အမ်အယ်အမ်-ဂျီအန်အက်(စ်) ၅၀ % အီးစီ
သုံးစွဲရန်အညွန်း – ရေတစ်ဂါလံလျှင်ဆေး (၁၅-၂၀) စီစီနှုန်း ဖျော်စပ်သုံးစွဲပါ။
သီးနှံပင်များ | သီးနှံဖျက်ပိုးမွှားများ | နှုန်းထား
စီစီ/ဧက |
စပါး ၊ ပြောင်း ၊ဂျုံ | ငမြှောင်တောင် ၊ နှံစုပ် ၊ နှံဖြတ် ၊ပိုးလောင်မီး ၊ ပျပိုး ၊ ဖြုတ်ပိုး ၊ ရွက်ထွင်းပိုး ၊ ပင်စည်ထိုးပိုး | ၅၀၀ – ၈၀၀ |
ဝါ | ပျ ၊ ဖြုတ် ၊ ပိုးနီ | ၅၀၀ – ၈၀၀ |
ပဲမျိုးစုံ ၊ ပဲတီစိမ်း ၊ မတ်ပဲ ၊ မြေပဲ | ပင်စည်ထိုးပိုး ၊ ရွက်စားပိုး ၊ ရွက်လိပ်ပိုး ၊ ရွက်လိပ် ၊ ရွက်ကပ် ၊ ကျိုင်း | ၅၀၀ – ၈၀၀ |
ဟင်းသီးဟင်းရွက်၊သစ်သီးဝလံ | စိန်ကွက်ဖလံ ၊ ပိုးနဂါး ၊ မွှား ၊ ရွက်ထွင်းပိုး | ၅၀၀ – ၈၀၀ |
လယ်ဂဏန်းနှင့် ဖောင်စီးဂဏန်းနှိမ်နှင်းရန် သုံးစွဲနည်း –
(၁) ဆေး(၁၀၀) စီစီကိုရေ (၂) ဂါလံနှင့် ရောစပ်ပြီး ဆန်ကွဲ (၈) ပြည်နှင့် (၆) နာရီကြာစိမ်ထားပါ။ ညနေပိုင်းတွင် လယ်ကွက်ထဲသို့ ကျဲပက်ထားပါ။ နောက်နေ့ နံနက်တွင် မျိုးစပါးကို ကျဲပါ။ မျိုးစပါးကျဲပြီး (၃-၄) ရက်အကြာတွင် ဂဏန်းဆေးရည်စိမ်ထားသော ဆန်ကွဲကို လယ်သင်းရိုးပတ်လည်တွင် ထပ်မံကျဲချပေးပါ။ (ငါးများကို မထိခိုက်ပါ)
(၂) မျိုးစပါးနှင့် တိုက်ရိုက်လူးနယ်ပြီး ကျဲပက်လိုပါက မျိုးစပါးတစ်တင်းလျှင် ဂဏန်းဆေးရည် (၁၀၀)စီစီနှင့် ရေ(၄) ဂါလံဖြင့် ရောစပ်ပြီး မျိုးစပါးနှင့် လူးနယ်၍ ချက်ချင်း ကျဲပက်ပါ။ (မျိုးစေ့မလောင်စေရန် ချက်ချင်းဆောင်ရွက်ပါ။)
(၃) ဂဏန်းကျင်းများအတွင်းသို့ ဆေးဖျော်ရည်လောင်းထည့်ပေးခြင်းဖြင့်လည်း ကာကွယ်နှိမ်နှင်းနိုင်သည်။
အကျိုးကျေးဇူး ။ ။ မာလာမြိုင်ဂဏန်းဆေးကို သုံးစွဲခြင်းကြောင့် ဂဏန်းသေစေရုံသာမကဘဲ ဆေးစွမ်းအားကြောင့် စပါးပင်တွင် ကျရောက်တတ်သော ငမြှောင်တောင် ၊ ဖြုတ်ပိုး ၊ ပျပိုး ၊ ရွက်ထွင်းပိုး ၊ ပင်စည်ထိုးပိုးနှင့် ကျောက်ဆူးပိုးများကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါသည်။
သီးသန့်အဆိပ်ဖြေဆေး မရှိပါ။ ဖြစ်ပေါ်လာသော လက္ခဏာအရ ကုသပါ။