သုံးစွဲရန်အညွှန်း
၁။ အသုံးပြုခြင်း ။ ။ စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးများ၏ အကျိုးအာနိသင် ပိုမိုကောင်းမွန်စေရန် ၎င်းဆေးကို သုံးစွဲတိုင်း “HYPER STICKER” ကို မဖြစ်မနေ ထည့်သုံးပါ။
၂။ အသုံးပြုနိုင်သော သီးနှံများ ။ ။ စပါး ၊ ပြောင်း ၊ ဂျုံ ၊ နေကြာ ၊ နှမ်း ၊ ပန်းနှမ်း ၊ မတ်ပဲ၊ကုလားပဲ၊ မြေပဲ ၊ ပဲစင်းငုံ ၊ ခရမ်းချဉ် ၊ စားတော်ပဲ ၊ ပဲပုပ် ၊ ငြုပ် ၊ ကြက်သွန်နီ /ဖြူ ၊ ခရမ်း ၊ အာလူး ၊ မုံလာထုပ် ၊ သခွားမွှေး ၊ ဖရဲ ၊ မုံညှင်း ၊ ပန်းမုံလာ ၊ ကွမ်း ၊ သံပုရာ ၊ ရှောက် ၊ နာနတ် ၊ လိမ္မော် ၊ ဒူးရင်း ၊ မင်းဂွတ် ၊ ကြက်မောက် ၊ ကော်ဖီ ၊ လက်ဖက် ၊ သစ္စာပန်း ၊ သဇင် ၊ နှင်းပန်း ၊ နှင်းဆီ ၊ ဂန္ဓမာ ၊ ပိန်းပန်း ၊ သစ်ခွ။
၃။ ထည့်ရမည့်နှုန်းထား ။ ။ ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆေးရည် (၅) စီစီ နှုန်းသာရောစပ် အသုံးပြုနိုင်ပါသည်။
၄။ အကျိုးအာနိသင်များ ။ ။ လက်ရှိသုံးနေသည့် စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးများသုံးစွဲချိန်တွင် စိမ့်ဝင်စွဲကပ် ပျံ့နှံ့ဆေး ရောထည့်ပေးခြင်းဖြင့် –
- အပင် အစိတ်အပိုင်းများပေါ်တွင် ဆေးပျံ့နှံ့အား အထူးကောင်းမွန်စေသည်။
- စိမ့်ဝင် စွဲကပ် ပျံ့နှံ့အား ပိုမိုကောင်းစေခြင်းဖြင့် အသုံးပြုသည့် ဆေးလေလွင့်မှုနည်းပြီး ၊ အာနိသင် ပိုမိုတာရှည်ခံစေသည်။
- သဘာဝအလျှောက်ဖြစ်ပေါ်သည့်မိုးရေနှင့် နှင်းကြောင့် ဆေးများ လျှောကျ ဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်သဖြင့် ဆေးအာနိသင် ပိုမိုကောင်းစေသည်။
- အရွက် ထောင်မတ်ပြီး ရွက်ပြားသေးသည့် သီးနှံများဖြစ်သော စပါး ၊ ဂျုံ ၊ ကြက်သွန်ဖြူ / နီ ၊သစ္စာပန်း စသည်တို့တွင် မဖြစ်မနေ အသုံးပြုပါ။
- အရွက်မျက်နှာပြင် ပြောင်ချောနေသည့် သီးနှံများဖြစ်သော သစ်ခွ ၊ သဇင် ၊ နှင်းပန်း ၊ ပိန်းပန်းနှင့် ကွမ်းပင်များ စသည်တို့တွင် မဖြစ်မနေ အသုံးပြုပါ။