Marlarmyaing for All. Let's grow together !

အေမီဂရိုး အမိုင်နိုအက်စစ် ရွက်ဖျန်းဆေး

                CMIGROWTM          ဇီဝမြေသြဇာအရည်သည်  အပင်နှင့်တိရစ္ဆာန်တို့၏  အမိုင်နိုအက်စစ်ကို  စိမ်ရည်ဖောက်ပြီး  အဆင့်ဆင့်ထုတ်လုပ်ထားသော  ဇီဝမြေသြ ဇာဖြစ်ပါသည်။

                 ၎င်းတွင် အပင်ကြီးထွားစေရန်  မရှိမဖြစ် လိုအပ်သော  အမိုင်နိုအက်စစ် ၊ ဗိုက်တာမင် ၊ အော်ဂဲနစ်အက်စစ် ၊ နူကလစ်  အက်စစ်နှင့် ဆက်ခရိုက်များ (ဥပမာ-ကလူးကို့) အပြင် ပိုတက် ၊ မဂ္ဂနီစီယမ် ၊ ကန့်ဓာတ် ၊ မင်းဂနီ(စ်) ၊ သွပ်ဓာတ် ၊ ဘိုရွန်နှင့်  မိုလစ်ဒီနမ် တို့ပါဝင်သဖြင့်  အပင်၊ အသီး၊ အရွက် ၊ အပွင့်များကို လျှင်မြန်စွာ ကြီးထွားစေပြီး  အထူးအထွက်တိုးစေပါသည်။

        CMIGROWTM ဇီဝမြေသြဇာအရည်ကို  သုံးစွဲခြင်းအားဖြင့်  အသီးအနှံနှင့်   ဟင်းသီးဟင်းရွက်တို့၏  အရည်အသွေး  ကောင်းမွန်ခြင်း၊ သီးနှံများ သယ်ယူပို့ဆောင်ဒဏ် ခံနိုင်ခြင်း ၊  ကြာရှည် သိုလှောင်ထားနိုင်ခြင်း ၊  ရောဂါဒဏ်ခံနိုင်ခြင်းစသည့် ကောင်းကျိုးများ ရရှိစေနိုင်ပါသည်။

အသုံးပြုရန်အညွှန်း

သီးနှံအမည် ရေ၁ဂါလံတွင်

ရောစပ်ရမည့် ပမာဏ

သုံးစွဲပုံ
မုံညင်း၊ မုံလာ၊ ကိုက်လံ ၊ ဆလပ် ၊  ကြက်သွန်မြိတ်၊ ကန်စွန်း ၊ မုံညင်းဖူး ၊ ဂေါ်ဖီထုပ် ၊ မုံလာဥ ၊ တရုတ်မုံလာထုပ် ၊ ဘရိုကိုလီပန်းဂေါ်ဖီ။

                ၁၂-စီစီ

ပြောင်းရွှေ့စိုက်ပြီး (၁၀-၁၄)ရက်အကြာတွင် ဖျန်းရန်။ မခူးဆွတ်မီ (၇)ရက်အကြာတွင် ဖျန်းရန်။
သခွား၊ ငရုတ် ၊ ဗူး ၊ ခရမ်း ၊ ရုံးပတီ ၊ ခရမ်းချဉ် ၊ ပဲမျိုးစုံ၊ကြက်ဟင်းခါး ၊ ရှောက်သံပုရာ၊ ဖရုံ ၊ ပဲတောင့်ရှည်။               ၁၂-စီစီ ပြောင်းရွှေ့စိုက်ပြီး (၇)ရက်အကြာတွင် ဖျန်းပြီး နောက်ထပ် တစ်ပတ်တစ်ကြိမ် အပင်အား စိုရွှဲအောင် ဖျန်းပါ။
ဖရဲသီး၊ သခွားမွှေး၊ သရက်၊ သင်္ဘော၊ နာနတ်၊ မာလကာ၊ ရှောက်၊ လိမ္မော်၊ ပန်းသီး၊ကြက်မောက်၊ သစ်တော်သီးနှင့်ဒူးရင်း               ၇-စီစီ ပြောင်းရွှေ့စိုက်ပြီး (၇)ရက်အကြာတွင် ဖျန်းပြီး နောက်ထပ် တစ်ပတ်တစ်ကြိမ် ဖျန်းရန်။
             ၁၂-စီစီ ပန်းပွင့်ချိန်နှင့် ခူးဆွတ်ချိန်တွင် (၂)ပတ်တစ်ကြိမ် ဖျန်းပါ။
ကွမ်း၊ ဂန္ဓမာ၊ နှင်းဆီ၊ မေမြို့၊ သစ္စာပန်း၊ သစ်ခွ အမျိုးမျိုး၊ ရွက်လှနှင့် အလှစိုက် အပင်များ။               ၇-စီစီ စိုက်ခင်းအဆင့် တစ်ပတ်တစ်ကြိမ် ဖျန်းပါ။
             ၁၂-စီစီ စိုက်ခင်းတွင် (၂)ပတ်တစ်ကြိမ်ဖျန်းရန်။
စပါး ၊ ဂျုံ ၊ ပြောင်း ၊ ဝါ ၊ ကြံ              ၁၂-စီစီ ပျိုးပင်အဆင့်၊ ပင်ပွားထွက်ချိန်နှင့် ပန်းပွင့်ချိန်တို့တွင် တစ်ကြိမ်စီ ဖျန်းရန်

 

ခရိုင်ဆမ်သီမွန် ၁၀၀ ပန်းမျိုးစုံရွက်ဖျန်းအားဆေး

             ChrysanthemumTM    ရွက်ဖျန်းမြေသြဇာရည်သည်  အပွင့်ညှပ်ပန်း  အုပ်စုနှင့်  ဂန္ဓမာပန်းအုပ်စု  စိုက်ပျိုးရေးအတွက် အထူး စီမံဖော်စပ်ထားသော  ဓာတ်မြေသြဇာအရည်ဖြစ်ပါသည်။

                နိုက်ထရိုဂျင် ၊ ဖော့(စ်)ဖောရပ် ၊ ပိုတက်ရှ်ဓာတ်များနှင့်  အနည်းလို  အာဟာရ  ဓာတ်များကို  လွယ်လင့်တကူ  ပင်လုံးပြန့်စုပ်ယူနိုင်ရန်အတွက်  အထူး စီမံဖော်စပ် ထားပါသည်။

              ရွက်ဖျန်းမြေသြဇာ ပက်ဖျန်းနေစဉ်အတွင်း  ChrysanthemumTM တွင် ပါဝင်သော  အာဟာရဓာတ်များ အနည်ထိုင်ခြင်း ၊ ဓာတ်ပြိုကွဲခြင်း လုံးဝမရှိဘဲ အပင်မှ  ရာနှုန်းပြည့် စားသုံးစေနိုင်ပါသည်။

               ထူးခြားချက် – အပင်ကြီးထွားနှုန်း လျှင်မြန်ခြင်းနှင့် သန်စွမ်းခြင်းတို့ကို  တစ်ပြိုင်နက်   အကျိုးခံစားနိုင်ပါသည်။ ပင်စည်ပေါ်ကျရောက်သော  ရောဂါပိုးမွှားများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

             ပင်စည်ရှည်၍  တုတ်ခိုင်ပြီး   ပန်းပွင့် အရောင်အသွေးလှပခြင်း၊  အရွယ်အစား တူညီခြင်းနှင့်  အရည်အသွေး ကောင်းမွန်လှပသော ပန်းပွင့်များကို ခူးဆွတ် ရရှိနိုင်ပါသည်။

          ပန်းပွင့်များကို ခူးဆွတ်ပြီးနောက် အချိန်ကြာမြင့်စွာ သိုလှောင်နိုင်ခြင်း၊    သယ်ယူပို့ဆောင်ရာတွင်   တာရှည်ထိန်းသိမ်းနိုင်သည့်အတွက်    ပြည်တွင်း၊ ပြည်ပ  ဈေးကွက်သို့  တင်ပို့ရောင်းချရာတွင်   အရည်အသွေး ပြည့်မီသော  ဈေးကွက်ဝင်သည့် ပန်းများအဖြစ်    ဧကန်မုချအကျိုးကျေးဇူးများကို ခံစားရရှိနိုင်မည် ဖြစ်ပါသည်။

            ပန်းစိုက်ပျိုးသူများသည်   မိမိ၏ပန်းများ   အရည်အသွေး မြင့်မားစေရန်နှင့်   တာရှည်သိုလှောင်ထားနိုင်ရန် အတွက်   ဤရွက်ဖျန်းမြေသြဇာအရည်များကို  အသုံးပြုခြင်းဖြင့် အရည်အသွေး ပြည့်မီသော ပန်းများကို ရရှိစေနိုင်ပါသည်။

       ဤရွက်ဖျန်းမြေသြဇာကို   ပိုးသတ်ဆေးများဖြင့်    ရောစပ်ပက်ဖျန်းမည်ဆိုပါက    ပိုးသတ်ဆေးနှင့်မရောမီ ChrysanthemumTM ရွက်ဖျန်းမြေသြဇာဆေးရည်ကို သတ်မှတ်ထားသော အချိုးနှုန်း အတိုင်း ရေဖြင့် ဦးစွာဖျော်စပ်ပြီးမှ ပိုးသတ်ဆေးရည်နှင့်ရော၍ ပက်ဖျန်းပါ။

အသုံးပြုရန်နှုန်းထား

   အပင်ကြီးထွားမှု အဆင့်ဂန္ဓမာအပင်    ရောစပ်ရန်ရေ ၁၀လီတာနှုန်းထား         ဆေးဖျန်းရန်အချိန်ကာလ
ပျိုးပင်                 ၁၅-၂၀စီစီ စိုက်ပျိုးပြီးတစ်ပတ်အကြာတွင်ဖျန်းပါ

ပန်းခင်းပန်းပွင့်ချိန်

                ၂၀-စီစီ

တစ်ပတ်နှစ်ပတ်ခြား ဖျန်းပါ။
တစ်ပင်လုံးသို့ ဆေးပြန့်လွင့်မှုညီညာရန် လိုအပ်ပါသည်။ ပိုးသတ်ဆေး
နှင့် ရောစပ် ဖျန်းနိုင်ပါသည်။ဖျော်စပ်ပြီး ဆေးရည်ကို
တစ်ကြိမ်တည်းသုံးရန် အထူးဂရုပြုပါ။

မှတ်ချက် ။     ။  အသုံးမပြုမီ  သေချာစွာလှုပ်ပါ။

ကယ်လ်ဆီဆမ် ၂၀၂၀ ရွက်ဖျန်းအားဆေး

Major Elements :                                                    Trace Elements;

Nitrogen (N) 14% W/V                                         Iron (Fe) 2000 PPM

Maganesium (MgO)3% W/V                                Zinc (Zn) 1500 PPM

Calcim (CaO) 21% W/V                                         Boron (B) 1000 PPM

Copper (Cu) 100 PPM

CALCIUMTM 2020ကို သုံးစွဲခြင်းအားဖြင့်  အပင်ကြီးထွားနှုန်းကို  တိုးတက်စေသည့်အပြင်  ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတို့တွင် ဖြစ်ပွားတတ်သော ရောဂါပြဿနာများကိုလည်း တားဆီး ကာကွယ်ပေးနိုင်ပါသည်။ ရေတစ်ဂါလံလျှင် ၉-၁၈စီစီ ရောစပ်ပြီး ပျိုးခင်းမှ ခူးဆွတ်ချိန်အထိ တစ်ပါတ်လျှင် တစ်ကြိမ် ဖျန်းရန် လိုအပ်ပါသည်။

အသီးများ ကြံ့ခိုင်တောင့်တင်းရန် သရက်၊ ဖရဲ၊ ငှက်ပျော၊ သင်္ဘော၊ သခွားမွှေး၊ မာလကာ ၊ ပန်းသီး ၊ လိမ္မော် ၊ စပျစ် ၊ ဒူးရင်းနှင့် စတော်ဘယ်ရီတို့တွင် ရေတစ်ဂါလံလျှင် (၉-၁၈)စီစီ ရောစပ်ပြီး  တစ်ပါတ်လျှင် တစ်ကြိမ်  ဖျန်းပေးရန် လိုအပ်ပါသည်။ ဂန္ဓမာ၊ ရွက်လှအမျိုးမျိုး ၊ နှင်းဆီ ၊ သစ်ခွ ၊ သစ္စာပန်း ၊ မေမြို့ပန်း ၊ ပိန်းပန်းနှင့်  အလှစိုက်ပင် အမျိုးမျိုးတို့တွင်  ရေတစ်ဂါလံလျှင် (၁၈-၂၇)စီစီ တစ်ပါတ် တစ်ကြိမ်ဖျန်းရန် လိုအပ်ပါသည်။

အသုံးပြုရန် နှုန်းထား

သီးနှံ

ရောစပ်ရန်

(ရေ၁ဂါလံ နှုန်းထား)

ရေ ၁ဂါလံတွင်

ရောစပ်ရမည့် ပမဏ

သုံးစွဲပုံ
ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ မုံညှင်း၊ ကိုက်လံ ၊ ကြက်သွန် ၊ ကွမ်း ၁၀-၂၀ စီစီ

တစ်ပတ်တစ်ကြိမ်

ဖျန်းပေးပါ

ကမ်စီယမ် ၂၀-၂၀

ရွက်ဖျန်းမြေသြဇာကို

သီးသန့် ပက်ဖျန်းပါ။

(သို့) ပိုးမွှားရောဂါ

ကာကွယ်ဆေးများဖြင့်

ရောစပ်သုံးစွဲနိုင်ပါသည်။

ကယ်ဆီယမ် ၂၀-၂၀ သည် အပင်ကြီးထွားမှုကို အထောက်အကူ ဖြစ်စေပါသည်။ အပင်များပေါ်တွင်  ဖြစ်တတ်သော အောက်ဖော်ပြပါ လက္ခဏာများကို ကုစားပေးနိုင်ပါသည်-

ရွက်စားဟင်းသီးဟင်းရွက်

ရွက်ပုပ်ခြင်း  ၊ အရွက်များ  ၊ ရိုးတုံးများအတွင်း  အညိုရောင်များ  ဖြစ်ပေါ်ခြင်းနှင့်  အရွက်အဖျားများ  ခြောက်သွေ့ခြင်း။

သီးစားဟင်းသီးဟင်းရွက်

သီးပုပ် ၊  သီးဖျားခြောက်သွေ့ခြင်းနှင့်  အသီးပုံသဏ္ဍာန် မမှန်ခြင်း။

အသီးများ

အသီးပျော့ပုပ်ခြင်းနှင့်အသီး  အက်ကွဲခြင်း ။

ငရုတ်၊ ခရမ်းသီး ၊ ရုံးပတီသီး ၊ ပဲသီးတောင့် ၊ ခရမ်းချဉ် ၊ ဂျင်း
သရက် ၊ ငှက်ပျော ၊သင်္ဘော ၊ မာလကာ ၊ ဖရဲ ၊ သခွားမွှေး၊ ကြက်မောက်သီး
ဂန္ဓမာ၊ နှင်းဆီ ၊ ပိန်းပန်း ၊ သစ်ခွနှင့် အလှစိုက် အပင်များ          ၂၀-၃၀ စီစီ ပန်းများစတင်ပွင့်ပြိးချိန်တွင်တစ်ပတ်တစ်ကြိမ်ဖျန်းပါ။

ပိုးသတ်ဆေးများဖြင့် ရော၍ ပက်ဖျန်းနိုင်သည်။

ပျိုးခင်း (ဂန္ဓာမာ ၊သစ်ခွ ၊နှင်းဆီ) အလှစိုက် အပင်များ             ၃-၅ စီစီ တစ်ပါတ်ခြား တစ်ကြိမ်ဖျန်းပေးပါ

ဟိုင်းပီကေ စပါးအထူး ရွက်ဖျန်းအားဆေး (HI-PK)

သုံးစွဲရန်အညွှန်း

(ရေတစ်ဂါလံလျှင် ၁၀-၁၅စီစီနှုန်း ဖျော်စပ်ပြီး ပက်ဖျန်းပါ။ မဖျော်စပ်မီ ဆေးပုလင်းကို သေချာစွာလှုပ်ပြီး သုံးစွဲပါ)

       သီးနှံအမည်   သုံးစွဲရမည့်အချိန်  တစ်ဧကနှုန်းထား ခြားနားချိန်
လယ်ယာသီးနှံ

စပါး၊ ပြောင်း၊ ဂျုံ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ၊ဘိုကိတ်၊ မြေပဲ၊ နှမ်းနေကြာ

ပန်းပွင့်ရန် (၂)ပတ်အလိုမှ ရင့်မှည့်ရန် (၁)ပတ်အလို အထိ (ပန်းပွင့်ချိန်မှလွဲ၍ နံနက်ပိုင်း ဖျန်းပါ)

၂.၃-လီတာ

(၂)ပတ်ခြားတစ်ကြိမ်

ဟင်းသီးဟင်းရွက်များ 

သခွား၊ သခွားမွှေး၊ ဖရဲ၊ပန်းဂေါ်ဖီ၊ ဘရိုကိုလီ၊ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်၊ပဲတောင့်ရှည်၊ ကြက်ဟင်းခါး၊ ဗူး၊ ဖရုံ

ပန်းဖူးပေါ်ရန် (၂)ပတ်အလိုမှ မခူးဆွတ်မီ (၁)ပတ်အလိုထိ (ပန်းပွင့်ချိန်မှ လွဲ၍ နံနက်ပိုင်း ဖျန်းပါ)

၂.၃-လီတာ

(၂)ပတ်ခြားတစ်ကြိမ်

ပန်းမန်ပင်များ

ဂန္ဓမာ၊ သစ္စာပန်း၊မေမြို့ပန်း၊ စံပယ်၊နှင်းဆီ၊ ဇွန်၊ ဇီဇဝါ၊ဒေလီယာ၊ သစ်ခွ၊ ပိန်းပန်း

ပန်းဖူးပေါ်ရန် (၂)ပတ်အလိုမှ မခူးဆွတ်မီ (၁)ပတ်အလိုထိ (ပန်းပွင့်ချိန်မှ လွဲ၍ နံနက်ပိုင်း ဖျန်းပါ)

၂.၃-လီတာ

(၂)ပတ်ခြားတစ်ကြိမ်
သစ်သီးဝလံ

သရက်၊ သင်္ဘော၊မာလကာ၊ ဒူးရင်း၊ ပိန္နဲ၊စပျစ်၊ ပန်းသီး၊နဂါးမောက်၊ ကျွဲကော၊လိမ္မော်၊ ရှောက်၊ သံပုရာ

ပန်းဖူးပေါ်ရန် (၂)ပတ်အလိုမှ မခူးဆွတ်မီ (၁)ပတ်အလိုထိ (ပန်းပွင့်ချိန်မှ လွဲ၍ နံနက်ပိုင်း ဖျန်းပါ)

၃.၅-လီတာ

(၁)ပတ်ခြားတစ်ကြိမ်
စက်မှုကုန်ကြမ်းများ

ကြံ၊ ဆီအုန်း၊ ကော်ဖီ၊ကိုကိုး

ပန်းဖူးပေါ်ရန် (၂)ပတ်အလိုမှ မဆွတ်ခူးမီ (၁)ပတ် အလိုထိ (ပန်းပွင့်ချိန်မှ လွဲ၍ နံနက်ပိုင်း ဖျန်းပါ)  ၂.၃-လီတာ (၁)ပတ်ခြားတစ်ကြိမ်
ဥစားပင်များ

မုံလာဥ၊ အာလူး၊ပီလောပီနံ၊ ဂျင်း၊ နနွင်း၊ကြက်သွန်ဖြူ/နီ၊ ကန်စွန်းဥ

ဥမချမီ (၂)ပတ် အလိုမှတူးဖော်ရန် (၁)ပတ်အလိုအထိ     ၂.၃-လီတာ (၂)ပတ်ခြားတစ်ကြိမ်

ဟိုင်းပီကေ သီးနှံစုံ ရွက်ဖျန်းအားဆေး

၁။         HI-PK သည် သာမန်ဓာတ်မြေသြဇာအရည်များကဲ့သို့ N:P:Kကို သမားရိုးကျ ရောစပ်ထားခြင်းမဟုတ်ဘဲ  ခေတ်မီအဆင့်မြင့်  နည်းပညာဖြင့် ဖော်စပ်ထုတ်လုပ်ထားသော ရွက်ဖျန်းမြေသြဇာအရည် ဖြစ်ပါသည်။

၂။         pH 3-9အတွင်းရှိသောရေကြည်နှင့် ရောစပ်သုံးစွဲပါ။

၃။         HI-PK ရွက်ဖျန်းမြေသြဇာအရည်ကို ပိုးသတ်ဆေး၊ မှိုသတ်ဆေးများနှင့် ရောစပ်သုံးစွဲနိုင်ပါသည်။

၄။         HI-PK ရွက်ဖျန်းမြေသြဇာအရည်ကို စနစ်တကျ  သေချာစွာဖျော်စပ်ပြီး ပက်ဖျန်းပါက  အကျိုးအာနိသင် ထူးကဲထက်မြက်ကြောင်း တွေ့ရှိနိုင်ပါသည်။

၅။          HI-PK တွင် သီးနှံပင်များအတွက် အဓိကလိုအပ်သော အာဟာရဓာတ်များနှင့်  အနည်းလိုအာဟာရ ဓာတ်များပြည့်ဝစွာ ပါဝင်ပါသည်။

၆။          HI-PK သည် အစေ့၊ အဆံ၊ အပွင့် ၊   အသီး များ၏   အရည်အသွေး ကောင်းမွန်စေပြီး ၊  အလေးချိန်နှင့် အထွက်နှုန်းကို သိသာစွာ တိုးတက်စေပါသည်။

ဟိုင်းအန်ကေ စပါးအထူး ရွက်ဖျန်းအားဆေး

သုံးစွဲရန်အညွှန်း

 သီးနှံအမည်  

သုံးစွဲရမည့်အချိန်

နှုန်းထား ခြားနားချိန်
တစ်ဧက ရေတစ်ဂါလံ ကြီးထွားမှုအဆင့်
 

(၁)အစေ့အဆံပင်များ

စပါး၊ ပြောင်း၊ ဂျုံ၊ ပဲတီစိမ်း၊ မတ်ပဲ၊ မြေပဲ၊ နှမ်း၊ နေကြာ

 

ရွက်သစ်ထွက်ချိန်မှ

ပွင့်ဖူးမစတင်မီ

၁.၅လီတာ  

၁၅-စီစီ

 

တစ်ပတ်ခြားတစ်ကြိမ်

ပျိုးခင်း
စိုက်ခင်း

(၂)အပွင့်အသီး သုံးရာသီပင်များ

ဂန္ဓမာ၊ သစ္စာပန်း၊ ဒေလီယာ၊ သခွားမွှေး၊

ပန်းဂေါ်ဖီ၊ ဘရိုကိုလီ၊ ခရမ်း၊ ခရမ်းချဉ်သီး၊

ခရမ်းချဉ်၊ ဗူး၊ ရုံးပတီ

 (၂)ပတ်သားမှ

ပွင့်ဖူးမစတင်မီ

 ၂-လီတာ  ၁၅-စီစီ  ၁၀ ရက်ခြား တစ်ကြိမ်

(၃)အပွင့်အသီး သုံးနှစ်ရှည်ပင်များ

စံပယ်၊ဇွန်၊ သစ်ခွ၊ နှင်းဆီ၊ ပိန်းပန်း၊ သင်္ဘော၊ မာလကာ၊ ပိန္နဲ၊ ရှောက်၊ သစ်တော်သီး၊ ပန်းသီး၊ သရက်၊ နဂါးမောက်

 ပျိုးခင်းနှင့်

အပင်ငယ်စဉ်

 

၁-လီတာ

 

၈-စီစီ

၁ပတ်ခြား တစ်ကြိမ်

(၄)ဟင်းရွက်ပင်များ

မုံညင်း၊ ဂေါ်ဖီထုပ်၊ မုံညင်းထုပ်၊ ကိုက်လံ၊ ဆလပ်၊ ကြက်သွန်မိတ်၊ နံနံ၊ ပင်စိမ်း

၂ ပတ်သားမှ

ဆွတ်ခူးရန်

(၁၀)ရက်အလို

 

 

၁.၅လီတာ

 

 

၁၅-စီစီ

(၄)ရက်ခြား တစ်ကြိမ် စိုက်ပြီး (၂)ပတ်

အထိ ဆေးနှုန်းလျှော့(၂)ပတ် အကျော်က ဆေးနှုန်း တိုးပါ၊

(၅)စက်မှုကုန်ကြမ်းပင်များ

ရာဘာ၊ဆီအုန်း

 ပျိုးခင်းနှင့်

အပင်ငယ်စဉ်

ဝ.၅လီတာ ၈-စီစီ ၁ ပတ်ခြားတစ်ကြိမ်

 

 

 

ဟိုင်းအန်ကေ သီးနှံစုံရွက်ဖျန်းအားဆေး

၁။ HI-NK  ရွက်ဖျန်းမြေသြဇာ အရည်သည် သာမန်ဓာတ်မြေသြဇာအရည်များကဲ့သို့ ဖျော်စပ်ထားခြင်း မဟုတ်ဘဲ အပင်မှ အလွယ်တကူ စုပ်ယူစားသုံးနိုင်ရန် အသွင်ဖြင့် ထည့်သွင်းထားခြင်းဖြစ်ပါသည်။

၂။ pH3-9  အတွင်းရှိသော  ရေကြည်နှင့် ရောစပ်သုံးစွဲပါ။

၃။ HI-NK ရွက်ဖျန်းမြေသြဇာအရည်ကို လွယ်ကူစွာ ချိန်တွယ်ရောစပ်ပြီး ပက်ဖျန်းနေစဉ်ကာလတွင်လည်း အနည်ထိုင်ခြင်း၊ ခွဲထွက်ခြင်းများမဖြစ်ပေါ်စေပါ။

၄။ HI-NK ရွက်ဖျန်းမြေသြဇာအရည်ကို ပိုးသတ်ဆေး၊ မှိုသတ်ဆေးများနှင့်ရောစပ်သုံးစွဲနိုင်ပါသည်။

၅။ HI-NK ရွက်ဖျန်းမြေသြဇာအရည်ကို စနစ်တကျ ရောစပ်ပြီး ပက်ဖျန်းပါက အကျိုးအာနိသင် ထူးကဲထက်မြက်မှုရှိကြောင်း တွေ့ရှိနိုင်ပါသည်။

၆။ HI-NK  ရွက်ဖျန်းမြေသြဇာအရည်သည်  သီးနှံပင်များ၊ အပင်ကြီးထွားမှု၊ အမြစ်အားကောင်းမှုတို့သည် သန်မာမှုတို့ကို အထူးဖြစ်ပေါ်စေပါသည်။ အပင်ငယ်စဉ်မှ စတင်သုံးစွဲသည့်အတွက်ကြောင့် အပင်သက်တမ်းတစ်လျှောက် ခံနိုင်ရည်အား ကောင်းမွန်ပြီး အပင်ကြီးထွားတုတ်ခိုင်ဖွံ့ဖြိုးကာ သီးနှံထွက်ရှိမှုကို အားကောင်းစေပါသည်။

၇။ HI-NK ရွက်ဖျန်းမြေသြဇာအရည်တွင်  သီးနှံငယ်ပင်မျိုးများအတွက်  အဓိကလိုအပ်သော  အာဟာရ အရည်များ အနည်းငယ်လိုသော အာဟာရဓာတ်များ ပြည့်ဝစွာ ပါဝင်သည်။

ဘီကိုမိုင်း ဟော်မုန်းဆေး

 Major Ingredients:

  P  –  Nitrophenol Sodium

 O  –  Nitrophenol  Sodium

  5  –  Nitroguaiacol  Sodium and other micro constituents of  growth promotion  compounds

DESCRIPTION ဖွင့်ဆိုချက်

               ဘီကိုမိုင်းအပင်ကြီးထွားဆေးဟော်မုန်းသည်     အပင်၏ဆဲလ်ဗေဒကို     အခြေခံပြီးဖော်စပ်ထားသော အားဆေးဖြစ်ပါသည်။ ဤဆေးသုံးစွဲခြင်းကြောင့် အပွင့်၊ အသီး၊  အရည်အသွေး   ပြည့်ဖြိုးတောက်ပြောင်ခြင်း၊  စောစီးစွာကြီးထွားရင့်မှည့်ခြင်းနှင့် ထွက်နှုန်းတိုးတက်ကောင်းမွန်စေသည့်အပြင် အပူပိုင်းဒေသစိုက်ပျိုးသော ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများကိုလည်း ထွက်နှုန်း တိုးစေပါသည်။

  CHARACTERISTICS – ထူးခြားမှုများ

  • ဘီကိုမိုင်း အပင်ကြီးထွားဟော်မုန်းဆေးသည် ဆဲလ်ကွဲပွားမှု အားပေးခြင်း၊ အစိမ်းရောင်ကလိုရိုဖီးလ်ကို တိုးပွားစေခြင်း၊ အသားဓာတ် Protein ပါဝင်နှုန်း မြင့်မားစေသောကြောင့် အဖူးထွက်နှုန်းနှင့် ကြီးထွားနှုန်း မြင့်မားစေခြင်း၊ ဝတ်မှုန်ကူးနှုန်းမြင့်မားစေခြင်းတို့ကြောင့်  အသီးအလေးချိန် တိုးစေပါသည်။ အပင်ကြီးထွားနှုန်း မြင့်မားစေပါသည်။
  • ဘီကိုမိုင်း အပင်ကြီးထွားဆေးဟော်မုန်းသည် လူနှင့်တိရစ္ဆာန်များအား ဘေးဥပါဒ်မဖြစ်စေနိုင်ပါ။
  • ဘီကိုမိုင်း အပင်ကြီးထွားဆေးဟော်မုန်းသည် အခြားသော အပင်အားဆေးများနှင့်  ကွာခြားမှုမှာ အပင်အား မည်သည့်အချိန်မဆို  ပက်ဖျန်း အသုံးပြုနိုင်ပါသည်။

SPECIAL  FEATURES – ထူးခြားသောလက္ခဏာများ

၁။            မျိုးစေ့များကို မစိုက်ပျိုးမီ ဘီကိုမိုင်းဟော်မုန်းဆေး စိမ်ပြီး စိုက်ပျိုးပါက အစေ့များအပင်ပေါက်နှုန်း မြင့်မားကောင်းမွန်စေခြင်း။

၂။            အမြစ်ပိုင်းသန်မာဖွံ့ဖြိုးကြီးထွားခြင်း။

၃။            ပန်းပွင့်ချိန်စောခြင်း။

၄။            အသီးတင်နှုန်းကောင်းခြင်း၊ ထွက်နှုန်းတိုးတက်ခြင်း။

၅။            အရည်သွေးမြင့်မားသော အရွက်၊အသီးဖြစ်စေခြင်း။

၆။            အပင်သန်စွမ်းမှုကြောင့် ရောဂါပိုးမွှားဒဏ်ခံနိုင်မှု မြင့်မားစေခြင်း။

၇။            အိမ်မွေးတိရစ္ဆာန်အစာတွင်  ထည့်သုံးပါက  ကြီးထွားမှု ၊ အရွယ်ရောက်မှုနှင့်  အလေးချိန် တိုးစေခြင်းတို့ ဖြစ်စေပါသည်။

သုံးစွဲရန်အညွှန်း

သီးနှံ

ရေ ၄ဂါလံ (၁လီတာ)နှင့် ဖျော်ရန်နှုန်းထား သုံးစွဲနည်းစနစ်နှင့်အချိန်
 ကြီးထွားမှုအဆင့် သုံးစွဲရန်အညွှန်း
အရွက်စား၊ ဟင်းသီးဟင်းရွက်

           ၃-စီစီ

မျိုးစေ့ မျိုးစေ့များအား၄-၆နာရီထိစိမ်စိုက်ပါ
ပျိုးခင်း မူမှန်ရွက်၃ရွက်ထွက်ချိန်ဖျန်းပါ
စိုက်ခင်း ၁၀-၁၅ရက်ခြားပက်ဖျန်းပါ
အသီးစားပင်၊ ဟင်းသီးဟင်းရွက်

၃.၅စီစီ

ပထမပန်းပွင့်ပြီးချိန် ၇-၁၀ရက်ခြားစုစုပေါင်း၆-၈ကြိမ်ပက်ဖျန်းပါ
ဖရဲ

၃.၅စီစီ

ပျိုးခင်း တစ်လတွင်၁-၂ကြိမ်ပက်ဖျန်းပါ
ပန်းပွင့်ချိန် ပန်းပွင့်ချိန်တစ်ကြိမ်ဖျန်းပါ
သီးကင်းဝင်ချိန် ၇-၁၀ရက်ခြားဖျန်းပါ
စားသုံးသီးပင်များ

၃.၅စီစီ

ပန်းပွင့်ချိန် ပန်းမပွင့်မီ(သို့မဟုတ်)ပန်းပွင့်ပြီးတစ်ကြိမ်ပက်ဖျန်းပါ
အသီးဖွံဖြိုးချိန် ၁၀-၁၅ရက်ခြားပက်ဖျန်းပါ
ဥ၊ အမြစ်၊ ဟင်းသီးဟင်းရွက်

၃-စီစီ

 မျိုးစေ့ပေါက်ချိန် တစ်လ၁-၂ကြိမ်ပက်ဖျန်းပါ
စိုက်ခင်းရွှေ့ပြောင်းစိုက်ချိန် ၁၀-၁၅ရက်ခြားပက်ဖျန်းပါ
ပန်းပွင့်ချိန် တစ်လတစ်ကြိမ်ပက်ဖျန်းပါ
အလှစိုက်ပင်များ             ၃-စီစီ မျိုးစေ့ မျိုးစေ့များအား၁၂နာရီစိမ်ပြီးစိုက်ပါ
    စိုက်ချိန် ၂-၃ကြိမ်အရွက်ပေါ်ဖျန်းပါ
    ပန်းပွင့်ချိန် ပန်းဖူးပေါ်တစ်ကြိမ်ပက်ဖျန်းပါ
  စပါး

၃-စီစီ

 ပင်ပွားစုံချိန် (စိုက်ပြီးရက်၄၀ အကြာ) (က) ဘီကိုမိုင်း (၃)စီစီနှင့် အေမီဂရိုး၁၀၀စီစီကိုရေ(၁)လီတာနှင့်ရောဖျန်းပါ။

(ခ) ဘီကိုမိုင်း ၃-စီစီနှင့် HI-PK ၁၀၀စီစီကိုရေ(၁)လီတာနှင့် ရောဖျန်းပါ။ နို့ရည်မခဲချိန်ထိရ-၁၀ရက်ခြား ပက်ဖျန်းပါ။

 ဗာ၃ဂျီးနီးယားဆေး

၃-စီစီ

ပျိုးခင်း ပျိုးခင်း အနည်းဆုံး တစ်ကြိမ်ဖျန်းပါ
စိုက်ခင်း ၁၀-၁၅ရက်ခြား ပက်ဖျန်းပါ
 ကိုကိုး             ၃-စီစီ သီးကင်းဝင်ချိန် ၂ပတ်ခြား ပက်ဖျန်းပါ
    ကိုင်းဆက်သန်ဆေး ကိုင်းဆက်ပင်များ ပလတ်စတစ်ခွာပြီး ၂ပတ်ပြည့်ချိန်ပက်ဖျန်းပါ။ သားတက်ကိုင်း ၁-ပေရောက်သည်အထိ ၁၄-ရက်ခြား ပက်ဖျန်းပါ။

သတိပြုရန်-

၁။   နှုန်းထားအတိအကျ သုံးစွဲပါ။

၂။   အကယ်၍အရွက်များ တွန့်လိမ်လာခြင်း၊ အဝါစက်များ ပေါ်လာခြင်းဖြစ်ပါက ရေချက်ချင်းဖျန်းပါ/သွင်းပါ။

၃။   အခြားပိုးသတ်ဆေး၊     ဓာတ်မြေသြဇာများနှင့်   ရောဖျော်လိုပါက   သတ်မှတ်ထားသော   နှုန်းထားနှင့်ရေအနည်းငယ်ထည့်၍ပျော်ဝင်အောင်မွှေပြီး ရေထုထည် လျော့နည်းအောင်ပြုလုပ်၍ ပက်ဖျန်းပါ။

၄။   စပါးပင်ရွက်များတွင်  ထိရောက်မှုကောင်းစေရန်အတွက်  နံနက်၁၀နာရီ မတိုင်မီ     ပက်ဖျန်းခြင်း ဆောင်ရွက်ပါ။