Marlarmyaing for All. Let's grow together !

Boom Flower (Foliar)

Boom Flower ဘွန်းဖလားဝါး ရွက်ဖြန်းမြေဩဇာ မျိုးဆက်သစ်သည် နိုက်ထရိုဂျင်ဘင်ဇင်းမှ ထုတ်ယူထားသော ၂.၂ % နိုက်ထရိုဂျင်အရိုမာ အမျိုးအစား ဖြစ်ပါသည်။

ဘွန်းဖလားဝါးသည် အပင်များအလွယ်တကူ စားသုံးနိုင်သော ပုံစံမျိုး ဖြစ်သည့်အပြင် နိုက်ထရိုဂျင်ဘင်ဇင်း ဖျော်စပ်မှုကြောင့် အများအပြားမှာ ကြီးထွားနှုန်း ထိန်းညှိပေးခြင်း၊ မြစ်စဉ်အင်အား ဖွံ့ဖြိုးမှု ကောင်းခြင်း၊ အမြစ်ကြီးထွား ဖွံ့ဖြိုးမှုနှင့် ပင်ပိုင်းကြီးထွားမှုအချိုးစသော အားသာ ချက်များ ရရှိနိုင်ပါသည်။

အပွင့်ပွင့်မှု အားပေးရုံ သာမက အစေ့အဆန်တည်မှု အားကောင်း၍ ထွက်နှုန်း မြင့်မား စေပါသည်။ ပွင့်ဖူးထွက်မှု လျော့နည်း စေခြင်း၊ အပွင့်အသီး ကြွေကျခြင်းတို့ လျော့နည်းစေပါသည်။

အကျိုးကျေးဇူးများ

– ဘွန်းဖလားဝါးသည် အပင်အတွင်း လျှင်မြန်စွာ စုပ်ယူနိုင်စွမ်းရှိပါသည်။ (မြေဆီလွှာအတွင်းရှိ အာဟာရဓါတ်များ အပင်အတွင်း (ဇီဝဓါတုလမ်းကြောင်းဖြင့်) စုပ်ယူနိုင်စွမ်းအား မြှင့်တင် ပေးပါသည်။)
– အာဟာရဓါတ်သုံးစွဲမှုအား မြှင့်ပေးသဖြင့် ပင်ပိုင်းကြီးထွားမှုဖြင့် မြင့်မားစေပါသည်။
– အပွင့်ပွင့်မှုအား မြှင့်တင်ပေးပြီး ပန်းခိုင်၊ အသီးများ ခိုင်မြဲမှု မြင့်မားစေပါသည်။
– Organoleptic စွမ်းအားမြှင့်ပေးသည့်အတွက် အရည်အသွေးမြင့်မားစေပါသည်။ အထွက်နှုန်းမြင့်မားစေပါသည်။

သုံးစွဲရန်အညွှန်း

– အပင်ကြီးနှင့် နွယ်ပင်များ၊ ရွက်ကြွေပင်များတွင် ဆေးနှုန်းထား တစ်ဧကလျှင် ၄၀၀-၈၀၀ စီစီကို စိုက်ပျိုးရာသီ ပုံမှန်ဖြန်းပေးပါ။ ပန်းမပွင့်မီရက် (သို့) ပွင့်ဖူးထွက်ချိန်မတိုင်မီ ၃-၄ ကြိမ်ကို ၇-၁၄ ရက်ခြား အစိတ်ပိုင်းအားလုံးပေါ် ဖြန့်ဖြူးစွာ ပက်ဖျန်းပါ။
– အာလူးတွင် ဆေးနှုန်းထား တစ်ဧကလျှင် ၄၀၀-၈၀၀ စီစီ အရွက်(၆)ရွက်ထွက်ချိန် ပက်ဖျန်းပါ။ ပထမဆုံး ပက်ဖျန်းချိန်မှာ အာလူးဥဖြစ်စအချိန်နှင့် ကိုက်ညီပါစေ။ တစ်ရာသီ ၃-၄ကြိမ် မှ ၁၄-၂၁ ရက်ကြား ပက်ပါ။
– စားသုံးသီးပင်များ ၊ ရှောက် သံပုရာမျိုးနွယ်၊ သရက်၊ ထောပတ်သီးတို့တွင် ဆေးနှုန်းထား ၄၀၀-၈၀၀ စီစီကို ပန်းမပွင့်မီ ရက်၃၀တွင် ပက်ဖြန်းပါ။ တစ်ရာသီ (၄)ကြိမ် ညီညာပြန့်ပြူးစွာ (၂၀-၃၀ ရက်ခြား) ပက်ဖျန်းပါ။
– စပါးတွင်တစ်ဧက ဆေးနှုန်းထား ၄၀၀ စီစီကို စိုက်ပြီး ရက် ၃၀ မှ စတင်ပြီး ရက်(၂၀-၃၀ ရက်ခြား) ပက်ဖျန်းပါ။
– ပဲတီစိမ်း၊ မတ်ပဲ တွင် တစ်ဧက ဆေးနှုန်းထား ၂၀၀ စီစီကို စိုက်ပြီး (၂၀)ရက်၊ (၃၅)ရက်နှင့် (၅၅)ရက် တို့တွင် ပက်ဖျန်းပါ။
– မြေပဲတွင် တစ်ဧကလျှင် ဆေးနှုန်းထား ၄၀၀ စီစီကို (၂၀)လီတာဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် ဆေး (၂၀၀)စီစီနှုန်း ရောဖျော်၍ အပင် (၁၀)ရက်သားမှ စတင်ပြီး (၂၀)ရက်ခြား တစ်ကြိမ် ပက်ဖျန်းပါ။
– အခြားသီးနှံများ(ခရမ်းချဉ်၊ ကြက်သွန်၊ ငရုတ်)စသည့် ဟင်းသီးဟင်းရွက်များတွင် တစ်ဧကလျှင် ဆေးနှုန်းထား ၂၀၀-၄၀၀ စီစီကို စိုက်ပြီး၂၁ရက်မှ စတင်၍ ၇-၁၄ ရက်ခြား ပွင့်ဖူးထွက်ချိန်ထိ ၄-၅ကြိမ် ပက်ဖျန်းပါ။
– အခြားသီးနှံများ (ဖရဲ၊ သခွား၊ ဘူး၊ ဖရုံ) တွင် တစ်ဧက ဆေးနှုန်းထား ၂၀၀-၄၀၀ စီစီကို ပန်းမပွင့်မီ ရက် (၃၀)မှ စတင်ပက်ဖျန်းပါ။ ပုံမှန်အရွက် (၃)ရွက်ထွက်ချိန်မှစ ဖျန်းပါ။ တစ်ရာသီအတွင်း ၃-၄ ကြိမ်။

မှတ်ချက် ။ ။
တစ်ဧက ရေဖျန်းနှုန်းမှာ အပင်သက်တမ်းပေါ် မူတည်သည်။ ပက်ဖျန်းစဉ် ညီညာစွာ ပြန့်ပြူးစွာ ပက်ဖျန်းပါ။
စပါး = ရေ ၁ လီတာတွင် ဆေး ၃စီစီ ရောစပ်ပက်ဖျန်းပါ။
အခြားသီးနှံများ = ရေ ၁ လီတာတွင် ဆေး ၂ စီစီ ရောစပ်ပက်ဖျန်းပါ။
ရေ (၁)ဂါလံလျှင် ဆေး (၁၀-၁၅)စီစီ ပက်ဖျန်းပါ။