Marlarmyaing for All. Let's grow together !

စူပါစတစ်ကာ

အရည်အသွေး

၁။        စိုက်ပျိုးရေးသမားများတွင် အထူးအလိုအပ်ဆုံးအရာတစ်ခုသည် စူပါစတစ်ကာ ဖြစ်သည်။

၂။        အပင်အတွက် အကျိုးပိုမိုရှိစေနိုင်သည့် ကော်နှစ်မျိုးကိုရောစပ်ထားပြီး အပင်၏ ဇီဝကမ္မဗေဒဆိုင်ရာကို မထိခိုက်နိုင်ပါ။

၃။       အပင်များအပေါ်တွင်ဖျန်းပြီး ဓါတ်ကြွင်း အာနိသင်မကျန်ခြင်းကြောင့်စားသုံးသူများအား  ဘေးအန္တရယ်မဖြစ်စေနိုင်ပါ။

သုံးစွဲရန်ဆေးနှုန်းထား

 –            ရေ (၁) ဂါလံနှင့်ဆေး (၅) စီစီ (လက်ဖက်ရည်ဇွန်း တစ်ဇွန်း) ရောစပ်၍ ပက်ဖျန်းပါ။

–             (မိမိအသုံးပြုမည့် ရေ၏ (၁/၃) သုံးပုံတစ်ပုံနှင့် စူပါစတစ်ကာရောစပ်ပြီးလျှင် ပိုးသတ်ဆေး ၊ မှိုသတ်ဆေး ၊ ရွက်ဖျန်းမြေသြဇာနှင့်  စိတ်ချစွာ တွဲဖက်အသုံးပြုခြင်းဖြင့် အကျိုးထူးစေပါသည်။

အကျိုးကျေးဇူးများ

၁။        အပင်ပေါ်ဆေးဖျန်းပြီးလျှင် အပင်အစိတ်အပိုင်းအားလုံးဆေးထိညီညာပြီး ၊ ပျံ့နှံ့မှုလွယ်ကူပါသည်။

၂။        အရွက် ၊ အပွင့် ၊ အသီးများကို အရောင်သွေးတောက်ပစေပြီး သီးနှံအရည်အသွေးကောင်းမွန်စေပါသည်။

၃။        ပိုးသတ်ဆေး ၊ မှိုသတ်ဆေး ၊ အရွက်ဖျန်းမြေသြဇာနှင့် စိတ်ချစွာ တွဲဖက်အသုံးပြုခြင်းဖြင့် အကျိုးထူးစေပါသည်။

၄။        အပင်ပေါ်တွင် ပိုးသတ်ဆေးတွဲကပ်အားကောင်းသဖြင့် ဖျက်ပိုးများကို အသေမြန်စေပါသည်။

၅။        အပင်ပေါ်တွင် ပိုးသတ်ဆေး ၊ မှိုသတ်ဆေး များ အချိန်ကြာမြင့်စွာစွဲနေသဖြင့် ဆေးဖျန်းအကြိမ်  လျော့နည်းအသုံးပြုနိုင်ပါသည်။

၆။        စိုက်ပျိုးပင်များအားလုံးတွင် အသုံးပြုနိုင်ပြီး အပင်လောင်ကျွမ်းမှု မရှိပါ။

၇။        ဆေးတွဲကပ်အားကောင်းသောကြောင့် ဆေးဖျန်းပြီးမိုးရေနှင့် ဆေးများ အလွယ်တကူ ပါမသွားပါ။

၈။        မိုးရာသီတွင် မဖြစ်မနေသုံးစွဲပါ။