CMIGROWTM ဇီဝမြေသြဇာအရည်သည် အပင်နှင့်တိရစ္ဆာန်တို့၏ အမိုင်နိုအက်စစ်ကို စိမ်ရည်ဖောက်ပြီး အဆင့်ဆင့်ထုတ်လုပ်ထားသော ဇီဝမြေသြ ဇာဖြစ်ပါသည်။
၎င်းတွင် အပင်ကြီးထွားစေရန် မရှိမဖြစ် လိုအပ်သော အမိုင်နိုအက်စစ် ၊ ဗိုက်တာမင် ၊ အော်ဂဲနစ်အက်စစ် ၊ နူကလစ် အက်စစ်နှင့် ဆက်ခရိုက်များ (ဥပမာ-ကလူးကို့) အပြင် ပိုတက် ၊ မဂ္ဂနီစီယမ် ၊ ကန့်ဓာတ် ၊ မင်းဂနီ(စ်) ၊ သွပ်ဓာတ် ၊ ဘိုရွန်နှင့် မိုလစ်ဒီနမ် တို့ပါဝင်သဖြင့် အပင်၊ အသီး၊ အရွက် ၊ အပွင့်များကို လျှင်မြန်စွာ ကြီးထွားစေပြီး အထူးအထွက်တိုးစေပါသည်။
CMIGROWTM ဇီဝမြေသြဇာအရည်ကို သုံးစွဲခြင်းအားဖြင့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တို့၏ အရည်အသွေး ကောင်းမွန်ခြင်း၊ သီးနှံများ သယ်ယူပို့ဆောင်ဒဏ် ခံနိုင်ခြင်း ၊ ကြာရှည် သိုလှောင်ထားနိုင်ခြင်း ၊ ရောဂါဒဏ်ခံနိုင်ခြင်းစသည့် ကောင်းကျိုးများ ရရှိစေနိုင်ပါသည်။
အသုံးပြုရန်အညွှန်း
သီးနှံအမည် | ရေ၁ဂါလံတွင်
ရောစပ်ရမည့် ပမာဏ |
သုံးစွဲပုံ |
မုံညင်း၊ မုံလာ၊ ကိုက်လံ ၊ ဆလပ် ၊ ကြက်သွန်မြိတ်၊ ကန်စွန်း ၊ မုံညင်းဖူး ၊ ဂေါ်ဖီထုပ် ၊ မုံလာဥ ၊ တရုတ်မုံလာထုပ် ၊ ဘရိုကိုလီပန်းဂေါ်ဖီ။ |
၁၂-စီစီ |
ပြောင်းရွှေ့စိုက်ပြီး (၁၀-၁၄)ရက်အကြာတွင် ဖျန်းရန်။ မခူးဆွတ်မီ (၇)ရက်အကြာတွင် ဖျန်းရန်။ |
သခွား၊ ငရုတ် ၊ ဗူး ၊ ခရမ်း ၊ ရုံးပတီ ၊ ခရမ်းချဉ် ၊ ပဲမျိုးစုံ၊ကြက်ဟင်းခါး ၊ ရှောက်သံပုရာ၊ ဖရုံ ၊ ပဲတောင့်ရှည်။ | ၁၂-စီစီ | ပြောင်းရွှေ့စိုက်ပြီး (၇)ရက်အကြာတွင် ဖျန်းပြီး နောက်ထပ် တစ်ပတ်တစ်ကြိမ် အပင်အား စိုရွှဲအောင် ဖျန်းပါ။ |
ဖရဲသီး၊ သခွားမွှေး၊ သရက်၊ သင်္ဘော၊ နာနတ်၊ မာလကာ၊ ရှောက်၊ လိမ္မော်၊ ပန်းသီး၊ကြက်မောက်၊ သစ်တော်သီးနှင့်ဒူးရင်း | ၇-စီစီ | ပြောင်းရွှေ့စိုက်ပြီး (၇)ရက်အကြာတွင် ဖျန်းပြီး နောက်ထပ် တစ်ပတ်တစ်ကြိမ် ဖျန်းရန်။ |
၁၂-စီစီ | ပန်းပွင့်ချိန်နှင့် ခူးဆွတ်ချိန်တွင် (၂)ပတ်တစ်ကြိမ် ဖျန်းပါ။ | |
ကွမ်း၊ ဂန္ဓမာ၊ နှင်းဆီ၊ မေမြို့၊ သစ္စာပန်း၊ သစ်ခွ အမျိုးမျိုး၊ ရွက်လှနှင့် အလှစိုက် အပင်များ။ | ၇-စီစီ | စိုက်ခင်းအဆင့် တစ်ပတ်တစ်ကြိမ် ဖျန်းပါ။ |
၁၂-စီစီ | စိုက်ခင်းတွင် (၂)ပတ်တစ်ကြိမ်ဖျန်းရန်။ | |
စပါး ၊ ဂျုံ ၊ ပြောင်း ၊ ဝါ ၊ ကြံ | ၁၂-စီစီ | ပျိုးပင်အဆင့်၊ ပင်ပွားထွက်ချိန်နှင့် ပန်းပွင့်ချိန်တို့တွင် တစ်ကြိမ်စီ ဖျန်းရန် |