Marlarmyaing for All. Let's grow together !

အမိုနီယမ်ဆာလ်ဖိတ် (နေရွက်လှေ)

ပါဝင်မှုအချိုးအစား

N – 21% S – 24%

၁။ နှံစားသီးနှံများ (စပါး၊ ပြောင်း၊ ဂျုံ)

မြေဩဇာထည့်သွင်းရမည့်အချိန် တစ်ဧကနှုန်းထား
စိုက်ပြီး တစ်လသား ၅၀ ကီလိုဂရမ်
အနှံသန္ဓေတည်ချိန် ၂၅ ကီလိုဂရမ်

၂။ ပဲမျိုးစုံ (ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုကိတ်၊ ကုလားပဲ)

မြေဩဇာထည့်သွင်းရမည့်အချိန် တစ်ဧကနှုန်းထား
မြေပြုပြင်ချိန် ၅၀ ကီလိုဂရမ်
ပန်းမပွင့်မီတစ်ပတ် ၂၅ ကီလိုဂရမ်

၃။ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ)

မြေဩဇာထည့်သွင်းရမည့်အချိန် တစ်ဧကနှုန်းထား
မြေပြုပြင်ချိန် ၅၀ ကီလိုဂရမ်
ပန်းမပွင့်မီတစ်ပတ် ၂၅ ကီလိုဂရမ်

၄-က။ စက်မှုသီးနှံ (ဝါ၊ ကြံ၊ အာတာလွတ်၊ ပီလောပီနံ)

မြေဩဇာထည့်သွင်းရမည့်အချိန် တစ်ဧကနှုန်းထား
မြေပြုပြင်ချိန် ၅၀ ကီလိုဂရမ်
စိုက်ပြီး ၂ – လသား ၂၅ ကီလိုဂရမ်
တူးဖော်ရိတ်သိမ်းရန် (၁)လအလို ၂၅ ကီလိုဂရမ်

၄-ခ။ စက်မှုသီးနှံ (ရာဘာ၊ ဆီအုန်း၊ လက်ဖက်၊ ကိုကိုး၊ ကော်ဖီ)

မြေဩဇာထည့်သွင်းရမည့်အချိန် တစ်ဧကနှုန်းထား
မြေပြုပြင်ချိန် ၅၀ ကီလိုဂရမ်
မိုးဦး ၂၅ ကီလိုဂရမ်
မိုးနှောင်း ၁၂ ကီလိုဂရမ်
အရွက်၊ အသီး၊ အစေးမယူမီတစ်ပတ်အလ ၂၅ ကီလိုဂရမ်
အရွက်၊ အသီး၊ အစေးယူနေစဉ်ကာလ ၁၂ ကီလိုဂရမ်

၅။ ပန်းမန်နှင့်အပင်များ

မြေဩဇာထည့်သွင်းရမည့်အချိန် တစ်ဧကနှုန်းထား
မြေပြုပြင်ချိန်မှစ၍ တစ်နှစ်(၂)ကြိမ် တစ်ပင် ၂၀၀-၅၀၀ ဂရမ်

၆။ ဥယျာဉ်ခြံသီးနှံ (သရက်၊ မာလကာ၊ ပိန္နဲ၊ ကျွဲကော၊ သံပုရာ၊ နဂါးမောက်၊ ပန်းသီး၊ သစ်တော်)

မြေဩဇာထည့်သွင်းရမည့်အချိန် တစ်ဧကနှုန်းထား
အပင်သက်တမ်းတစ်နှစ်နှင့်အောက် (မိုးဦး၊ မိုးနှောင်း ၂ကြိမ်) တစ်ပင် ၁၅၀-၄၀၀ ဂရမ်
အပင်သက်တစ်နှစ်ကျော်မှ သုံးနှစ် (မိုးဦး၊ မိုးနှောင်း ၂ ကြိမ်) တစ်ပင် ၂၀၀-၅၀၀ ဂရမ်
စီးပွားဖြစ်အသီးထုတ်ချိန် (သန္ဓေတည်ချိန်၊ အသီးကြီးထွားချိန်)
(တစ်နှစ် ၄ကြိမ်)
တစ်ပင် ၁၀၀-၂၀၀ ဂရမ်

၇။ ဟင်းသီးဟင်းရွက်

မြေဩဇာထည့်သွင်းရမည့်အချိန် တစ်ဧကနှုန်းထား
မြေပြုပြင်ချိန် ၂၅ ကီလိုဂရမ်
အပင်ကြီးထွားချိန် ၅၀ ကီလိုဂရမ်
အပွင့်၊ အဖူး စတင်ချိန် ၂၅ ကီလိုဂရမ်

မှတ်ချက် ။ ။

၁) သီးနှံအမျိုးအစား နှင့် မြေအဆင့်အတန်း ပေါ်လိုက်၍ မြေဩဇာ နှုန်းထား အပြောင်းအလဲ ရှိနိင်ပါသည်။

၂) ဩဂဲနစ်သီးနှံများတွင် ဓာတုဓာတ်ကြွင်း အာနိသင် ပါဝင်မှု သတ်မှတ်နှုန်းထား အထိ လျော့ကျစေရန်နှင့် ထွက်နှုန်း တိုးတက်စေရန် အတွက် နည်းစနစ်မှန်မှန် သုံးစွဲပါ။