ”