Marlarmyaing for All. Let's grow together !

ဟိုက်ပါဂရိုး

သုံးစွဲရန်အညွှန်း

သီးနှံအမည် တစ်ဧက နှုန်းထား သုံးစွဲရမည့်အချိန်
လယ်ယာသီးနှံများ

စပါး ၊ ဂျုံ ၊ ပြောင်း ၊ နှမ်း ၊မြေပဲ ၊ ကုလားပဲ ၊ ပဲတီစိမ်း ၊ မတ်ပဲနှင့် ပဲမျိုးစုံ ၊ ကြံ ၊ ဝါ

 

(၂) ကီလိုဂရမ် (၄) ကီလိုဂရမ်

(၄) ကြိမ်မှ (၈) ကြိမ်ပက်ဖျန်းရန်

မှိုကပ်ချိန် ၊ သီးပွင့်ချိန်မှ ရင့်မှည့်ချိန်ထိ ပက်ဖျန်းပါ။
ဟင်းသီးဟင်းရွက်များ

ခရမ်း ၊ ခရမ်းချဉ် ၊ ငရုတ် ၊ ရုံးပတီ ၊ပန်းဂေါ်ဖီ ၊ ဘရိုကိုလီ ၊ မုံလာထုပ် ၊ ဂေါ်ဖီထုပ် ၊ မုံညင်း ၊ ဆလတ် ၊ ကိုက်လန် ၊ မုံလာဥ ၊ ဘူး ၊ ကြက်ဟင်းခါး ၊ဖရဲ ၊ သခွား ၊ သခွားမွှေး ၊ ကွမ်း ၊

(၂) ကီလိုဂရမ်မှ (၄) ကီလိုဂရမ်

(၄) ကြိမ်မှ (၈) ကြိမ် ပက်ဖျန်းရန်

ဖူးပွင့်ဝင်ခါနီးမှ အသီးဥရင့်မှည့်ချိန်ထိ ပက်ဖျန်းပါ။
သစ်သီးဝလံများ

သဘောၤ ၊ လိမ္မော် ၊ သံပုရာ ၊ ရှောက် ၊ ပန်းသီး ၊ သစ်တော် ၊ သရက် ၊ ဒူးရင်း နှင့် နှစ်ရှည်ပင်အမျိုးမျိုး

(၄) ကီလိုဂရမ်မှ (၈) ကီလိုဂရမ်

(၈) ကြိမ်မှ (၁၆) ကြိမ် ပက်ဖျန်းရန်

ဖူးပွင့်ဝင်ခါနီးမှ အသီးဥ ရင့်မှည့်ချိန်ထိ ပက်ဖျန်းပါ။
ပန်းမန်များ

ဂန္ဓမာ ၊ နှင်းဆီ ၊ သစ်ခွ ၊ သစ္စာပန်း ၊ ပိန်းပန်း ၊ ရွက်လှများနှင့် အလှစိုက် အပင်များ။

 

(၃) ကီလိုဂရမ် မှ (၆) ကီလိုရမ်

(၆) ကြိမ်မှ (၁၂) ကြိမ်ပက်ဖျန်းရန်

ပင်ပျိုဖြစ်ချိန်မှ ရိတ်သိမ်းရင့်မှည့်ချိန်ထိ ပက်ဖျန်းပါ။

               Hyper Grow သည် စိုက်ပျိုးရေးသီးနှံအပင်များတွင် ပျိုးခင်းအဆင့် ၊ အပင်ငယ်အဆင့်မှ စပြီး သီးနှံရိတ် သိမ်းချိန်အထိ အသုံးပြုနိုင်သော  ရေတွင် ရာခိုင်နှုန်းပြည့်ပျော်ဝင်သည့် ရွက်ဖျန်းမြေသြဇာအမှုန့် ဖြစ်ပါသည်။ အပင်ပိုင်းဆိုင်ရာ ကြီးထွားမှုကို အားပေးပြီး အရွက်၊ အကိုင်း ၊ အခက်များဝေဆာကာ အပင်တွင်း လိုအပ်သော အာဟာရဓါတ် ရရှိစေပြီး ဇီဝကမ္မဆိုင်ရာ ဖြစ်စဉ်ကို အားပေးလုပ်ဆောင်ပေးပါသည်။ ပရိုတင်းနှင့် ကလိုရိုဖီးလ်တို့ ဖြစ်ပေါ်မှုကို အဓိက လုပ်ဆောင်ပေးပါသည်။ အပင်များ အဝါရောင်ဖြစ်နေခြင်းကို အစိမ်းရောင်သို့ ပြောင်းလဲပေးနိုင်စွမ်း ရှိပါသည်။ ကြီးထွားမှု နှေးကွေးနေသော အပင်များကို လျှင်မြန်စွာ ကြီးထွားစေပါသည်။ အသီးစတင်ဝင်သော အပင်များတွင်လည်း အပင် စိမ်းလန်းသန်စွမ်းစေရန်အတွက် Hyper Grow မြေသြဇာကို အသုံးပြုနိုင်ပါသည်။ အမြစ်ပွားများပြီး အမြစ်စွဲအား ကောင်းစေပါသည်။ သီးနှံပင်များ၊ ရာသီဥတုနှင့် ဖျက်ပိုး ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး သီးနှံအထွက်နှုန်းတိုးတက်စေပါသည်။ သီးနှံပင်၏ အာဟာရချို့တဲ့မှုကို ကောင်းစွာ ကာကွယ်ပေးနိုင်ပြီး သီးနှံအရည်အသွေးကို အထူးကောင်းမွန်စေပါသည်။ ပိုးသတ်ဆေး ၊ မှိုသတ်ဆေးများ နှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။