Marlarmyaing for All. Let's grow together !

အမ်ပေါင်း ၃၀% အီးစီ

အောက်ပါအညွှန်းအတိုင်းသုံးစွဲပါ။

သီးနှံ ပေါင်းပင်များ နှုန်းထား

စီစီ / ဧက

 စပါး  ခွေးမြီးပုတ် ၊ မြက်သီး ၊ ဆင်ငိုမြက် ၊ ကချေသည်မြက် ၊ ဒေါင်းမြီးပျံ ၊ မြက်မုံညှင်း ၊ မြက်မုံညှင်းအဝါ ၊ မြက်မုံညှင်းအစိမ်း ၊ ဝက်လာ ၊ ရေကညွတ် ၊ မှိုနတို ၊ ကတောက်ဆတ် ၊ လယ်ပဒူ  ၄၀၀ – ၆၀၀

စပါးခင်းတွင် ပေါင်းမပေါက်မီအသုံးပြုရသော စပါးရွေးချယ်ပေါင်းသတ်ဆေး ဖြစ်ပါသည်။

ရေ(၄) ဂါလံဝင် ဆေးဖျန်းပုံး (၁) ပုံးလျှင် အမ်ပေါင်း (၁၀၀) စီစီ အသုံးပြုပါ။ ရွှေ့ပြောင်းစိုက်ပြီး

(သို့မဟုတ်) ကြဲပက်ပြီး (၁ – ၃) ရက်အတွင်းဆေးဖျန်းပါ။ စပါးခင်းတွင် ရေပြောင်းစင်အောင်

ဖောက်ထုတ်ပြီးမှ ဆေးဖျန်းပါ။ သမန်းပြင်ကို နေရာလွတ် မကျန်အောင် နှံ့နှံ့စပ်စပ် ဖျန်းပါ။

အမ်ပေါင်းဖျန်းပြီး (၃) ရက်အတွင်း ရေသွင်းရေထုတ် မပြုလုပ်ပါနှင့်။ အမ်ပေါင်းဖျန်းပြီး (၃) ရက်ကြာလျှင် ရေသွင်းပေးပါက ပိုမိုထိရောက်စေနိုင်ပါသည်။ ဆေးဖျန်းပြီး (၄) နာရီအတွင်းမိုးရွာလျှင် ထပ်မံဆေးဖျန်းရန် လိုအပ်ပါသည်။ ဆေးဖျန်းထားသော စပါးခင်းကို ရေမပြတ်အောင် ထားနိုင်ပါက ပေါင်းမပေါက်တော့ပါ။ ဆေးဖျော်စပ်ရာတွင် ရေကြည်ရေသန့်ကိုသာအသုံးပြုပါ။

ရမ်ပူတော့ ၄၅ % ဒဗလျူပီ

အသုံးပြုရန်အညွှန်း

သီးနှံ ပေါင်းပင်အမျိုးအစား တစ်ဧကနှုန်းထား မှတ်ချက်
စပါး ၊ ဂျုံ အခြားသီးနှံများ ကညွတ်၊ ပြောင်း ၊စပျစ် စတော်ဘယ်ရီ ၊ ကြံ  ရွက်ပြန့်ပေါင်းများ ၊ ရေညှိရေမှော်များ ၆ ၂၅ – ၈၅၀ (ဂရမ်)/တစ်ဧက (ရေ ၄ ဂါလံတွင် ဆေး ၅၄-၇၂ ဂရမ် နှုန်းဖျော်စပ်ပါ) ၁။ လုပ်အားစရိတ်သက်သာ စေရန် စပါး မြေသြဇာကျွေးချိန်တွင် တစ်ချိန်တည်း ရောပက်ကျွေးနိုင်သည်။

၂။ ဖျန်းဆေးအဖြစ် သုံးလိုပါက စပါးစိုက်ပြီး ၂၁ ရက်သားတွင် ပက်ဖျန်းနိုင်သည်။ စပါးအနှံထွက်ချိန်တွင် မဖျန်းရပါ။

၃။ M Furan ပိုးသတ်ဆေး အခဲ (သို့မဟုတ်) မြေသြဇာများနှင့် ရောနှော အသုံးပြုနိုင်သည်။

  • အပင်လောင်ကျွမ်းမှု တွေ့ရှိနိုင်သော်လည်း ပျိုးပင်များ ဆေးဖျန်းပြီး (၃) ပတ်အကြာတွင် ပြန်လည်သန်စွမ်းလာမည် ဖြစ်ပါသည်။
  • ဆေးဖျန်းပြီး ၁၂ နာရီကြာမှသာ ကွင်းထဲသို့ ပြန်ဝင်ရပါမည်။

စီဂျီနေး ၆၀ % အီးဒဗလျူ

သီးနှံ ပေါင်းအမျိုးအစား ဆေးဖျန်းရန် အချိန် နှုန်းထားဧက (လီတာ/ဧက)
    စပါး ကတောက်ဆတ် ၊ မှိုနတို ၊ ပန်းတော်ဖြူ ၊ ထိကရုန်း ၊ ပေါင်းလေးညှင်း ၊ မြက် မုံညင်းအစိမ်း ၊ မြက်ကွမ်းသီးကြီး ၊ မြက်သီး ၊ ဘဲစားမြက် ၊ မြက်ခါး ၊ မြက်ချို ၊ ဒေါင်းမြီးပျံ   စိုက်ပြီး (၅/၇) ရက် အကြာ စိုက်ပြီး (၁၀/၁၄) ရက် အကြာ ၁ လီတာ (ဆေးဖျန်းချိန်) မြေသားစိုစွတ်နေရမည်။ ၂-၄ လီတာ (ဆေးဖျန်းပြီး ၂/၅ ရက်အကြာ ရေသွင်း ထားပါ) ရေကို ၁၀ ရက် ခန့်ထားပါ။
  • ဆေးမဖျန်းမီ (သို့) ဆေးဖျန်းပြီး (၇) ရက်အတွင်း ပိုးသတ်ဆေးမဖျန်းရ။
  • ဆေးဖျန်းပြီး အရွက်များဝါလာသော်လည်း မစိုးရိမ်ရပါ။
  • ရေလွှမ်းပြီး တစ်ပတ်အကြာ ပြန်ကောင်းပါမည်။

ဆီးရီးယက်(စ်) ၁၀ % ဒဗလျူပီ

သုံးစွဲရန်အညွှန်း              (၄) ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် (၆-၁၀) ဂရမ်နှုန်း ဖျော်စပ်ပါ။

သီးနှံ သုံးစွဲရန်အချိန် ပေါင်းပင်အမျိုးအစား နှုန်းထား (ဂရမ်/ဧက)
  စပါး ရွှေ့ပြောင်းစိုက်ပြီး ၅-၇ ရက် အတွင်း အသုံးပြုပါ။ (တစ်ရာသီ-တစ်ကြိမ်ထက် ပိုမဖျန်းသင့်ပါ။) ကတောက်ဆတ်၊ ပေါင်းလေးညှင်း၊ မြက်မုံညှင်းအဝါ၊ မြက်ကွမ်းသီးလေး၊ တလိုင်းခေါင်း၊ကချေသည်မြက်၊ ဘဲစာမြက်       ၆၀ – ၁၀၀

အသုံးပြုပုံ – ရေအနက် ၃ စင်တီမီတာရှိရမည်။ နော်ဇယ်ခေါင်းဖြုတ်၍ ဆေးဖျန်းတံဖြင့်သာစိုက်ခင်းရေမျက်နှာပြင်ပေါ်သို့  ပက်ဖျန်းပါ။ရေအနက် ၃ စင်တီမီတာကို (၇) ရက်ထိန်းပါ။

ဆေးဖျန်းပြီး ပြန်လည်ဝင်ရောက်ရမည့်ကာလ – ဆေးဖျန်းပြီးသည်နှင့် ဝင်ရောက်နိုင်ပါသည်။ သီးသန့်အဆိပ်ဖြေဆေး မရှိပါ။ ဖြစ်ပေါ်လာသော လက္ခဏာအရ ကုသပါ။

အမ်- စပိုင်

သုံးစွဲရန်အညွှန်း

တိုက်ရိုက်အစေ့ချ (ကျဲပက်) စိုက်ခင်းနှင့် ရွှေ့ပြောင်းစိုက်ခင်းများ အတွင်းစိုက်ပျိူးပြီး (၂၀-၃၀)ရက်အတွင်း ရေ(၄)ဂါလံဆေးဖျန်းပုံး တစ်ပုံးလျှင်(၃၀)ဂရမ်နှုန်း ရောစပ်အသုံးပြုပါ။

နှိမ်နှင်းနိုင်သော မြက်မျိုးများ – ငသယောင်း(တက်ကွက်)၊ မြတ်သီး၊ ဘုတ်ထောင်၊ ဘဲစာမြက်၊မြက်မုံညှင်းစိမ်း၊ ကတောက်ဆတ်၊ တလိုင်ခေါင်း၊ မြက်မုံညှင်းဝါ၊ မှိုနတို။

နွေစပါး စိုက်ခင်းများတွင် ဆိုးရွားစွာ ပေါက်ရောက်ထိခိုက်စေသော မြက်သီး (Echinochloa Spp:) များကို ထိရောက်စွာ နှိမ်နင်းနိုင်သော ပင်လုံးပြန့်အာနိသင်ရှိ ပေါင်းသတ်ဆေးဖြစ်သည်။ အခြားသော မြက်မျိုးရင်းများ ၊ မြက်မုံညှင်းနှင့် ရွက်ပြန့်ပေါင်းများကိုလည်း နှိမ်နှင်းနိုင်သည်။ စပါးစိုက်ပြီးချိန်တွင် သုံးစွဲနိုင်သကဲ့သို့ မစိုက်မီတွင်လည်း ပက်ဖျန်းသုံးစွဲနိုင်သည်။ ဆေးကို ပေါင်းမြက်၏ အရွက်နှင့်အမြစ်များက စုပ်ယူနိုင်သည်။

လိုက်နာရန် –

(၁)     သတ်မှတ်ဆေးညွှန်းအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ပါ။

(၂)      ဆေးဖျန်းပြီး (၂-၃)ရက်တွင်းရေပြန်သွင်းပါ။

(၃)      ဆေးဖျန်းပြီး တစ်ပတ်အကြာတွင် မြေသြဇာကျဲပက်ပါ။

(၄)      စပါးမှလွဲ၍ အခြားသီးနှံများတွင် လုံးဝ မသုံးစွဲရပါ။

အခြား မည်သည့်ဆေးနှင့်မျှ ရောစပ် မသုံးစွဲရ။

သီးသန့်အဆိပ်ဖြေဆေး မရှိပါ။ ဖြစ်ပေါ်လာသော လက္ခဏာအရ ကုသပါ။

အမ်-ပေါင်းရှင်း ၃၂ % ဒဗလျူပီ

၁။        နှိမ်နင်းနိုင်သော ပေါင်းမြက်များ

မြက်သီး ၊ မြက်မုံညင်း ၊ ကတောက်ဆတ် ၊ လယ်ပဒူ ၊ မှိုနတို ၊ ပေါင်းလေညှင်း ၊ မြက်ကွမ်းသီး ၊ ရေကညွတ် နှင့်တစ်နှစ်ခံ ပေါင်း ၊ ပေါင်းအမျိုးမျိုး သေစေနိုင်ပါသည်။

၂။        အမ်-ပေါင်းရှင်းသုံးစွဲရန် အညွှန်း

တိုက်ရိုက် အစေ့ချစိုက်ခင်း / ရွှေ့ပြောင်းစိုက်ခင်းများအတွက် မျိုးစေ့ကြဲပြီး / ပြောင်းရွှေ့ စိုက်ပြီး (၁၀-၁၅) ရက်သားမှ စတင်အသုံးပြုနိုင်ပါသည်။

ရေ (၄) ဂါလံ ဆေးဖျန်းပုံး (၁) ပုံးတွင် အမ်-ပေါင်းရှင်း ၃၂ % ဒဗလျူပီ (၁၀၀) ဂရမ်ဆေး (၁) ထုပ်ကို ရေတွင် သေချာစွာ ဖျော်စပ်ပြီး (၁) ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံးနှုန်း နှံ့စပ်အောင်ဖျန်းပက်ပါ။

၃။        သတိပြုရန် အချက်များ

  • ဆေးမဖျန်းမီ (၁-၂) ရက် ကြိုတင်၍ ရေပြောင်အောင် ထုတ်ထားပါ။
  • ဆေးဖျန်းမည့်လယ်မြေသည် မြေမျက်နှာပြင်ညီညာပြီး ရေအစိုဓါတ် ရှိရမည်။
  • ဆေးဖျန်းပြီး (၂) ရက်အတွင်း ရေပြန်သွင်းပေးပါ။
  • ဆေးဖျန်းပြီး (၇) ရက်ကျော်မှ ဓါတ်မြေသြဇာ ကြဲပက်ပါ။

အင်ကွမ်းအေမင်း ၅၅၀ % အက်(စ်)အယ်(လ်)

စပါး ၊ ဂျုံ ၊ ရာဘာ ၊ ဆီအုန်း ၊ ကြံ နှင့် စိုက်ပျိုးမြေမဟုတ်သော မြေလွတ်များတွင် ပေါင်းနှိမ်နင်းရန် အထူး သင့်လျော်သော ရွေးချယ်ပေါင်းသတ်ဆေး ဖြစ်သည်။

သုံးစွဲရန်အညွှန်း                                   (ရေတစ်ဂါလံတွင် ၁၅ – ၂၀ စီစီနှုန်း ဖျော်စပ်ပါ)

  သီးနှံအမည်   နှိမ်နှင်းနိုင်သောပေါင်းပင်များ   တစ်ဧကဆေးနှုန်းထား

  စပါး

(၁) တိုက်ရိုက် အစေ့ချ အပင်ပေါက်ပြီး ၁၅ – ၃၅ ရက်

  ဝမ်းဘဲစာမြက် ၊ မြက်မုံညှင်းစိမ်း ၊   မြက်မုံညှင်းဝါ ၊ မြက်ကွမ်းသီး ၊  ဝက်လာ ၊ ကတောက်ဆတ် လယ်ပဒူ ၊ လယ်လေးညှင်း ၊ ဗေဒါ ၊ ကနဖေါ့ ဇာမဏီပေါင်း ၊ မှိုနတို ၊ မက်ဆီပက် (ရာကျော်ပေါင်း) ၊ ထိကရုန်း ၊ ဟင်းနုနွယ်ဆူးပေါက်    ၃၆၀ – ၁၀၀၀ စီစီ
  (၂) ပျိုးထောင်စိုက်ကောက်စိုက်ပြီး ၂၀ – ၃၀ ရက်
ရာဘာ (၁ နှစ် နှင့်အထက်)   ၆၄၀ – ၁၂၈၀ စီစီ
ဆီအုန်း (၃ နှစ်အထက်)   ၆၄၀ – ၁၂၈၀ စီစီ
ပြောင်း ၊ ဂျုံ ၊ ကြံ   ၁၂၈၀ – ၂၆၈၀ စီစီ

စပါးမျိုးစေ့ အညှောင့်ပေါက်နေစဉ် ဆေးမဖျန်းရ ။ ဆေးမဖျန်းမီ စပါးခင်းတွင် ရေအနည်းငယ်ရှိရန် လိုအပ်သည်။ ပေါင်းပင်သာ သေစေပြီး သီးနှံပင်ကို အန္တရယ်မဖြစ်စေပါ။ စပါးအဖူး ၊ အနှံထွက်ချိန်နှင့် စပါးမရိတ်သိမ်းမီ (ရက် ၆၀ ) မှစ၍ ဆေးမဖျန်းရ။ အညွှန်းတွင် မပါသော သီးနှံများပေါ်တွင် ပက်ဖျန်းခြင်း မပြုရ။ ဆေးဖျန်းထားသော နေရာတွင် ပေါင်းမြက်များ ခြောက်သွေ့သွားပြီးမှသာ ဝင်ရောက်ခွင့်ပြုပါ။