သုံးစွဲရန်အညွှန်း
သီးနှံအမည် | ရေ ၄ ဂါလံတွင် ရောစပ်ရမည့်နှုန်း | ပက်ဖျန်းရမည့်ကာလ |
နှံစားသီးနှံများ | ဟင်းစားဇွန်း (၄) ဇွန်း (၄၀ စီစီ) | (၂) ပတ်သားမှ နို့ရည်တည်ချိန်ထိ (၂၀) ရက်ခြား |
ပဲမျိုးစုံသီးနှံများ | ဟင်းစားဇွန်း (၃) ဇွန်း (၃၀ စီစီ) | (၂) ပတ်သားမှ သီးကင်းဝင်စထိ (၁၅ ) ရက်ခြား |
ဆီထွက်သီးနှံများ | ဟင်းစားဇွန်း (၄) ဇွန်း (၄၀ စီစီ) | (၂) ပတ်သားမှ သီးကင်းဝင်စထိ (၁၅ ) ရက်ခြား |
ဝါ ၊ ဂုံလျှော်နှင့်အမျှင်ထွက်သီးနှံများ | ဟင်းစားဇွန်း (၄) ဇွန်း (၄၀ စီစီ) | (၂) ပတ်သားမှ (၃) ရက်သားအထိ (၂၀) ရက်ခြား |
ဥစားသီးနှံများ | ဟင်းစားဇွန်း (၄) ဇွန်း (၄၀ စီစီ) | (၂) ပတ်သားမှ (၇၀) ရက်သားအထိ (၁၀)
ရက်ခြား |
ဟင်းသီးဟင်းရွက်သီးနှံများ | ဟင်းစားဇွန်း (၄) ဇွန်း (၄၀ စီစီ) | (၂) ပတ်သားမှ (၂) လသားအထိ (၁၀) ရက်ခြား |
နှစ်ရှည်သီးနှံများ | ဟင်းစားဇွန်း (၄) ဇွန်း (၄၀ စီစီ) | အပင် (၁) လသားမှ ဆွတ်ခူးချိန်မတိုင်မီ(၁) လလို (၂၀) ရက်ခြား |
သေချာစွာလှုပ်၍ အသုံးပြုပါ။
ခြောက်သွေ့၍ နေရောင်ခြည်တိုက်ရိုက် မထိသွေ့သောနေရာ တွင်သိမ်းဆည်းပါ။
အကျိုးကျေးဇူးများ
၁။ သီးနှံမျိုးစေ့ ၊ ပျိုးပင် ၊ ပျိုးကိုင်းတို့ကို မစိုက်ပျိုးမီ ဆေးရည် (၅)စီစီ ကိုရေ (၁) ဂါလံနှုန်းဖြင့် (၃)
နာရီကြာစိမ်ပြီး စိုက်ပျိုးခြင်းကြောင့် အပင်များပေါက်နှုန်း ကောင်းစေခြင်း ၊ အပင်ကြီးထွားဖွံ့ဖြိုး
မှုမြန်ဆန်ခြင်း ၊ ပုံမှန်ထွက်ရက်စောပြီး စိုက်ခင်းသို့ရွှေ့ပြောင်းစိုက်ပျိုးစေနိုင်ခြင်းစသည့်အကျိုး
ကျေးဇူးများရရှိပါသည်။
၂။ ရေကြီးခြင်း ၊မိုးခေါင်ခြင်း ၊ မိုးများခြင်း ၊ ပိုး/ရောဂါဖျက်စီးခြင်း ၊ စိုက်ပျိုးရေးဆေး ၊ အသုံးပြုမှုလွန်ကဲ
သွားခြင်း တို့ကြောင့် ထိခိုက်ချိနဲ့သွားသော အပင်များအား ပုံမှန်ဆေးနှုန်းထားထက် ထက်ဝက်
လျော့ပြီး (၇) ရက်ခြားတစ်ကြိမ်၊ နှစ်ကြိမ် ပက်ဖျန်းပါက ပြန်လည်ကောင်းမွန်လာစေပါသည်။
၃။ ဟိုက်ပါ ဘလက် – ပါဝါကို အညွှန်းပါအတိုင်း သီးနှံမျိုးစုံတွင် ပက်ဖျန်းသုံးစွဲပါက အရွက်ပေါ်
ရှိအကျိုးပြုအဏုဇီဝ ပိုး အရေအတွက် များလာ သောကြောင့်ပိုး / ရောဂါကျ ရောက်ဖျက်စီးနှုန်း
နည်းပါးစေခြင်း ၊ ပင်ပွားများစေခြင်း ၊ သီးကိုင်းပိုမိုထွက်ရှိစေခြင်း ၊ သီးတန်းရှည်စေခြင်း ၊ တစ်ပင်
ပါအောင်စေ့ ၊ အသီးအရေအတွက်များပြီး ၊ သီးနှံ အထွက်တိုးစေခြင်း ၊ သုံးစွဲမှု ကုန်ကျစရိတ်သက်
သာပြီးအထွက်နှုန်းကောင်းလျက်ဝင်ငွေများသောကြောင့် စိုက်ပျိုးရေးထုတ်လုပ်သူအတွက် စီးပွား
ရေးတွက်ခြေကိုက်ခြင်းတို့ဖြစ်ပါသည်။