Marlarmyaing for All. Let's grow together !

ဖေဖော်ဝါရီလအတွက် စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်များ

– ကျေးလက်နေလူငယ်များ ဗီဇနှင့် ပတ်ဝင်းကျင်အရ ကာယစွမ်းရည်ပြည့်ဝကြံ့ခိုင်ပြီး ဖြစ်ကြသည်။ ဘွဲ့ရများဖြစ်အောင် ကြိုးစားနိုင်ကြလျှင် ဉာဏစွမ်းရည်ပါ တိုးတက်ပိုင်ဆိုင်လာကြမည်။ ဘဝတွက်တာ ကာယရော ဉာဏပါနှစ်ဖြာကြိုးကုတ်အားထုတ်တတ်မှသာ အသိပညာ မချို့တဲ့သောတကယ့်ပညာတတ်များဖြစ်ကြမည်။

လယ်ယာဥယျာဉ်လုပ်ငန်းစဉ်
နှံစားသီးနှံ – မိုးစပါးမှ ရိုးပြတ်များအား ပိုးမွှားရောဂါမကျခဲ့လျှင် မီးလုံးဝမရှို့ပါနှင့်။ အီးအိမ်၊ အိုင်အမ် ဇီဝဖျော်ရည်များ ပက်ဖျန်းကာ ထယ်ထိုး မြေမြှုထားပါ။ အလားတူ အခြားသီးနှံပင်ကြွင်းများကိုလည်းဆောင်ရွက်ထားပါ။နွေစပါးတွင်ရွက်လိပ်ရွက်ကပ်၊ ကျောက်ဆူး၊ကြက်သွန်မြိတ်၊ဆစ်ပိုးနှင့် နီမတုတ်ရော်ဂါများကျရောက်တတ်သည်။အမ်-ဖိတ်၊ ပေ့စ်ဆေးများဖြင့်ကြိုတင်ပက်ဖျန်းကာကွယ်ထားပါ။ဂုတ်ကျိုး၊ရွက်ဖုံးပုတ်၊ရွတ်ညိုပြောက်ရောဂါများကျရောက်တတ်သည်။အမ်-မီသိုမော့ဘူဆန်ဆေးများဖြင့် ကြိုတင်ပက်ဖျန်းကာကွယ်ထားပါ။နွေစပါးများ ပင်ပွားအားကောင်းရန် ရေသွင်းရေခန်းစနစ်ကျင့်သုံးပါ။ဒေါင်းမြီးပျံ၊ခွေးမြီးပုတ်မြက်များမှ ကာကွယ်ရန် အမ်-ပေါင်း နှင့် မြက်မပေါက်မီ ပက်ဖျန်းအုပ်ကာပေးပါ။
ပဲမျိုးစုံ – ငမြှောင်တောင်၊ပွင့်ထွေးပိုး၊ သီးတောင့်ထိုးပိုးများ ကျရောက်တတ်သည်။အမ်-ကလိုဆိုက်ပါဆေးဖြင့် ပက်ဖျန်းနှိမ်နင်းပါ။ ငမြှောင်တောင်ကို လက်ဖြင့် ကောက်ယူခြင်း၊နေဝင်ချိန်ကြိုးတန်းရိုက်ခြင်းဖြင့် သက်သာစေနိုင်သည်။ဖားဥမှို၊သံချေး၊ရွက်ခြောက်၊ မှည့်ပြောက်စွန်းရောဂါများဝင်ရောက်နိုင်သည်။အမ်-ဟက်ဇာ၊ဒီကိုနေးဆေးများဖြင့် ပက်ဖျန်းနှိမ်နင်းပါ။စိုက်ခင်းကိုတပတ်နှစ်ကြိမ်ကွင်းဆင်းစစ်ဆေးပါ။ပိုးမွှားရောဂါဖြစ်စတွင်တွေ့ရပါက ဆေးအသုံးပြုမှုကိုလျှော့ချနိုင်ပြီးပင်ပန်းမှုသက်သာကာသီးနှံထွက်ကို မထိခိုက်စေပါ။ မိတ်ဆွေပိုးများကိုလည်း ကာကွယ်ပြီး ဖြစ်သည်။
ဥယျာဉ်ခြံသီးနှံ – သရက်၊ပိန္နဲ၊ကျွဲကော၊ ဒူးရင်း၊နဂါးမောက်၊လိမ္မော်၊ သစ်သီးပင်များ အရောင်လှ၊ အရည်ရွှမ်းရန်ခူးကာနီး တပတ်အလို အပြာရောင်အိတ်စွပ်ပေးပါ။အစေ့ထိုးကျိုင်း၊အသားထိုးပိုးမှ ကာကွယ်ရန် အဝါရောင် အိတ်စွပ်ပေးပါ။ သီးထိုးယင်အားကာကွယ်ရန် မီသိုင်းယူဂျီနောဖြင့် ထောင်ချောက်ဆင်၍ အဖိုများဖမ်းဆီးရှင်းလင်းပါ။

Boom Flower ရွက်ဖြန်း မြေသြဇာအရည် မိတ်ဆက်ပွဲ

မာလာမြိုင်ကုမ္မဏီလီမိတက် ၏ ကုန်ပစ္စည်းသစ် ဖြစ်တဲ့ Boom Flower ရွက်ဖြန်း မြေသြဇာ အရည် မိတ်ဆက်ပွဲကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ , Summit Park View Hotel တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

 

၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွက် မာလာမြိုင်ရဲ့ စကားလက်ဆောင်

– ပညာခေတ်တွင် ကျေးလက် လူငယ်များ ဉာဏ်ပညာတိုးပွားကာ ဘိုးဘွားအမွေ လယ်ယာ မြေ ကို ဆင့်ကမ်းဆပွား တိုးတက်အောင် ကြံဆကြိုးစားရင်း ကုန်ထုတ်စွမ်းအားမှာ ဝင့်ကြွားနိုင်ကြပါစေ ။

*** လယ်ယာဥယျာဉ် လုပ်ငန်းစဉ် ***

” နှံစားသီးနှံ”

– မိုးထွက်စပါး ၊ ဂျုံပြောင်း ၊ မျိုးစေ့နှင့် စားဆံများ လှောင်ထား သည့် နေရာအစိုဓာတ် နှင့် အပူချိန် စစ်ဆေးပါ။ အထက်အောက်လှန်ပေးပါ။ ပိုးမွှာသန့်ရန် ဆဲလ်ဖေါစ် အဆိပ်ငွေ့ဆေးအသုံးပြုပါ။
– ဆောင်းစိုက်ဂျုံ ၊ ပြောင်းသီးနှံခင်းများ ၊ ငမြောင်တောင် ၊ ပင်စည်ဖောက် ၊ ဖူးထိုးပိုး ၊ ရွက်စားကျိုင်းများ ကျရောက်တက်သည်။ အမ်-ဒိုင်မီပင်လုံးပြန့်ဆေးဖြင့် ကြိုတင်ကာကွယ်ပက်ဖြန်းထားပါ။
– နွေစပါးများ ပင်ပွားအားကောင်းရန် ရေသွင်းရေခန်းစနစ်ကျင့်သုံးပါ။ ဒေါင်းမြီပျံ ၊ ခွေးမြီးပုတ်မြက်များမှ ကာကွယ်ရန် အမ်-ပေါင်းနှင့် မြက်မပေါက်မီ ပက်ဖြန်းကာ အုပ်ပေးပါ။

” ပဲမျိုးစုံ ”

– မတ်ပဲ ၊ ပဲတီစိမ်းတို့တွင် ယင်ဖြူများ တစ်နှစ်ထက် တစ်နှစ်အကျများလာကြောင်း သတိပြုပါ။ ပင်စည်ထိုးယင်များလည်း ရံဖန်ရံခါ တွေ့ရတက်ပါသည်။ အမ်-မီဒါဖြင့် ကြိုတင်ပက်ဖြန်း ကာကွယ်နိုင်ပါတယ်။ အများစုပေါင်း၍ တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက်ပါ။ ပင်ပိုင်းကြီးထွားချိန်ဖြစ်၍ အရွက် ၊ အကိုင်း ၊ ပင်စည်ကြီးထွား ပြန့်ကားရန် ဟိုက်ပါဂရိုး ( ၃၀:၁၀:၁၀) ကို ပန်းမပွင့်မီ အနည်းဆုံး (၃) ကြိမ် ပက်ဖြန်းပါ။ ဘွန်းဖလားဝါးရွက်ဖြန်းကို အပင်သက်တမ်းတစ်လျှောက် ဖြည့်စွက် သုံးစွဲပါ ။

” ဥယျာဉ်ခြံသီးနှံ ”

ပွင့်သီးချိန်ထွားဆဲ သရက် ၊ ဒူးရင်း ၊ ပိန္ဒဲ ၊ ထောပတ် ၊ လိမ္မော် ၊ ကြက်မောက် သီးနှံများ နေရွက်လှေပိုတက် နှင့် တီစူပါ မြေသြဇာ မြေခံတွင် ဖြည့်သွင်းပေးပါ။

တောင်သူပညာပေးဆွေးနွေးပွဲ (မလှိုင်မြို့နယ်၊ ကျောင်းစုကျေးရွာ)

၁၁.၁၂.၂၀၁၆ ခုနှစ် ( တနင်္ဂနွေ ) နေ့၊ မလှိုင်မြို့နယ်၊ ကျောင်းစုကျေးရွာ
ဘုန်းကြီးကျောင်းတွင်ပြုလုပ်ခဲ့သော တောင်သူပညာပေးဆွေးနွေးပွဲကို တောင်သူဦးရေ ၁၇၀ မှ တက်ရောက်ပါဝင်ခဲ့ကြပါတယ်။ တက်ရောက်ခဲ့တဲ့ တောင်သူစိုက်ခင်းရှင် အားလုံးကို မာလာမြိုင် ကုမ္ဗဏီလီမိတက် မှ အထူးပဲကျေးဇူးတင်ရှိပါတယ်။

 

15380856_700162923475572_3101060044860646011_n

” ဒီဇင်ဘာလ အတွက် မာလာမြိုင်ရဲ့ စိုက်ပျိုးရေး နည်းလမ်း အကြံပြုချက် “

(၁) သက်လတ်နှင့် သက်ကြီးစပါးများကိုရိတ်သိမ်းရန်(၂)ပတ်အလိုတွင် ရေပြောင်လွှတ်ပါ။ ရိတ်သိမ်းပြီး ကောက်လှိုင်းများကို ကန်သင်များပေါ်ကြာရှည်ပုံမထားပါနှင့်။ တက်နိုင်သမျှ စက်ကိရိယာအသုံးပြု၍ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိစေကာ ကြာရှည်သိုလှောင်ပါက အစိုဓါတ် ၁၃% ထက်မများရအောင် ထိန်းသိမ်းပြုပြင်ပါ။

(၂) သရက်ပွင့်များ နှင်းခါးရိုက်ခြင်းမှ သက်သာစေရန် နံနက်(၂း၀၀) နာရီမှ (၆း၀၀) နာရီအတွင်း မီးခိုးမှိုင်းအပြည့်တိုက်ပါ။ ကန့်နှင့်ထုံးပါသော ဆေးများပက်ဖြန်းထားပါ။ အပွင့်ကြွေမှုသက်သာစေရန် လစ်တိုဇင်ကိုသုံးစွဲပါ။ ကျွဲကော၊ သံပုရာ ၊ မာလကာ ၊ သဘောၤနှင့် နှစ်ရှည်သီးပင်များနှစ်ပတ်တစ်ကြိ်မ် ရေအပြည့်အဝလောင်းပါ။ အမြစ်ဇုန်တစ်ဝိုက် မြေကိုမကြာခဏ ဆွပေးပါ။

(၃) ပဲတီစိမ်း၊ မတ်ပဲသီးနှံများ၊ ပင်စည်ထိုးပိုး၊ ပွင့်ထွေးပိုး ၊ ပင်ဖြတ်ပိုးနှင့်ခါးရိရောဂါ၊ အမြစ်ပုတ်ရောဂါ ၊ ရွက်ပြောက်ရောဂါများ ကျရောက်တတ်သည်။ ကင်းထောက်စစ်ဆေး၍ ကာကွယ်နှိမ်နင်းပါ။ နေကြာသီးနှံကို နှစ်ပတ်သားမှစ၍ အပင်ကြီးထွားရွက်ဖြန်းများ ပက်ဖြန်းပါ။ ရေ (၄) ဂါလံ၊ ယူရီးယား (၅)ကျပ်သားရောစပ်ပြီး၊ အမြစ်ဇုန်တစ်ဝိုက်လောင်းပေးပါ။ ကြက်ချေးစုချိန်မှစ၍ အပွင့်အသီးအရွက်များပက်ဖြန်းပါ။

(၄) သဖင်ပန်းများ အရွက်ချချိန်ဖြစ်ပါသည်။ ပန်းစောစောပွင့်လိုပါက ဥစိမ်းများ ပေါ်ဟိုက်ပါပိုတက်၊ သိုင်အိုယူရီးယား၊ ဟိုက်ပါဟီးရိုးများ ပက်ဖြန်းအသုံးပြုပါ။ ပန်းပွင့်ချိန်နောက်ကျလိုပါက ဂျစ်ဘရယ်လင် ၊ ဘလက်ဂျိတ်များ ပက်ဖြန်းအသုံးပြုပါ။ ထိရောက်စွာအသုံးပြုနိုင်ရန် ပညာရှင်များနှင့် ဆွေးနွေးအကြံဉာဏ်ရယူပါ။ သစ်ခွ၊ ပိန်းပန်းများတွင် အုန်းဆ၊ ဖန်းခက်ခြောက်များ အပြည့်အဝ အလဲလှယ်ဖြည့်သွင်းပါ။ အပွင့်အသီးရွက်ဖြန်းမြေသြဇာ တစ်ပတ်နှစ်ကြိမ်သုံးစွဲပါ။ ဒန်ဒရိုနှင့်ကတ်တလီယာမျိုးများ တစ်နေ့တစ်ကြိမ် ၊ ဗင်ဒါမျိုးများ တစ်နေ့(၂)ကြိမ် ရေမှုန်ရေမွှားဖြန်းပေးပါ။

(၅) နှင်းဆီပင်များတွင် မန်ကျည်းရွက်ဆွေးနှင့် မြင်းချေးဆွေးများ အထူးပြုသုံးစွဲပါ။ ပင်ကိုင်းနှင့်ပွင့်ကိုင်းရရှိရန် စနစ်တကျကိုင်းဖြတ်ကိုင်းကူးပါ။ အိုးစိုက်ပန်းပင်များ (၂)နှစ်တစ်ကြိမ် မြေခံလဲလှယ်ပေးပါ။ အိုးကြီးနှင့်လဲလှယ်ပေးပါ။ ပင်ကပ် အနွယ်အိုးစိုက်သစ်ခွများတွင် ၄လက်မ အချင်းအိုးထက်မကြီးရ။ (၇) ပင်ထက်မပိုစေရ။ ပင်ပွားများလာပါက အိုးခွဲပေးပါ။

15355806_696680607157137_7110278937802218248_n

” ဆောင်းနှမ်း နှင့် ရေသွင်းနှမ်း စိုက်ပျိုးရေး အတွက် အကြံပြုချက် “

နှမ်းသီးနှံသည် မြန်မာ့ဆီထွက် သီးနှံ စိုက်ဧက ၏ ၄၉% စိုက်ပျိုးလျက်ရှိပြီး ဒုတိယအများဆုံး သီးနှံလည်း ဖြစ်ပါတယ်။ ဆီထွက်ရှိမှုတွင် ၅၀% မှ ၇၀% ထိရှိသည့် အတွက် ဆီထွက် အများဆုံး သီးနှံလည်း ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံ၏ စားသုံးဆီလိုအပ်မှု ကို ဖြည့်ဆည်းပေးရန် အလားအလာ အကောင်းဆုံး သီးနှံ ဖြစ်ပါသည်။

” ဖြစ်ထွန်းရန် လိုအပ်သော ပြင်ပဂေဟ အခြေအနေများ ”

(က) မြေအမျိုးအစား – နုံးမြေ ၊ သဲနုံးမြေ ၊ မြေနီသဲဝန် ၊ နုံးစနယ်မြေ စသည့် မြေသြဇာ ထက်သန်သော မြေဖြစ်ရပါမယ်။

(ခ) မြေချဉ် ၊ ငံကိန်း – PH ၅.၈ မှ ၇ ( အနည်းငယ်အငံဖက်ကို ပိုကြိုက်သည်။)
(ဂ) မိုးရေချိန် – သီးနှံ ရာသီအတွင်း ၂၀” ပြန့်နှံရွာသွန်းရမည် ။ သို့မဟုတ် ၂ ကုဗပေ ရေပေးသွင်းပေးရမည်။ အစိုဓာတ် မပြတ်စေရပါ။ သို့သော် ရေဝပ်ရေလွှမ်းမှု မရှိစေရပါ။
(ဃ) အပူချိန် – ၂၀* C ( ၆၄*F) မှ ၂၅* C (၈၀*F ) အပူကြိုက် သီးနှံဖြစ်သည် ။ ၂၀* အောက်တွင် အပင် ဖြစ်ထွန်းမှု ပွင့်သီးမှုကို ထိခိုက်လာပါမည်။

” စိုက်ပျိုးနိုင်သော ကာလများ ”

(က) မိုးကြို – ဖေဖော်ဝါရီလ – မတ်လ ( တပို့တွဲ -တပေါင်း )
( ရေသွင်းနှမ်း ) အောက်မြန်မာပြည်တွင် မိုးလေလွတ်ရန် နှမ်းလျင် မျိုးများ စိုက်သင့်သည်။ ရေသွင်းစိုက်ပျိုးရန် လိုအပ်ပါသည်။
(ခ) မိုး – မေလ -ဇွန်လ ( ကဆုန် – နယုန် )
(ဂ) ဆောင်း – စက်တင်ဘာလ မှ ဒီဇင်ဘာ ( တော်သလင်း မှ နတ်တော် )
( နွေနှမ်း ) အထက်မြန်မာပြည် အေးလွန်းသော ဒေသမှာ နှမ်းလျင်မျိုးများ မစိုက်သင့်ပါ။

 

ဟိုက်ပါ – ၅၄

သုံးစွဲရန်အညွှန်း

သီးနှံအမည် သုံးစွဲရမည့်အချိန် တစ်ဧကနှုန်းထား ရည်မှန်းချက်

လယ်ရာသီးနှံများ

စပါး ၊ ဂျုံ ၊ ပြောင်း ၊ ပဲတီစိမ်း၊

မတ်ပဲ ၊ ကုလားပဲ ၊ ပဲလွန်း ၊မြေပဲ ၊ နေကြာ

အပင်ပေါက် စုံချိန်မှ ဆွတ်ခူးရန် (၂) ပတ်အလိုအထိ

(၅၀၀) ဂရမ်မှ (၁) ကီလိုဂရမ်

(၄) ကြိမ်မှ (၈) ကြိမ်ဖျန်းရန်

–       အပင်ကြီးထွားမှုထိန်းသိမ်းရန်

–       အစေ့အဆံများပြည့်ဖြိုးအောင်မြင် ရန်

–       ရောဂါ/ပိုးမွှားဒဏ်ခံနိုင်ရန်

စက်မှုကုန်ကြမ်းများနှင့် ဥစားပင်များ

ဝါ ၊ ကြံ ၊ ရာဘာ ၊ ဆီအုန်း ၊ မုံလာ ၊ အာလူး၊မြေပဲ ၊ ကြက်သွန်ဖြူ /နီ ၊ ပီလောပီနံ ၊ ဂျင်း ၊ နနွင်း ၊ ကန်စွန်းဥ

ရွက်စစ်ရင့်ချိန်မှစ၍ အပင်သက်တမ်းတစ် လျှောက်

(၅၀၀) ဂရမ်မှ (၆) ကီလိုဂရမ်

(၆) ကြိမ်မှ (၁၂) ကြိမ်ဖျန်းရန်

–       ကုန်ကြမ်းပစ္စည်းများအထွက်တိုးရန်

–       ထွက်ကုန်များ အသုံးခံရန်

–       အနံ့အရသာကောင်းမွန်ရန်

သစ်သီးဝလံများ

သရက် ၊ သင်္ဘော၊ ပိန္နဲ ၊

ကျွဲကော ၊ ရှောက် ၊ ဒူးရင်၊သံပုရာ ၊ လိမ္မော် ၊ စပျစ်သီး၊ မာလကာ ၊ နဂါးမောက် ၊

ရွက်စစ်ရင့်ချိန်မှ ဆွတ်ခူးရန်

(၂) ပတ်အလို အထိ (သစ်သီးပင်ကြီးများအသီး

ခူးပြီးချိန်နှင့် ကိုင်းပယ်ချိန်

ကြားနားနေနိုင်သည်)

(၅၀၀) ဂရမ်မှ (၂) ကီလိုဂရမ်

(၄) ကြိမ်မှ (၈) ကြိမ်ဖျန်းရန်

–       အပင်ကြီးထွားမှု ပုံမှန်ထိမ်းသိမ်းရန်

–       အပွင့်အသီးများပြည့်ဖြိုးအောင်မြင်

–       ရန်

–       သီးနှံအရည်အသွေး တိုးတက်ရန်

ဟင်းသီးဟင်းရွက်များ

သခွား၊သခွားမွှေး ၊ဖရဲ ၊ ပန်းဂေါ်ဖီ ၊ ဘရိုကိုလီ ၊ ခရမ်း ၊ ခရမ်းချဉ် ၊ ငရုတ် ၊

ရုံးပတီ ၊ ဘူး ၊ ဖရုံ ၊ မုံလာ ၊

မုံညှင်း ၊ ကိုက်လန် ၊ ဆလတ်၊ ကြက်ဟင်းခါး ၊ ကွမ်း

ရွက်စစ် ရင့်ချိန်မှ ဆွတ်ခူးရန် (၂) ပတ်

အလိုအထိ

(၅၀) ဂရမ်နှ (၁) ကီလိုဂရမ်

(၄)ကြိမ် မှ (၈) ကြိမ်ဖျန်းရန်

–       အပင်ကြီးထွားမှု ပုံမှန်ထိန်းသိမ်းရန်

–       အပွင့်အသီးများ အရည်အသွေး

ကောင်းမွန်ရန်

–       ရောဂါပိုးမွှား ဒဏ်ခံနိုင်ရန်

ပန်းမန်နှင့် အရိပ်ရပင်များ

ဂန္ဓမာ ၊ နှင်းဆီ ၊ သစ္စာပန်း ၊ စံပယ် ၊ သစ်ခွ ၊ ပိန်းပန်း ၊

ရွက်လှ ၊ အုန်းမွှား ၊ ကျောက်ခက် ၊ ပင်လယ်ကဗွီး ၊ ထန်း ၊ ငှက်ပျောပဒေသာ

ရွက်စစ်များရင့်ချိန်မှစ၍

အပင်သက်တမ်းတစ်

လျှောက်

(၅၀၀) ဂရမ်မှ (၆) ကီလိုဂရမ်

(၆) ကြိမ်မှ (၁၂) ကြိမ်ဖျန်းရန်

–       မျက်စိပသာဒတွင် လှပကြံ့ခိုင်နေရန်

–       သက်တမ်းကြာရှည်စွာရှင်သန်ရန်

–       ပြုပြင်ထိန်းသိမ်းမှုအကြိမ်အရေအတွက် လျှော့ချနိုင်ရန်

အမ်ပေါင်း ၃၀% အီးစီ

အောက်ပါအညွှန်းအတိုင်းသုံးစွဲပါ။

သီးနှံ ပေါင်းပင်များ နှုန်းထား

စီစီ / ဧက

 စပါး  ခွေးမြီးပုတ် ၊ မြက်သီး ၊ ဆင်ငိုမြက် ၊ ကချေသည်မြက် ၊ ဒေါင်းမြီးပျံ ၊ မြက်မုံညှင်း ၊ မြက်မုံညှင်းအဝါ ၊ မြက်မုံညှင်းအစိမ်း ၊ ဝက်လာ ၊ ရေကညွတ် ၊ မှိုနတို ၊ ကတောက်ဆတ် ၊ လယ်ပဒူ  ၄၀၀ – ၆၀၀

စပါးခင်းတွင် ပေါင်းမပေါက်မီအသုံးပြုရသော စပါးရွေးချယ်ပေါင်းသတ်ဆေး ဖြစ်ပါသည်။

ရေ(၄) ဂါလံဝင် ဆေးဖျန်းပုံး (၁) ပုံးလျှင် အမ်ပေါင်း (၁၀၀) စီစီ အသုံးပြုပါ။ ရွှေ့ပြောင်းစိုက်ပြီး

(သို့မဟုတ်) ကြဲပက်ပြီး (၁ – ၃) ရက်အတွင်းဆေးဖျန်းပါ။ စပါးခင်းတွင် ရေပြောင်းစင်အောင်

ဖောက်ထုတ်ပြီးမှ ဆေးဖျန်းပါ။ သမန်းပြင်ကို နေရာလွတ် မကျန်အောင် နှံ့နှံ့စပ်စပ် ဖျန်းပါ။

အမ်ပေါင်းဖျန်းပြီး (၃) ရက်အတွင်း ရေသွင်းရေထုတ် မပြုလုပ်ပါနှင့်။ အမ်ပေါင်းဖျန်းပြီး (၃) ရက်ကြာလျှင် ရေသွင်းပေးပါက ပိုမိုထိရောက်စေနိုင်ပါသည်။ ဆေးဖျန်းပြီး (၄) နာရီအတွင်းမိုးရွာလျှင် ထပ်မံဆေးဖျန်းရန် လိုအပ်ပါသည်။ ဆေးဖျန်းထားသော စပါးခင်းကို ရေမပြတ်အောင် ထားနိုင်ပါက ပေါင်းမပေါက်တော့ပါ။ ဆေးဖျော်စပ်ရာတွင် ရေကြည်ရေသန့်ကိုသာအသုံးပြုပါ။

မော့(စ်)တော့ဇ် ၅ % ဂျီ

သီးနှံ ဖျက်ပိုး နှုန်းထား

(ကီလိုဂရမ် / ဧက)

မှတ်ချက်
စပါး အလှစိုက်ခင်းပျိုးခင်း ခရု / ပက်ကျိ ၁၀ ညနေ နေကျချိန် (သို့) ညအချိန်တွင် ရေသွင်းပြီး ၄.၅  – ၆ ဂရမ်ကို ၃ မီတာပတ်လည်တိုင်းတွင် မြေမျက်နှာပြင်ပေါ်သို့ ချပေးပါ။
အသီးများ အပင်ပတ်လည်တိုင်းတွင် ၁၀ ဂရမ်ချပေးပါ။
 စပါး

ခရု

၂.၄၃ (၁) မီတာပတ်လည်တွင် အရွယ်ရောက်ပြီးသော ခရုအကောင်ရေအများဆုံး (၈) ကောင်နှင့် အထက်တွေ့ရှိပါက သုံးဆွဲရန် နှုန်းထားဖြစ်သည်။
၁.၈၂ (၁) မီတာပတ်လည်တွင် အရွယ်ရောက်ပြီးသောခရုအကောင်ရေအများဆုံး (၈) ကောင် အောက်တွေ့ရှိပါက သုံးဆွဲရန် နှုန်းထားဖြစ်သည်။

ဆေးဖျန်းပြီး ၁၂ နာရီကြာမှသာ ကွင်းထဲသို့  ပြန်ဝင်ရပါမည်။

အသုံးပြုနည်း

ခရုများစွာ ကျရောက်နေပါက

  • စိုက်ခင်းထဲတွင် မျိုးစေ့မစိုက်မီ ၅ ရက်အလိုတွင် ရေကို ၅ စင်တီမီတာအနက်ခန့် ၂၄ နာရီလုံးရေသွင်းထားပါ။
  • မျိုးစေံမကျဲမီ ၄ ရက်အလို ညနေပိုင်း နေကျခါနီးတွင် ဆေးခဲများကို အကွက်ထဲသို့ကျဲပက်ပေးပါ။
  • ဆေးကျဲပက်ပြီးသောအခါ ရေကို ၃ ရက်ခန့်သွင်းထားပြီးမှသာ စပါးစေ့ကို ပက်ကျဲရပါမည်။

ခရုအနည်းငယ်သာ ကျရောက်နေပါက

  • စိုက်ခင်းထဲတွင် မျိုးစေ့မစိုက်မီ ၅ရက်အလိုတွင် ရေကို ၅ စင်တီမီတာ အနက်ခန့် ၂၄ နာရီလုံးရေသွင်းထားပါ။

မျိုးစေ့များမစိုက်မီ ၄ရက်အလိုတွင် ရေအနည်းငယ်သာထားပြီး ကျန်သောရေများကို စိုက်ခင်းထဲမှ ထုတ်လိုက်ပါ။

မျိုးစေ့မစိုက်မီ ၃ရက်အလိုတွင် ရေထဲသို့ ဆေးခဲများကို ညနေ နေကျခါနီးတွင် ကျဲပေးပါ။ ဆေးကျဲပက်ပြီးသောအခါ ရေကို သုံးရက်ခန့် သွင်းထားပြီးမှ စပါးစေ့ကို ကျဲပက်ရပါမည်။