What We Do

Marlarmyaing Public Company Limited consists of Distribution, Retailing, Export, Manufacturing, Plantation and Other Services.

Business Units

Distribution

Registration, Importation, Repackaging and Distribution of Pesticides, Foliar Fertilizers, Seeds and Agricultural Equipments

Retail & Wholesale

Retailing and Wholesaling of Agricultural Related Products from different importers.

Fertilizer Manufacturing & Distribution

Started in 2013. Import straight fertilizers as raw materials.

Investment

Marlarmyaing group has invested in both agro based and non-agro based industries.

MARLARMYAING 3.0

A Responsible Partner for Every Myanmar Farmar

စိုက်ပျိုးရေးသမားများ အားလုံးအတွက် မာလာမြိုင် ကုမ္ဗဏီလီမိတက် #Marlarmyaing

Posted by Marlarmyaing Group on Friday, October 7, 2016

Agriculture in Myanmar

Greeting from Marlarmyaing Group

တောင်သူတိုင်းအတွက် မာလာမြိုင်

မာလာမြိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (Marlarmyaing Public Company Limited) သည် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေနှင့်အညီ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ထားပြီး MyCo စနစ်သစ်တွင် ကုမ္ပဏီမှတ်ပုံတင်အမှတ် (107191364) ဖြင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့တွင် ပြန်လည်မှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ မာလာမြိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် တောင်သူလယ်သမားများအတွက် လိုအပ်သော စိုက်ပျိုးရေးနည်းပညာများ မျှဝေရန်နှင့် မာလာမြိုင်စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းစင်တာများကို မြို့နယ်တိုင်းတွင် ဖွင့်လှစ်နိုင်ရန်၊ စိုက်ပျိုးရေးသွင်းအားစုများကို စက်ရုံများတည်ဆောက်၍ ကိုယ်တိုင်ထုတ်လုပ်ရန်၊ ပြည်ပသွင်းကုန်များ လျှော့ချနိုင်ရန်နှင့် စိုက်ပျိုးရေးကဏ္ဍအတွက် အကျိုးရှိသော အများနှင့်သက်ဆိုင်သော ကုမ္ပဏီတစ်ခုဖြစ်လာစေရန် ရည်မှန်းချက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မာလာမြိုင်သည် (၁၉၈၉) ခုနှစ်တွင် မိသားစုပိုင်စိုက်ပျိုးရေးသုံးလက်လီအရောင်းဆိုင် အနေနဲ့ စတင်ခဲ့ပြီး၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ (၁၉၉၁) ခုနှစ်တွင် မာလာမြိုင်ကုမ္ပဏီလီမိတက်ကို ဖွဲ့စည်းတည်ထောင်ခဲ့ကာ နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးသူတောင်သူများသို့ စိုက်ပျိုးနည်းပညာများ၊ စိုက်ပျိုးရေးသုံး သွင်းအားစုများ၊ မျိုးစေ့၊ ကိရိယာများအား နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးရောင်းချပေးခဲ့ပါသည်။ (၂၀၀၅) ခုနှစ်တွင် အရည်အသွေးကောင်း မြေသြဇာများအား တောင်သူများသို့ ဈေနှုန်းချိုသာစွာဖြန့်ဖြူးနိုင်ရန်ဟူဟာ ရည်ရွယ်ချက်နှင့် မာလာမြိုင်ထုတ်လုပ်မှုကုမ္ပဏီလီမိတက်ကို ဖွဲ့စည်းခဲ့ပြီး၊ (၂၀၁၄) ခုနှစ်တွင် Fertilizer Blend Factory ကို အောင်မြင်စွာလည်ပတ်နိုင်ခဲ့ပါသည်။ (၂၀၁၇) ခုနှစ်တွင် အတွေ့အကြုံကောင်းများရှိသည့် ဦးဆောင်သူများနှင့် မာလာမြိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ၊ (၂၀၁၈) ခုနှစ်တွင် ပိုးသတ်ဆေးပြန်လည်ထုပ်ပိုးစက်ရုံစီမံကိန်းကို သီလဝါပြည်တွင်းစက်မှုဇုန်တွင် စတင်လုပ်ကိုင်လျှက်ရှိပါသည်။ ကုမ္ပဏီ၏ ခွင့်ပြုမတည်ရင်းနှီးငွေကျပ် သန်းပေါင်း ငါးသိန်းတိတိဖြစ်ပြီး ကနဦးတည်ထောင်သူ (၇) ဦးဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီဖြစ်ပါသည်။ မာလာမြိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်သည် အမှတ် (၄၉၇)၊ အခန်းနံပါတ် (၁၄-၀၄၊ ၁၄-၀၅)၊ ဒိုင်းမွန်းကွန်ဒို တာဝါ (A)၊ ပြည်လမ်း၊ (၈) ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပါသည်။

Organization Structure

Marlarmyaing Fertilizer Factory

Marlarmyaing Fertilizer Factory

Marlarmyaing Fertilizer Factory

  • Marlarmyaing's Policies

    • Marlarmyaing will always stand for "an entity with politeness, humbleness, family-spirited and social contribution".
      "မာလာမြိုင်" ဟုဆိုလျှင် "ယဉ်ကျေးသော၊ ရိုးသားသော၊ မိသားစုဆန်သော၊ အများအကျိုးပြုသော အဖွဲ့အစည်းတစ်ရပ်" ဟု အများအမြင်တွင် ပုံရိပ်ထင်ရမည်။
    • Marlarmyaing will always encourage "Human Resource Development and Innovation".
      "လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေးနှင့် တီထွင်ဆန်းသစ်မှုကို အလေးပေးသော အဖွဲ့အစည်းတစ်ရပ်" ဖြစ်ရမည်။
    • Marlarmyaing will always have "integrity on customers and continuously look for their well-being".
      "ဖောက်သည်အပေါ် အမြဲသစ္စာရှိပြီး ယင်းတို့၏ အကျိုးကို အစဉ်ရှေးရှုသော အဖွဲ့အစည်းတစ်ရပ်" ဖြစ်ရမည်။
    • Marlarmyaing will always "compete in market not based on price-war, but on mindfulness and solution-based".
      "ဈေးကွက်တွင်း ဈေးနှုန်းကို ပဓာနထား ယှဉ်ပြိုင်ခြင်းမပြုဘဲ စေတနာနှင့် လက်တွေ့ဆန်သောအဖြေ (Solution Base) ပေးစွမ်းနိုင်ခြင်း"ကိုအခြေခံကာ ရပ်တည်မည်။
    • Marlarmyaing will always guarantee "the quality of its products and services".
      "တင်သွင်း၊ ထုပ်ပိုး၊ ထုတ်လုပ်ရောင်းချသည့် ကုန်ပစ္စည်းများ၏ အရည်အသွေး ရာနှုန်းပြည့် အာမခံ" နိုင်ရမည်။
  • To become a total solution provider in Myanmar Agribusiness and ultimately uplifting the well-being of every stakeholder in the whole industry.
    တောင်သူလယ်သမားများ၏ အခက်အခဲကို အဘက်ဘက်မှ ကူညီပံ့ပိုးပြီး စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍတွင် လုပ်ကိုင် နေသူတို့၏ လူနေမှုအဆင့်အတန်း မြင့်မားတိုးတက်လာစေရန်အတွက် ဘက်စုံထောင့်စုံမှ ဖြည့်စည်းပေးနိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်လာစေရန်။

  • To become a leading company throughout Myanmar Agriculture Value Chain.
    စိုက်ပျိုးရေးသွင်းအားစုများနှင့် ဝန်ဆောင်မှုကို စဉ်ဆက်မပြတ် အရည်အသွေး မြှင့်တင်ကာ စိုက်ပျိုးရေးကဏ္ဍတိုင်းတွင် ထိပ်ဆုံးဖြစ်လာစေရန်။

    • Family Oriented
    • Honesty
    • Politeness
    • Innovation
    • Human Resource Development
    • Integrity
    • Quality