Major Ingredients:
P – Nitrophenol Sodium
O – Nitrophenol Sodium
5 – Nitroguaiacol Sodium and other micro constituents of growth promotion compounds
DESCRIPTION – ဖွင့်ဆိုချက်
ဘီကိုမိုင်းအပင်ကြီးထွားဆေးဟော်မုန်းသည် အပင်၏ဆဲလ်ဗေဒကို အခြေခံပြီးဖော်စပ်ထားသော အားဆေးဖြစ်ပါသည်။ ဤဆေးသုံးစွဲခြင်းကြောင့် အပွင့်၊ အသီး၊ အရည်အသွေး ပြည့်ဖြိုးတောက်ပြောင်ခြင်း၊ စောစီးစွာကြီးထွားရင့်မှည့်ခြင်းနှင့် ထွက်နှုန်းတိုးတက်ကောင်းမွန်စေသည့်အပြင် အပူပိုင်းဒေသစိုက်ပျိုးသော ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများကိုလည်း ထွက်နှုန်း တိုးစေပါသည်။
CHARACTERISTICS – ထူးခြားမှုများ
- ဘီကိုမိုင်း အပင်ကြီးထွားဟော်မုန်းဆေးသည် ဆဲလ်ကွဲပွားမှု အားပေးခြင်း၊ အစိမ်းရောင်ကလိုရိုဖီးလ်ကို တိုးပွားစေခြင်း၊ အသားဓာတ် Protein ပါဝင်နှုန်း မြင့်မားစေသောကြောင့် အဖူးထွက်နှုန်းနှင့် ကြီးထွားနှုန်း မြင့်မားစေခြင်း၊ ဝတ်မှုန်ကူးနှုန်းမြင့်မားစေခြင်းတို့ကြောင့် အသီးအလေးချိန် တိုးစေပါသည်။ အပင်ကြီးထွားနှုန်း မြင့်မားစေပါသည်။
- ဘီကိုမိုင်း အပင်ကြီးထွားဆေးဟော်မုန်းသည် လူနှင့်တိရစ္ဆာန်များအား ဘေးဥပါဒ်မဖြစ်စေနိုင်ပါ။
- ဘီကိုမိုင်း အပင်ကြီးထွားဆေးဟော်မုန်းသည် အခြားသော အပင်အားဆေးများနှင့် ကွာခြားမှုမှာ အပင်အား မည်သည့်အချိန်မဆို ပက်ဖျန်း အသုံးပြုနိုင်ပါသည်။
SPECIAL FEATURES – ထူးခြားသောလက္ခဏာများ
၁။ မျိုးစေ့များကို မစိုက်ပျိုးမီ ဘီကိုမိုင်းဟော်မုန်းဆေး စိမ်ပြီး စိုက်ပျိုးပါက အစေ့များအပင်ပေါက်နှုန်း မြင့်မားကောင်းမွန်စေခြင်း။
၂။ အမြစ်ပိုင်းသန်မာဖွံ့ဖြိုးကြီးထွားခြင်း။
၃။ ပန်းပွင့်ချိန်စောခြင်း။
၄။ အသီးတင်နှုန်းကောင်းခြင်း၊ ထွက်နှုန်းတိုးတက်ခြင်း။
၅။ အရည်သွေးမြင့်မားသော အရွက်၊အသီးဖြစ်စေခြင်း။
၆။ အပင်သန်စွမ်းမှုကြောင့် ရောဂါပိုးမွှားဒဏ်ခံနိုင်မှု မြင့်မားစေခြင်း။
၇။ အိမ်မွေးတိရစ္ဆာန်အစာတွင် ထည့်သုံးပါက ကြီးထွားမှု ၊ အရွယ်ရောက်မှုနှင့် အလေးချိန် တိုးစေခြင်းတို့ ဖြစ်စေပါသည်။
သုံးစွဲရန်အညွှန်း
သီးနှံ |
ရေ ၄ဂါလံ (၁လီတာ)နှင့် ဖျော်ရန်နှုန်းထား | သုံးစွဲနည်းစနစ်နှင့်အချိန် | |
ကြီးထွားမှုအဆင့် | သုံးစွဲရန်အညွှန်း | ||
အရွက်စား၊ ဟင်းသီးဟင်းရွက် |
၃-စီစီ |
မျိုးစေ့ | မျိုးစေ့များအား၄-၆နာရီထိစိမ်စိုက်ပါ |
ပျိုးခင်း | မူမှန်ရွက်၃ရွက်ထွက်ချိန်ဖျန်းပါ | ||
စိုက်ခင်း | ၁၀-၁၅ရက်ခြားပက်ဖျန်းပါ | ||
အသီးစားပင်၊ ဟင်းသီးဟင်းရွက် |
၃.၅စီစီ |
ပထမပန်းပွင့်ပြီးချိန် | ၇-၁၀ရက်ခြားစုစုပေါင်း၆-၈ကြိမ်ပက်ဖျန်းပါ |
ဖရဲ |
၃.၅စီစီ |
ပျိုးခင်း | တစ်လတွင်၁-၂ကြိမ်ပက်ဖျန်းပါ |
ပန်းပွင့်ချိန် | ပန်းပွင့်ချိန်တစ်ကြိမ်ဖျန်းပါ | ||
သီးကင်းဝင်ချိန် | ၇-၁၀ရက်ခြားဖျန်းပါ | ||
စားသုံးသီးပင်များ |
၃.၅စီစီ |
ပန်းပွင့်ချိန် | ပန်းမပွင့်မီ(သို့မဟုတ်)ပန်းပွင့်ပြီးတစ်ကြိမ်ပက်ဖျန်းပါ |
အသီးဖွံဖြိုးချိန် | ၁၀-၁၅ရက်ခြားပက်ဖျန်းပါ | ||
ဥ၊ အမြစ်၊ ဟင်းသီးဟင်းရွက် |
၃-စီစီ |
မျိုးစေ့ပေါက်ချိန် | တစ်လ၁-၂ကြိမ်ပက်ဖျန်းပါ |
စိုက်ခင်းရွှေ့ပြောင်းစိုက်ချိန် | ၁၀-၁၅ရက်ခြားပက်ဖျန်းပါ | ||
ပန်းပွင့်ချိန် | တစ်လတစ်ကြိမ်ပက်ဖျန်းပါ | ||
အလှစိုက်ပင်များ | ၃-စီစီ | မျိုးစေ့ | မျိုးစေ့များအား၁၂နာရီစိမ်ပြီးစိုက်ပါ |
စိုက်ချိန် | ၂-၃ကြိမ်အရွက်ပေါ်ဖျန်းပါ | ||
ပန်းပွင့်ချိန် | ပန်းဖူးပေါ်တစ်ကြိမ်ပက်ဖျန်းပါ | ||
စပါး |
၃-စီစီ |
ပင်ပွားစုံချိန် (စိုက်ပြီးရက်၄၀ အကြာ) | (က) ဘီကိုမိုင်း (၃)စီစီနှင့် အေမီဂရိုး၁၀၀စီစီကိုရေ(၁)လီတာနှင့်ရောဖျန်းပါ။
(ခ) ဘီကိုမိုင်း ၃-စီစီနှင့် HI-PK ၁၀၀စီစီကိုရေ(၁)လီတာနှင့် ရောဖျန်းပါ။ နို့ရည်မခဲချိန်ထိရ-၁၀ရက်ခြား ပက်ဖျန်းပါ။ |
ဗာ၃ဂျီးနီးယားဆေး |
၃-စီစီ |
ပျိုးခင်း | ပျိုးခင်း အနည်းဆုံး တစ်ကြိမ်ဖျန်းပါ |
စိုက်ခင်း | ၁၀-၁၅ရက်ခြား ပက်ဖျန်းပါ | ||
ကိုကိုး | ၃-စီစီ | သီးကင်းဝင်ချိန် | ၂ပတ်ခြား ပက်ဖျန်းပါ |
ကိုင်းဆက်သန်ဆေး | ကိုင်းဆက်ပင်များ ပလတ်စတစ်ခွာပြီး ၂ပတ်ပြည့်ချိန်ပက်ဖျန်းပါ။ သားတက်ကိုင်း ၁-ပေရောက်သည်အထိ ၁၄-ရက်ခြား ပက်ဖျန်းပါ။ |
သတိပြုရန်-
၁။ နှုန်းထားအတိအကျ သုံးစွဲပါ။
၂။ အကယ်၍အရွက်များ တွန့်လိမ်လာခြင်း၊ အဝါစက်များ ပေါ်လာခြင်းဖြစ်ပါက ရေချက်ချင်းဖျန်းပါ/သွင်းပါ။
၃။ အခြားပိုးသတ်ဆေး၊ ဓာတ်မြေသြဇာများနှင့် ရောဖျော်လိုပါက သတ်မှတ်ထားသော နှုန်းထားနှင့်ရေအနည်းငယ်ထည့်၍ပျော်ဝင်အောင်မွှေပြီး ရေထုထည် လျော့နည်းအောင်ပြုလုပ်၍ ပက်ဖျန်းပါ။
၄။ စပါးပင်ရွက်များတွင် ထိရောက်မှုကောင်းစေရန်အတွက် နံနက်၁၀နာရီ မတိုင်မီ ပက်ဖျန်းခြင်း ဆောင်ရွက်ပါ။