ပိုတက် (နေရွက်လှေ)
Muriate of Potash
ပါဝင်မှုအချိုးအစား
K2O : 60%
သီးနှံအမျိုးအစား | မြေဩဇာ ထည့်သွင်းရမည့် အချိန် နှင့် တစ်ဧကနှုန်းထား |
နှံစားသီးနှံ (စပါး၊ ပြောင်း၊ ဂျုံ) | မြေပြုပြင်ချိန် – ၂၅ ကီလိုဂရမ် အနှံသန္ဓေတည်ချိန် – ၂၅ ကီလိုဂရမ် |
ပဲမျိုးစုံ (ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုကိတ်၊ ကုလားပဲ) | မြေပြုပြင်ချိန် – ၂၅ ကီလိုဂရမ် |
ဆီထွက်သီးနှံ( မြေပဲ၊ နှမ်း၊ နေကြာ) | မြေပြုပြင်ချိန် – ၂၅ ကီလိုဂရမ် |
စက်မှုသီးနှံ (ဝါ၊ ကြံ၊ အာတာလွတ်၊ ပီလောပီနံ) | မြေပြုပြင်ချိန် – ၁၂ ကီလိုဂရမ် တူးဖော်ရိတ်သိမ်းရန် (၂)လအလို – ၁၂ ကီလိုဂရမ် |
စက်မှုသီးနှံ (ရာဘာ၊ ဆီအုန်း၊ လက်ဖက်၊ ကိုကိုး၊ ကော်ဖီ) | မြေပြုပြင်ချိန် – ၂၅ ကီလိုဂရမ် မိုးဦး – ၁၂ ကီလိုဂရမ် မိုးနှောင်း – ၆ ကီလိုဂရမ် အရွက်၊ အသီး၊ အစေးမယူမီ တစ်လအလို – ၁၂ ကီလိုဂရမ် အရွက်၊ အသီး၊ အစေးယူနေစဉ် ကာလလယ် – ၆ ကီလိုဂရမ် |
ပန်းမန်နှင့်အရိပ်ရအပင်များ | မြေပြုပြင်ချိန်မှစ၍ တစ်နှစ်(၂)ကြိမ် – တစ်ပင် (၁၀)ဂရမ်မှ (၃၉၀)ဂရမ် နှင့် – ၁၀-၁၀၀ဂရမ် |
ဥယျာဉ်ခြံသီးနှံ (သရက်၊ မာလကာ၊ ပိန္နဲ၊ ကျွဲကော၊ သံပုရာ၊ နဂါးမောက်၊ ပန်းသီး၊ သစ်တော်) | အပင်သက်တစ်နှစ်နှင့်အောက် (မိုးဦး၊ မိုးနှောင်း(၂)ကြိမ်) – တစ်ပင် ၁၀ဂရမ် -၂၂၈ ဂရမ် နှင့် -၁၀-၁၀၀ ဂရမ် အပင်သက်တစ်နှစ်ကျော်မှ သုံးနှစ် (မိုးဦး၊ မိုးနှောင်း(၂)ကြိမ်) – တစ်ပင် (၂၀)ဂရမ် – ၂၂၈ ဂရမ် နှင့် – ၂၀-၂၅၀ ဂရမ် စီးပွားဖြစ်အသီးထုတ်ချိန် (အသီးခူးပြီးချိန်၊ ကိုင်းသစ်ထွက်ချိန်၊ သန္ဓေတည်ချိန်၊ အသီးကြီးထွားချိန်) (တစ်နှစ် ၄ကြိမ်) – ၂၀ဂရမ် – ၂၂၈ ဂရမ် – ၂၀၀ ဂရမ် |
ဟင်းသီးဟင်းရွက် | မြေပြုပြင်ချိန် – ၁၀ ကီလိုဂရမ် အပွင့်အသီးစချိန် – ၂၅၀ ဂရမ် |
အရွက်စားနှစ်ရှည်ပင် (လက်ဖက်၊ ကရဝေး၊ ဆူးပုတ်၊ ကင်ပွန်းချဉ်) | မိုးဦး – ၁၂ ကီလိုဂရမ် မိုးနှောင်း – ၁၂ ကီလိုဂရမ် |
မှတ်ချက်။ ။
၁) သီးနှံအမျိုးအစားနှင့် မြေအဆင့်အတန်း ပေါ်လိုက်၍ မြေဩဇာနှုန်းထား အပြောင်းအလဲ ရှိနိုင်ပါသည်။
၂) ဩဂဲနစ် သီးနှံများတွင် ဓာတုဓာတ်ကြွင်း အာနိသင် ပါဝင်မှု သတ်မှတ်နှုန်းထား အထိ လျော့ကျစေရန်နှင့် ထွက်နှုန်း တိုးတက်စေရန်အတွက် နည်းစနစ်မှန်မှန်သုံးစွဲပါ။