အသုံးပြုနည်း
သီးနှံ | အသုံးပြုရန်အချိန် | နှိမ်နှင်းနိုင်သော ပေါင်းမြက်များ | တစ်ဧကနှုန်းထား |
ကြက်သွန်နီ | မျိုးစေ့ကြဲပြီး (သို့) ရွှေ့ပြောင်း စိုက်ပြီး (ရွက်စစ်) မူမှန်ရွက်၊ (၂) ရွက်ထွက်ချိန် ၊ စိုက်ပြီး (၂) ရက်အတွင်း | ဘဲစာမြက် ၊ လေးခွမြက် ၊ ပန်းတော်ဖြူ ၊ ခွေးမြီးပုပ် ၊ ဆင်ငိုမြက် ၊ မြက်ကြိမ် ၊ စပါးရိုင်း ၊ မောင်ရင်ငို ၊ ဒေါင်းမြီးပျံ ၊ လက်သဲခွ ၊ ဘုတ်ထောင် ၊ ဗောက်ခွေး ၊ ဆူးလေးငယ် ၊ ဟင်းနုနွယ် ဆူးပေါက် ၊ သဲပုရစ် ၊ ကျွဲကျောင်းမင်းဆေး ၊ မြူပင်။ | ၁.၂၅ – ၂ လီတာ |
ကြက်သွန်ဖြူ | မျိုးစေ့စိုက်ပြီး | ၁.၆ – ၂.၅ လီတာ | |
ဝါ | မျိုးစေ့စိုက်ပြီး ပေါင်းမပေါက်မီ | ၁.၆ – ၂.၅ လီတာ | |
ပဲတီစိမ်း ၊ မတ်ပဲ ၊ ပဲပုပ် ၊ မြေပဲနှင့်ပဲမျိုးစုံ၊ နေကြာ။ | မျိုးစေ့ချပြီး | ၁.၆ – ၂.၅ လီတာ | |
ငရုတ် ၊ ခရမ်းချဉ် ၊ အာလူး | ရွှေ့ပြောင်းမစိုက်မီ မြေပြင်ဖျန်းရန် | ၁.၆ – ၂.၅ လီတာ | |
ရှောက်မျိုးနွယ်ပင်များ (ရှောက် ၊ သုံပုရာ ၊ လိမ္မော် ၊ ကျွဲကော) |
တိုက်ရိုက် မြေပြင်ဖျန်းရန် | ၁.၆ – ၂.၅ လီတာ |
မှတ်ချက်။ ပေါင်းနှိမ်နင်းမှု ထိရောက်စေရန် ပေါင်းသတ်ဆေးပြန့်နှံ့မှု ကောင်းစေရန် –
(၁) သီးနှံစိုက်ခင်းတွင် မြေဆိုင်ခဲများမရှိစေရန်အတွက် ထွန်ရေးညက်ညက် ထွန်ထားရမည်။
(၂) မြေတွင် အစိုဓါတ်ရှိနေရမည်။
(၃) ဆေးဖျန်းပြီးနောက် (၅) ရက်အတွင်း မြေခြောက်သွေ့နေပါက ရေစိုစွတ်ရုံသွင်းပေးပါ။