သုံးစွဲရန်အညွှန်း 

ဆေးဖျော်ရန် ပေါင်းပင်ပါးပါက ရေဂါလံ (၂၀/ဧက) ၊ ပေါင်းပင်ထူထပ်ပါက ရေဂါလံ (၄၀/ဧက) နှုန်းအသုံးပြုရမည်ဖြစ်ပါသည်။ ရေတစ်ဂါလံလျှင် ဆေး (၄၀-၅၀ စီစီ) ရောစပ်သုံးစွဲနိုင်ပါသည်။

အသုံးပြုနိုင်သော စိုက်ခင်းများ ဆေးဖျော်နှုန်း ပေါင်းမျိုးများ
ကြံ ၂၀၀ စီစီ ရေ(၄) ဂါလံပုံး ဗျိုင်းခြေမြက် ၊ မြက်ဆုပ် ၊ မြက်နယား လူးသိမ် ၊ လူးငယ် ၊ ကိုဒို ၊ မြက်သီးဆန် ၊ ဝါးရုံမြက် ၊ လက်သဲခွမြက် ၊ ဆင်ငိုမြက် ၊ လေးခွမြက် ၊ ကုလားဆပ် ၊ မြက်ယား ၊ ကရင်မပန်းဖူး ၊ ပုစွန်စာကြီး ၊ မြက်ယားငယ် ၊ခွေးသေးပန်း

ပေါင်းသတ်ဆေးအာနိသင်

Post emergenine herbicide (ကြံပင်ပေါက်ပြီးသုံးရန်)

Selective herbicide (ရွေးချယ်ပေါင်းသတ်ဆေး)

Effective on both leaves & Soil (အရွက်ဖျန်းနှင့် မြေပေါ်ဖျန်း (၂) မျိုး)

Made of action – translocated   Herbicide (ပင်လုံးပျံ့ပေါင်းသတ်ဆေး)

ပေါင်းပင်ပေါက်ပြီးမှ နှိမ်နင်းခြင်း။ 

ကြံပင်ကို ထိခိုက်မှုမရှိစေခြင်း ၊ ပေါင်းပင်ကိုသာ သေစေခြင်း။

လက်ရှိပေါင်းပင်နှင့် မြေထဲရှိ ပေါင်းစေ့များထပ်မံ ပေါက်ပွားမှုကိုပါ နှိမ်နင်းနိုင်ခြင်း။  

ဆေးရည်သည်တစ်ပင်လုံးသို့ (အမြစ်ပိုင်းထိ) ပျံ့နှံ့လွယ်၍ ထိရောက်စွာ အသုံးပြုနှိမ်နင်းနိုင်ခြင်း။