Marlarmyaing for All. Let's grow together !

အမ် – ပရိုဒ် ၃၃ % အီးစီ

အသုံးပြုနည်း

သီးနှံ အသုံးပြုရန်အချိန် နှိမ်နှင်းနိုင်သော ပေါင်းမြက်များ တစ်ဧကနှုန်းထား
  ကြက်သွန်နီ မျိုးစေ့ကြဲပြီး (သို့) ရွှေ့ပြောင်း စိုက်ပြီး (ရွက်စစ်) မူမှန်ရွက်၊ (၂) ရွက်ထွက်ချိန် ၊ စိုက်ပြီး (၂) ရက်အတွင်း ဘဲစာမြက် ၊ လေးခွမြက် ၊ ပန်းတော်ဖြူ ၊ ခွေးမြီးပုပ် ၊ ဆင်ငိုမြက် ၊ မြက်ကြိမ် ၊ စပါးရိုင်း ၊ မောင်ရင်ငို ၊ ဒေါင်းမြီးပျံ ၊ လက်သဲခွ ၊ ဘုတ်ထောင် ၊ ဗောက်ခွေး ၊ ဆူးလေးငယ် ၊ ဟင်းနုနွယ် ဆူးပေါက် ၊ သဲပုရစ် ၊ ကျွဲကျောင်းမင်းဆေး ၊ မြူပင်။   ၁.၂၅ – ၂ လီတာ
  ကြက်သွန်ဖြူ   မျိုးစေ့စိုက်ပြီး   ၁.၆ – ၂.၅ လီတာ
  ဝါ   မျိုးစေ့စိုက်ပြီး ပေါင်းမပေါက်မီ   ၁.၆ – ၂.၅ လီတာ
ပဲတီစိမ်း ၊ မတ်ပဲ ၊ ပဲပုပ် ၊ မြေပဲနှင့်ပဲမျိုးစုံ၊ နေကြာ။   မျိုးစေ့ချပြီး ၁.၆ – ၂.၅ လီတာ
  ငရုတ် ၊ ခရမ်းချဉ် ၊ အာလူး   ရွှေ့ပြောင်းမစိုက်မီ မြေပြင်ဖျန်းရန် ၁.၆ – ၂.၅ လီတာ

ရှောက်မျိုးနွယ်ပင်များ (ရှောက် ၊ သုံပုရာ ၊ လိမ္မော် ၊ ကျွဲကော)

 တိုက်ရိုက် မြေပြင်ဖျန်းရန် ၁.၆ – ၂.၅ လီတာ

မှတ်ချက်။ ပေါင်းနှိမ်နင်းမှု ထိရောက်စေရန် ပေါင်းသတ်ဆေးပြန့်နှံ့မှု ကောင်းစေရန် –

(၁) သီးနှံစိုက်ခင်းတွင် မြေဆိုင်ခဲများမရှိစေရန်အတွက် ထွန်ရေးညက်ညက် ထွန်ထားရမည်။

(၂) မြေတွင် အစိုဓါတ်ရှိနေရမည်။

(၃) ဆေးဖျန်းပြီးနောက် (၅) ရက်အတွင်း မြေခြောက်သွေ့နေပါက ရေစိုစွတ်ရုံသွင်းပေးပါ။

ရမ်ပူတော့ ၄၅ % ဒဗလျူပီ

အသုံးပြုရန်အညွှန်း

သီးနှံ ပေါင်းပင်အမျိုးအစား တစ်ဧကနှုန်းထား မှတ်ချက်
စပါး ၊ ဂျုံ အခြားသီးနှံများ ကညွတ်၊ ပြောင်း ၊စပျစ် စတော်ဘယ်ရီ ၊ ကြံ  ရွက်ပြန့်ပေါင်းများ ၊ ရေညှိရေမှော်များ ၆ ၂၅ – ၈၅၀ (ဂရမ်)/တစ်ဧက (ရေ ၄ ဂါလံတွင် ဆေး ၅၄-၇၂ ဂရမ် နှုန်းဖျော်စပ်ပါ) ၁။ လုပ်အားစရိတ်သက်သာ စေရန် စပါး မြေသြဇာကျွေးချိန်တွင် တစ်ချိန်တည်း ရောပက်ကျွေးနိုင်သည်။

၂။ ဖျန်းဆေးအဖြစ် သုံးလိုပါက စပါးစိုက်ပြီး ၂၁ ရက်သားတွင် ပက်ဖျန်းနိုင်သည်။ စပါးအနှံထွက်ချိန်တွင် မဖျန်းရပါ။

၃။ M Furan ပိုးသတ်ဆေး အခဲ (သို့မဟုတ်) မြေသြဇာများနှင့် ရောနှော အသုံးပြုနိုင်သည်။

  • အပင်လောင်ကျွမ်းမှု တွေ့ရှိနိုင်သော်လည်း ပျိုးပင်များ ဆေးဖျန်းပြီး (၃) ပတ်အကြာတွင် ပြန်လည်သန်စွမ်းလာမည် ဖြစ်ပါသည်။
  • ဆေးဖျန်းပြီး ၁၂ နာရီကြာမှသာ ကွင်းထဲသို့ ပြန်ဝင်ရပါမည်။

စီဂျီနေး ၆၀ % အီးဒဗလျူ

သီးနှံ ပေါင်းအမျိုးအစား ဆေးဖျန်းရန် အချိန် နှုန်းထားဧက (လီတာ/ဧက)
    စပါး ကတောက်ဆတ် ၊ မှိုနတို ၊ ပန်းတော်ဖြူ ၊ ထိကရုန်း ၊ ပေါင်းလေးညှင်း ၊ မြက် မုံညင်းအစိမ်း ၊ မြက်ကွမ်းသီးကြီး ၊ မြက်သီး ၊ ဘဲစားမြက် ၊ မြက်ခါး ၊ မြက်ချို ၊ ဒေါင်းမြီးပျံ   စိုက်ပြီး (၅/၇) ရက် အကြာ စိုက်ပြီး (၁၀/၁၄) ရက် အကြာ ၁ လီတာ (ဆေးဖျန်းချိန်) မြေသားစိုစွတ်နေရမည်။ ၂-၄ လီတာ (ဆေးဖျန်းပြီး ၂/၅ ရက်အကြာ ရေသွင်း ထားပါ) ရေကို ၁၀ ရက် ခန့်ထားပါ။
  • ဆေးမဖျန်းမီ (သို့) ဆေးဖျန်းပြီး (၇) ရက်အတွင်း ပိုးသတ်ဆေးမဖျန်းရ။
  • ဆေးဖျန်းပြီး အရွက်များဝါလာသော်လည်း မစိုးရိမ်ရပါ။
  • ရေလွှမ်းပြီး တစ်ပတ်အကြာ ပြန်ကောင်းပါမည်။

ဆီးရီးယက်(စ်) ၁၀ % ဒဗလျူပီ

သုံးစွဲရန်အညွှန်း              (၄) ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် (၆-၁၀) ဂရမ်နှုန်း ဖျော်စပ်ပါ။

သီးနှံ သုံးစွဲရန်အချိန် ပေါင်းပင်အမျိုးအစား နှုန်းထား (ဂရမ်/ဧက)
  စပါး ရွှေ့ပြောင်းစိုက်ပြီး ၅-၇ ရက် အတွင်း အသုံးပြုပါ။ (တစ်ရာသီ-တစ်ကြိမ်ထက် ပိုမဖျန်းသင့်ပါ။) ကတောက်ဆတ်၊ ပေါင်းလေးညှင်း၊ မြက်မုံညှင်းအဝါ၊ မြက်ကွမ်းသီးလေး၊ တလိုင်းခေါင်း၊ကချေသည်မြက်၊ ဘဲစာမြက်       ၆၀ – ၁၀၀

အသုံးပြုပုံ – ရေအနက် ၃ စင်တီမီတာရှိရမည်။ နော်ဇယ်ခေါင်းဖြုတ်၍ ဆေးဖျန်းတံဖြင့်သာစိုက်ခင်းရေမျက်နှာပြင်ပေါ်သို့  ပက်ဖျန်းပါ။ရေအနက် ၃ စင်တီမီတာကို (၇) ရက်ထိန်းပါ။

ဆေးဖျန်းပြီး ပြန်လည်ဝင်ရောက်ရမည့်ကာလ – ဆေးဖျန်းပြီးသည်နှင့် ဝင်ရောက်နိုင်ပါသည်။ သီးသန့်အဆိပ်ဖြေဆေး မရှိပါ။ ဖြစ်ပေါ်လာသော လက္ခဏာအရ ကုသပါ။

အမ်- စပိုင်

သုံးစွဲရန်အညွှန်း

တိုက်ရိုက်အစေ့ချ (ကျဲပက်) စိုက်ခင်းနှင့် ရွှေ့ပြောင်းစိုက်ခင်းများ အတွင်းစိုက်ပျိူးပြီး (၂၀-၃၀)ရက်အတွင်း ရေ(၄)ဂါလံဆေးဖျန်းပုံး တစ်ပုံးလျှင်(၃၀)ဂရမ်နှုန်း ရောစပ်အသုံးပြုပါ။

နှိမ်နှင်းနိုင်သော မြက်မျိုးများ – ငသယောင်း(တက်ကွက်)၊ မြတ်သီး၊ ဘုတ်ထောင်၊ ဘဲစာမြက်၊မြက်မုံညှင်းစိမ်း၊ ကတောက်ဆတ်၊ တလိုင်ခေါင်း၊ မြက်မုံညှင်းဝါ၊ မှိုနတို။

နွေစပါး စိုက်ခင်းများတွင် ဆိုးရွားစွာ ပေါက်ရောက်ထိခိုက်စေသော မြက်သီး (Echinochloa Spp:) များကို ထိရောက်စွာ နှိမ်နင်းနိုင်သော ပင်လုံးပြန့်အာနိသင်ရှိ ပေါင်းသတ်ဆေးဖြစ်သည်။ အခြားသော မြက်မျိုးရင်းများ ၊ မြက်မုံညှင်းနှင့် ရွက်ပြန့်ပေါင်းများကိုလည်း နှိမ်နှင်းနိုင်သည်။ စပါးစိုက်ပြီးချိန်တွင် သုံးစွဲနိုင်သကဲ့သို့ မစိုက်မီတွင်လည်း ပက်ဖျန်းသုံးစွဲနိုင်သည်။ ဆေးကို ပေါင်းမြက်၏ အရွက်နှင့်အမြစ်များက စုပ်ယူနိုင်သည်။

လိုက်နာရန် –

(၁)     သတ်မှတ်ဆေးညွှန်းအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ပါ။

(၂)      ဆေးဖျန်းပြီး (၂-၃)ရက်တွင်းရေပြန်သွင်းပါ။

(၃)      ဆေးဖျန်းပြီး တစ်ပတ်အကြာတွင် မြေသြဇာကျဲပက်ပါ။

(၄)      စပါးမှလွဲ၍ အခြားသီးနှံများတွင် လုံးဝ မသုံးစွဲရပါ။

အခြား မည်သည့်ဆေးနှင့်မျှ ရောစပ် မသုံးစွဲရ။

သီးသန့်အဆိပ်ဖြေဆေး မရှိပါ။ ဖြစ်ပေါ်လာသော လက္ခဏာအရ ကုသပါ။

အမ်-ပေါင်းရှင်း ၃၂ % ဒဗလျူပီ

၁။        နှိမ်နင်းနိုင်သော ပေါင်းမြက်များ

မြက်သီး ၊ မြက်မုံညင်း ၊ ကတောက်ဆတ် ၊ လယ်ပဒူ ၊ မှိုနတို ၊ ပေါင်းလေညှင်း ၊ မြက်ကွမ်းသီး ၊ ရေကညွတ် နှင့်တစ်နှစ်ခံ ပေါင်း ၊ ပေါင်းအမျိုးမျိုး သေစေနိုင်ပါသည်။

၂။        အမ်-ပေါင်းရှင်းသုံးစွဲရန် အညွှန်း

တိုက်ရိုက် အစေ့ချစိုက်ခင်း / ရွှေ့ပြောင်းစိုက်ခင်းများအတွက် မျိုးစေ့ကြဲပြီး / ပြောင်းရွှေ့ စိုက်ပြီး (၁၀-၁၅) ရက်သားမှ စတင်အသုံးပြုနိုင်ပါသည်။

ရေ (၄) ဂါလံ ဆေးဖျန်းပုံး (၁) ပုံးတွင် အမ်-ပေါင်းရှင်း ၃၂ % ဒဗလျူပီ (၁၀၀) ဂရမ်ဆေး (၁) ထုပ်ကို ရေတွင် သေချာစွာ ဖျော်စပ်ပြီး (၁) ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံးနှုန်း နှံ့စပ်အောင်ဖျန်းပက်ပါ။

၃။        သတိပြုရန် အချက်များ

  • ဆေးမဖျန်းမီ (၁-၂) ရက် ကြိုတင်၍ ရေပြောင်အောင် ထုတ်ထားပါ။
  • ဆေးဖျန်းမည့်လယ်မြေသည် မြေမျက်နှာပြင်ညီညာပြီး ရေအစိုဓါတ် ရှိရမည်။
  • ဆေးဖျန်းပြီး (၂) ရက်အတွင်း ရေပြန်သွင်းပေးပါ။
  • ဆေးဖျန်းပြီး (၇) ရက်ကျော်မှ ဓါတ်မြေသြဇာ ကြဲပက်ပါ။

အင်ကွမ်းအေမင်း ၅၅၀ % အက်(စ်)အယ်(လ်)

စပါး ၊ ဂျုံ ၊ ရာဘာ ၊ ဆီအုန်း ၊ ကြံ နှင့် စိုက်ပျိုးမြေမဟုတ်သော မြေလွတ်များတွင် ပေါင်းနှိမ်နင်းရန် အထူး သင့်လျော်သော ရွေးချယ်ပေါင်းသတ်ဆေး ဖြစ်သည်။

သုံးစွဲရန်အညွှန်း                                   (ရေတစ်ဂါလံတွင် ၁၅ – ၂၀ စီစီနှုန်း ဖျော်စပ်ပါ)

  သီးနှံအမည်   နှိမ်နှင်းနိုင်သောပေါင်းပင်များ   တစ်ဧကဆေးနှုန်းထား

  စပါး

(၁) တိုက်ရိုက် အစေ့ချ အပင်ပေါက်ပြီး ၁၅ – ၃၅ ရက်

  ဝမ်းဘဲစာမြက် ၊ မြက်မုံညှင်းစိမ်း ၊   မြက်မုံညှင်းဝါ ၊ မြက်ကွမ်းသီး ၊  ဝက်လာ ၊ ကတောက်ဆတ် လယ်ပဒူ ၊ လယ်လေးညှင်း ၊ ဗေဒါ ၊ ကနဖေါ့ ဇာမဏီပေါင်း ၊ မှိုနတို ၊ မက်ဆီပက် (ရာကျော်ပေါင်း) ၊ ထိကရုန်း ၊ ဟင်းနုနွယ်ဆူးပေါက်    ၃၆၀ – ၁၀၀၀ စီစီ
  (၂) ပျိုးထောင်စိုက်ကောက်စိုက်ပြီး ၂၀ – ၃၀ ရက်
ရာဘာ (၁ နှစ် နှင့်အထက်)   ၆၄၀ – ၁၂၈၀ စီစီ
ဆီအုန်း (၃ နှစ်အထက်)   ၆၄၀ – ၁၂၈၀ စီစီ
ပြောင်း ၊ ဂျုံ ၊ ကြံ   ၁၂၈၀ – ၂၆၈၀ စီစီ

စပါးမျိုးစေ့ အညှောင့်ပေါက်နေစဉ် ဆေးမဖျန်းရ ။ ဆေးမဖျန်းမီ စပါးခင်းတွင် ရေအနည်းငယ်ရှိရန် လိုအပ်သည်။ ပေါင်းပင်သာ သေစေပြီး သီးနှံပင်ကို အန္တရယ်မဖြစ်စေပါ။ စပါးအဖူး ၊ အနှံထွက်ချိန်နှင့် စပါးမရိတ်သိမ်းမီ (ရက် ၆၀ ) မှစ၍ ဆေးမဖျန်းရ။ အညွှန်းတွင် မပါသော သီးနှံများပေါ်တွင် ပက်ဖျန်းခြင်း မပြုရ။ ဆေးဖျန်းထားသော နေရာတွင် ပေါင်းမြက်များ ခြောက်သွေ့သွားပြီးမှသာ ဝင်ရောက်ခွင့်ပြုပါ။

အမ်-မိုဇုန်း ၂၇.၆ % အက်(စ်)အယ်(လ်)

အသုံးပြုနည်း

သီးနှံ သုံးစွဲရန်အချိန် ပေါင်းပင်အမျိုးအစား နှုန်းထား

 

လီတာ / ဧက

စပါး စတင်မစိုက်ပျိုးမီ မြက်မျိုးရင်းဝင်ပေါင်း ၊ မြက်မုံညှင်း ၊ ရွက်ပြန့်ကားပေါင်းများ   ၁ – ၂
  ပဲမျိုးစုံ   စတင်မစိုက်ပျိုးမီ မြက်မျိုးရင်းဝင်ပေါင်း ၊ မြက်မုံညှင်း ၊ ရွက်ပြန့်ကားပေါင်းများ   ဝ.၈ – ၁.၅
ပြောင်း စတင်မစိုက်ပျိုးမီနှင့် လိုင်းကြားရှင်းခြင်း မြက်မျိုးရင်းဝင်ပေါင်း ၊ မြက်မုံညှင်း ၊ ရွက်ပြန့်ကားပေါင်းများ   ၁ – ၂
မြေပဲ စတင်မစိုက်ပျိုးမီ လိုင်းကြားရှင်းခြင်း မြက်မျိုးရင်းဝင်ပေါင်း ၊ မြက်မုံညှင်း ၊ ရွက်ပြန့်ကားပေါင်းများ   ၁ – ၂
ဝါး ၊ ကြံ စတင်မစိုက်ပျိုးမီ လိုင်းကြားရှင်းခြင်း မြက်မျိုးရင်းဝင်ပေါင်း ၊ မြက်မုံညှင်း ၊ ရွက်ပြန့်ကားပေါင်းများ   ၁ – ၂
သစ်သီး ပင်များ လိုင်းကြားရှင်းခြင်း ပင်ခြေရှင်းခြင်း မြက်မျိုးရင်းဝင်ပေါင်း ၊ မြက်မုံညှင်း ၊ ရွက်ပြန့်ကားပေါင်းများ   ၁ . ၅-၃
နှစ်ရှည် ပင်များ လိုင်းကြားရှင်းခြင်း ပင်ခြေရှင်းခြင်း မြက်မျိုးရင်းဝင်ပေါင်း ၊ မြက်မုံညှင်း ၊ ရွက်ပြန့်ကားပေါင်းများ   ၁.၅ – ၃
ဟင်းသီး ဟင်းရွက် မြေလှပ်ချိန် ၊ စတင် မစိုက်ပျိုးမီ ၊ ပြောင်းရွှေ့ မစိုက်ပျိုးမီ ၊ လိုင်းကြား ရှင်းခြင်း မြက်မျိုးရင်းဝင်ပေါင်း ၊ မြက်မုံညှင်း ၊ ရွက်ပြန့်ကားပေါင်းများ   ၁ – ၂

အမ်-ဒရိုဂျင် ၂၀ % ဒဗလျူပီ

အသုံးပြုရန်အညွှန်း                     ရေတစ်ဂါလံလျှင်ဆေး (၁၅ – ၂၀) ဂရမ်နှုန်း ဖျော်စပ်သုံးစွဲပါ။

  သီးနှံများ   ရောဂါများ   နှုန်းထား ဂရမ် / ဧက
စပါး ၊ ပြောင်း ၊ ဂျုံ ဘက်တီးရီးယား ၊ ရွက်စင်းရောဂါ ၊ ဘက်တီးရီးယားရွက်ခြောက်ရောဂါ ၊ ပင်ခြေပုပ်ရောဂါ ၆၀၀ – ၇၅၀
 ခရမ်းချဉ် ၊ ငရုတ် ၊ မြေပဲ  ဘက်တီးရီးယားပင်ညှိုးရောဂါ ၊ ဖြူစေရီယမ်ပင်ညှိုးရောဂါ   ၆၀၀ – ၇၅၀
ဖရဲ ၊ သခွား ၊ သခွားမွှေး ထောင့်ကွက်လက်မဲရောဂါ ၊ ဖြူစေရီယမ်ပင်ညှိုးရောဂါ ၆၀၀ – ၇၅၀
ကြက်သွန်ုဖြူ / နီ ၊ ဂေါ်ဖီထုပ် ၊ ပန်းဂေါ်ဖီ ဘက်တီးရီးယားပျော့ပုပ်ရောဂါ ၊ ဘက်တီးရီးယားရွက်ပြောက်ရောဂါ   ၆၀၀ – ၇၅၀
 ဆေးရွက်ကြီး  ဘက်တီးရီးယားရွက်ပြောက်ရောဂါ ၊ ဘက်တီးရီးယားပင်ညှိုးရောဂါ   ၆၀၀ – ၇၅၀
သစ်သီးဝလံ ၊ ပန်းမန် ဘက်တီးရီးယားရွက်ပြောက်ရောဂါ ၊ ဘက်တီးရီးယားပျော့ပုပ်ရောဂါ   ၆၀၀ – ၇၅၀
ဝါ ထောင့်ကွက်လက်မဲရောဂါ   ၆၀၀ – ၇၅၀
ရှောက် ၊ သံပုရာ ၊ ကျွဲကော ၊ ငှက်ပျော  ကင်ကာရောဂါ ၊ အကြေးဖတ်ရောဂါ ၊ ရွက်ပြောက်ရောဂါ   ၆၀၀ – ၇၅၀

ဆေးဖျန်းပြီး (၁၄)ရက်ကျော်လွန်မှသာ ခူးဆွတ်ရိတ်သိမ်းပါ။

သီးသန့်အဆိပ်ဖြေဆေး မရှိပါ။ ဖြစ်ပေါ်လာသော လက္ခဏာအရ ကုသပါ။

အမ်-ထရစ် ၈၀ % ဒဗလျူပီ

အောက်ပါ အညွှန်းအတိုင်း သုံးစွဲပါ (ရေ (၄) ဂါလံဝင် ဆေးဖျန်းတစ်ပုံးလျှင် (၅၀ – ၁၅၀) ဂရမ်နှုန်း)

  သီးနှံအမည်   ရောဂါ   နှုန်းထား (ဂရမ် / ဧက)
ပဲမျိုးစုံ အမြစ်ပုပ် ၊ ပင်ခြေပုတ် ၅၀၀ – ၁၀၀၀
ကုလားပဲ ခါးရိ ၊ပင်ညှိုး ၅၀၀ – ၈၀၀
ပန်းသီး ရွက်ညိုပြောက် ၁၀၀၀- ၁၅၀၀
ပြောင်း ပင်စည်ပုပ် ၊ အမြစ်ပုတ် ၅၀၀ – ၁၀၀၀
သရက် ဘက်တီးရီးယား ရောင်မညီကွက်ကြား ၁၀၀၀ – ၁၅၀၀
ရှောက် ၊ သံပုရာ ကင်ကာ ၁၀၀၀ – ၁၅၀၀
ဒူးရင်း ကင်ကာ ၊ အမြစ်ပုပ် ၁၀၀၀ – ၁၅၀၀
ငရုတ် ၊အာလူး ၊ ခရမ်းချဉ် နှောင်းပင်နာကျ ၊ ခါးရိ ၊ ဘက်တီးရီးယားရွက်ခြောက် ၊ ၅၀၀ – ၁၀၀၀
နာနတ် ပင်စည်ပုပ် ၅၀၀ – ၁၀၀၀
ကြက်သွန် ၊ ကြက်သွန်တောက်တဲ့မြီး ၅၀၀ – ၈၀၀
စပျစ် ဒေါင်းနီးရွက်ခြောက် ၅၀၀ – ၈၀၀
ဟင်းသီးဟင်းရွက် ဘက်တီးရီးယားလောင်းမဲ ၅၀၀ – ၁၀၀၀

အခြားအချက်အလက်များ

ဆေးဖျန်းပြီး စောင့်ဆိုင်းရမည့်ရက် (၇ – ၁၄) ရက်