Marlarmyaing for All. Let's grow together !

ဖာတီစတတ်

၁။      အမြစ်အားတောင့်တင်းခိုင်မာပြီး ၊ ရွှေ့ပြောင်းစိုက်စဉ် ထိခိုက်မှုကို ကာကွယ် ပေးနိုင်စွမ်းရှိ ပါသည်။  အပင်ဖြစ်ထွန်းအားပေးနိုင်သော ပျော်ရည်တွင် ကြီးထွားမှုအားပေးသောပစ္စည်းများ ဗိုက်တာမင် ဘီ (၁) နှင့်  အပင်ဖြစ်ထွန်း အားပေးသော ဟော်မုန်းနှင့် ဆင်တူသော ပစ္စည်းများ ပါဝင်သည်။

Ferti – Start သည် အမြစ်အားကြီးထွားစေခြင်းနှင့် ရွှေ့ပြောင်းစိုက်ချိန် ထိခိုက်မှုအားလျော့နည်း စေရန် သိပ္ပံနည်းကျ ဖေါ်စပ်ထားပါသည်။ သစ်ခွ ၊နှင်းဆီ ၊မြက်ခင်း ၊ အပင်ကြီးများ ၊ ဟင်းသီးဟင်းရွက်နှင့် အလှစိုက်ပင်များအတွက် သုံးရန်သင့်တော်သည့် ဆေးဖြစ်ပါသည်။

၂။        ပါဝင်သောပစ္စည်းများ 

ဗိုက်တာမင် ဘီ – ၁ (Thiamine Monoitrate) ဝ.၁၀ % ၊ အလ်ဖါနက်ဖ်သလင်း အက်ဆီတစ် အက်စစ်  (Alpha Naphthalene Acetic Acid) ဝ.၁၄% ၊ ဟော်မုန်းနှင့် အသွင်တူ ဓါတုပစ္စည်း (Hormone Like Substance) ဝ.၁၄% ၊ ချီလိတ်တက်ဒ်အသွင် ပြောင်းထားသော သံဓါတ် (Cheleted Iron) ဝ.၁ % တို့ပါဝင်ပါဝင်သည်။

၃။        အသုံးပြုရန်အညွှန်း

ရေတစ်ဂါလံတွင် ဤဆေးရည်ကို လက်ဖက်စားတစ်ဇွန်းဖြင့် ဖျော်ပြီး ပျိုးကိုင်းဖြတ် သို့မဟုတ် ရွှေ့ပြောင်းစိုက် အပင် ပတ်ဝန်းကျင်ရှိ မြေဆီလွှာအား  စွတ်စိုအောင် ဖျန်းပေးပါ။ ဤအားဆေးရည်ကို အပင်ရေသွင်းစဉ် ၂- ၃ ပတ်အထိ သို့မဟုတ် အပင်အမြစ်စွဲသည်အထိ ပက်ဖျန်းလောင်းသင့်သည်။ အပင်မျိုးအောင်သည်အထိ ကြီးထွားမှု အကောင်းဆုံးဖြစ်စေရန် ပုံမှန်ပက်ဖျန်းပေးရမည်။ ဤအားဆေးသည် ပြင်းအားမြင့်၍ ညွှန်းကြားထား သည့်အတိုင်း ဆောင်ရွက်ရမည်။