Marlarmyaing for All. Let's grow together !

ကွန်ပေါင်းဓာတ်မြေဩဇာ (နေရွက်လှေ) (11:11:8)

အသုံးပြုပုံ

သီးနှံအမျိုးအစား မြေဩဇာ ထည့်သွင်းရမည့် အချိန် နှင့် တစ်ဧကနှုန်းထား
နှံစားသီးနှံများ စပါး၊ ပြောင်း၊ ဂျုံ (က) မြေခံ (နောက်ဆုံးထယ်ရေးပြင်ချိန်) ၅၀-၇၅ ကီလိုဂရမ်
(ခ) စိုက်ခင်း (၁၅)ရက်နောက်ပိုင်း – ၅၀ကီလိုဂရမ်
(ဂ) ဖုံးတုံးလုံးတုံး (ဖူးလုံးကပ်ချိန်) – ၅၀ ကီလိုဂရမ်
(ဃ) ပြောင်းဖူး (ဖူးလုံးကပ်ချိန်) – ၅၀ ကီလိုဂရမ်
ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ (က) မြေခံ (နောက်ဆုံးထယ်ရေးပြင်ချိန်) – ၅၀-၇၅ ကီလိုဂရမ်
(ခ) ပန်းဖြိုင်ချိန် – ၅၀ ကီလိုဂရမ်
ဟင်းသီးဟင်းရွက်များ (သခွား၊ ခရမ်းချဉ်၊ ငရုတ်၊ ကြက်သွန်နီ/ဖြူ၊ အာလူး၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်)၊ ပဲမျိုးစုံ (က) မြေခံ (နောက်ဆုံးထယ်ရေးပြင်ချိန်) – ၅၀ ကီလိုဂရမ်
(ခ) စိုက်ပြီး ၁၅ရက်သား – ၂၅-၄၀ ကီလိုဂရမ်
(ဂ) စိုက်ပြီး၃၀ရက်သား – ၅၀ ကီလိုဂရမ်
ပန်းစမန်များ၊ နှင်းဆီ၊ ဂန္ဓမာ၊ အက်စတာ နှင့် အခြား (က) စိုက်ကွင်းအတွင်း (၂ x ၂ x ၂ပေ) – ၁၀၀ဂရမ်
(ခ) စိုက်ပြီး ၂၀ရက်သား – ၁၅၀ ဂရမ်
(ဂ) ပန်းမပွင့်မီ ၁ လအလို – ၂၀၀-၅၀၀ ဂရမ်
သစ်သီးဝလံများနှင့် နှစ်ရှည်ပင်များ (သရက်၊ မာလကာ၊ ကျွဲကော၊ လိမ္မော်၊ စပျစ်၊ နာနတ်) (က) မြေခံ (နောက်ဆုံးဘောင်ပြင်ချိန်) – ၅၀ကီလိုဂရမ် (ခ) အမြစ်နည်းချိန် စိုက်ပြီး ၁၅ရက် – ၅၀ကီလိုဂရမ် (ဂ) အဖူးစဝင်ချိန် – ၇၅ကီလိုဂရမ်
စက်မှုသီးနှံ (ဝါ၊ ကြံ၊ ဂုန်လျှော်၊ ရာဘာ) (က)မြေခံ (နောက်ဆုံးဘောင်ပြင်ချိန်) – ၅၀ကီလိုဂရမ် (ခ) ကြံ (ဘောင်လုံးချိန်) – ၅၀-၇၅ ကီလိုဂရမ် (ဂ) ဝါ (အပိန့်ဝင်ချိန်) – ၅၀-၇၅ ကီလိုဂရမ်

မှတ်ချက်။ ။

၁) သီးနှံအမျိုးအစားနှင့် မြေအဆင့်အတန်း ပေါ်လိုက်၍ မြေဩဇာနှုန်းထား အပြောင်းအလဲ ရှိနိုင်ပါသည်။

၂) ဩဂဲနစ် သီးနှံများတွင် ဓာတုဓာတ်ကြွင်း အာနိသင် ပါဝင်မှု သတ်မှတ်နှုန်းထား အထိ လျော့ကျစေရန်နှင့် ထွက်နှုန်း တိုးတက်စေရန်အတွက် နည်းစနစ်မှန်မှန်သုံးစွဲပါ။