Marlarmyaing for All. Let's grow together !

အမ်-မိုဇုန်း ၂၇.၆ % အက်(စ်)အယ်(လ်)

အသုံးပြုနည်း

သီးနှံ သုံးစွဲရန်အချိန် ပေါင်းပင်အမျိုးအစား နှုန်းထား

 

လီတာ / ဧက

စပါး စတင်မစိုက်ပျိုးမီ မြက်မျိုးရင်းဝင်ပေါင်း ၊ မြက်မုံညှင်း ၊ ရွက်ပြန့်ကားပေါင်းများ   ၁ – ၂
  ပဲမျိုးစုံ   စတင်မစိုက်ပျိုးမီ မြက်မျိုးရင်းဝင်ပေါင်း ၊ မြက်မုံညှင်း ၊ ရွက်ပြန့်ကားပေါင်းများ   ဝ.၈ – ၁.၅
ပြောင်း စတင်မစိုက်ပျိုးမီနှင့် လိုင်းကြားရှင်းခြင်း မြက်မျိုးရင်းဝင်ပေါင်း ၊ မြက်မုံညှင်း ၊ ရွက်ပြန့်ကားပေါင်းများ   ၁ – ၂
မြေပဲ စတင်မစိုက်ပျိုးမီ လိုင်းကြားရှင်းခြင်း မြက်မျိုးရင်းဝင်ပေါင်း ၊ မြက်မုံညှင်း ၊ ရွက်ပြန့်ကားပေါင်းများ   ၁ – ၂
ဝါး ၊ ကြံ စတင်မစိုက်ပျိုးမီ လိုင်းကြားရှင်းခြင်း မြက်မျိုးရင်းဝင်ပေါင်း ၊ မြက်မုံညှင်း ၊ ရွက်ပြန့်ကားပေါင်းများ   ၁ – ၂
သစ်သီး ပင်များ လိုင်းကြားရှင်းခြင်း ပင်ခြေရှင်းခြင်း မြက်မျိုးရင်းဝင်ပေါင်း ၊ မြက်မုံညှင်း ၊ ရွက်ပြန့်ကားပေါင်းများ   ၁ . ၅-၃
နှစ်ရှည် ပင်များ လိုင်းကြားရှင်းခြင်း ပင်ခြေရှင်းခြင်း မြက်မျိုးရင်းဝင်ပေါင်း ၊ မြက်မုံညှင်း ၊ ရွက်ပြန့်ကားပေါင်းများ   ၁.၅ – ၃
ဟင်းသီး ဟင်းရွက် မြေလှပ်ချိန် ၊ စတင် မစိုက်ပျိုးမီ ၊ ပြောင်းရွှေ့ မစိုက်ပျိုးမီ ၊ လိုင်းကြား ရှင်းခြင်း မြက်မျိုးရင်းဝင်ပေါင်း ၊ မြက်မုံညှင်း ၊ ရွက်ပြန့်ကားပေါင်းများ   ၁ – ၂

အမ်-ဂလိုင်ဖိုဆိတ် ၄၈ % အက်(စ်)အယ်(လ်)

၁။        ပက်ဖျန်းအသုံးပြုခြင်း (ပေါင်းသတ်ဆေးဖျန်းခေါင်းကိုသာ အသုံးပြုရမည်)

  သီးနှံ / ပေါင်းအမျိုးအစား   ရေ (၁) ဂါလံသုံးစွဲရမည့်ဆေး (စီစီ / ဂါလံ)   တစ်ဧက သုံးစွဲရမည့်ဆေး (စီစီ / ဧက)
တစ်နှစ်ခံပေါင်း ၊မြတ်မုံညှင်း ၊ ဝက်လာ ၊ လက်သဲခွမြက် ၊ လေးခွမြက် ၊ ဆင်ငိုမြက် ၊ ဝမ်းဘဲစာမြက် ၊ ပေါင်းလေးညင်း ၊ တောဟင်းနုနွယ် ၊ နေကြာကလေး     ၄၀ စီစီ     ၈၀၀ – ၁၇၀၀
နှစ်ရှည်ခံပေါင်းများ ကိုင်း ၊ သမန်း ၊ ကျူ ၊ သက်ကယ် ၊ ထီးကရုန်း   ၆၅ စီစီ   ၁၃၀၀ – ၁၇၀၀
ရေကြိုက်ပင် ကုန်းဗေဒါ ၊ ရေဗလပ်   ၄၀ စီစီ   ၁၇၀၀
ကော်ဖီ ၊ လက်ဖက် ၊ ငှက်ပျော ၊ ရာဘာ ၊ ဇီးပင်များကြားရှိ ပေါင်းပင်များ   ၁၂၅ စီစီ   ၂၅၀၀
သရက် ၊ လိမ္မော် ၊ စပျစ် ၊ ပန်းသီးစသည့် စားသုံးသစ်သီးပင်များ ကြားရှိပေါင်းပင်များ   ၆၅ စီစီ   ၁၃၀၀ – ၁၇၀၀
ကြံခင်းအဟောင်းများ အမြစ်ပါ မကျန်အောင် ဖျက်စီးလိုလျှင် သီးနှံမစိုက်ပျိုးသော မြေလွတ်မြေရိုင်းများ   ၈၀ စီစီ

၅၀ စီစီ

  ၂၅၀၀ – ၃၃၀၀

 ၁၆၀၀ – ၂၀၀၀

၂။        ဂလိုင်ဖိုဆိတ်သည် ဥယျာဉ်ခြံ ၊ အိမ်ခြံဝန်းများ ၊ စက်ရုံဝန်းများ ၊ ကျောင်းကန် ၊ ဘုရား ၊ ရထားလမ်းဘေး ၊ မစိုက်ပျိုးရသေးသော မြေလွတ်မြေရိုင်းနှင့် ပေါင်းမြက်ထူထပ်နေသော အကွက်များရှိ (၁) ရွက်ပြန့် ပေါင်း မျိုးနွယ် (၂) မြက်မုံညင်းမျိုးနွယ်ပင်များ ၊ (၃) မြက်မျိုးနွယ်ဝင်ပင်များအားလုံးကို တစ်ပင်မကျန် ရွေးချယ်မှု မရှိဘဲ အားလုံးသေစေနိုင်ပြီး ကျယ်ကျယ်ပြန့်ပြန့် နှိမ်နှင်းနိုင်သည့် အပြင် နှိမ်နှင်းရန် ခက်ခဲသော နှစ်ရှည်ပေါင်းများ၏ အမြစ် ၊ အဆစ် ၊ ဥ ၊ အတက် ၊ အညှောင့်များကိုပါ သေနိုင်သည့် ပင်လုံးပျံ့ (Systemic) အာနိသင်ရှိသည့် ဆေးဖြစ်ပါသည်။

၃။        ပက်ဖျန်းအသုံးပြုခြင်း (ပေါင်းသတ်ဆေးဖျန်းခေါင်းကိုသာ အသုံးပြုရမည်။)

သီးနှံစိုက်ခင်းများတွင် မစိုက်မီ (၁) လကြိုတင်ဖျန်းနိုင်သည်။ သီးနှံရိတ်သိမ်းပြီး အကွက်နှင့် အခြားမြေလွတ်မြေရိုင်းများတွင် မည်သည့်အချိန်မဆို အသုံးပြုနိုင်ပါသည်။ နှစ်ရှည်ပေါင်းပင်များအနည်းဆုံး (၄ – ၅) ရွက်ရှိချိန်တွင် ဖျန်းသင့်ပါသည်။ သာမန်ပေါင်းများတွင် ကြီးထွားမှုအမြင့်ဆုံး (မျိုးပွားအင်္ဂါနှင့် ပြည့်စုံချိန် / အဖူး ၊အပွင့်ဝင်ခါနီး ) တွင် ဖျန်းလျှင် အကောင်းဆုံးဖြစ်သည်။ တစ်နှစ်ခံပင်များကို ပထမအကြိမ် ဖျန်းပြီးနောက် (၁) လ အကြာတွင် ထပ်ဖျန်းခြင်းဖြင့် နောင်နှစ်များတွင် ထပ်မပေါက်နိုင်တော့ပါ။ မျိုးပြုတ်သွားပါမည်။

၄။        ဆေးသုံးစွဲရာတွင် ထိရောက်မှုအားကောင်းရန် Hyper Sticker တွဲဖက်အသုံးပြုပါ။အကျိုးများစေပါသည်။ နှစ်ရှည်သစ်ပင် ကြီးများကို သတ်လိုလျှင် အခေါက်ခွာပြီး ပင်စည်ကိုစုပ်တံဖြင့် ဆေးအစစ်ကို သုတ်ပေးခြင်းနှင့် အပေါက်ဖေါက်ဆေးသွင်း ခြင်းဖြင့် သေစေနိုင်ပါသည်။မိုးရွာသည့် အချိန်များတွင် ပေါင်းဆေးကို မသုံးသင့်ပါ။ ဆေးဖျန်းပြီး (၄ – ၆ ) နာရီအတွင်း မိုးရွာပါက ဆေးထပ်ဖျန်းရန် လိုပါသည်။