သုံးစွဲရန်အညွှန်း
သီးနှံအမည် |
ရေ ၄ ဂါလံတွင် ရောစပ်ရမည့်နှုန်း |
နှံစားသီးနှံ ၊ ဆီထွက်သီးနှံ ၊ ပဲမျိုးစုံနှင့် ပန်းမန်လ်များ |
ဟင်းစားဇွန်း ၅ ဇွန်း (၅၀ စီစီ) |
ဥစားသီးနှံများ |
ဟင်းစားဇွန်း ၄ ဇွန်း (၄၀ စီစီ) |
နှစ်ရှည်သီးနှံများ |
ဟင်းစားဇွန်း ၆ ဇွန်း (၆၀ စီစီ) |
အကျိုးကျေးဇူးများ
၁။ ဟိုက်ပါ ဘလက်ဂျိတ်(ဒ်) ကို သီးနှံမစိုက်မီ (၁၀) ရက်ခန့်အလို မြေပြင်စဉ်တွင် ရေဆေး (၅၀)နှုန်းဖြင့်ပက်ဖျန်းပါက မြေတွင်းရှိ အကျိုးပြု အဏုဇီဝ ပိုးများ အရေအတွက်များလာပြီး မြေဆီလွှာ၏ ရုပ် / ဓါတ်ဂုဏ်သတ္တိများ တိုးတက်လာပါသည်။
၂။ သီးနှံမျိုးစေ့ ၊ပျိုးကိုင်းများအားမစိုက်မီ ဆေးရည် (၅) စီစီကို ရေ (၁) ဂါလံနှုန်းဖြင့် (၂)နာရီကြာစိမ်ပြီး စိုက်ပျိုးခြင်းဖြင့် အပင်ပေါက်ရာခိုင်နှုန်းကောင်းခြင်း ၊ အမြစ်ရှည်ထွက်မှု ၊ ပွားများမှုကောင်းစေပြီး အပင်ဖြစ်ထွန်းမှုကောင်းခြင်း ၊ သီးနှံအထွက်မြင့်မားစေခြင်းတို့ကိုဖြစ်စေပါသည်။
၃။ သီးနှံမျိုးစုံအား အပင် (၁၀) ရက်သားမှစပြီး ဆွတ်ခူးချိန်မတိုင်မီ (၂) ပတ်အလိုထိ (၂၀)ရက်ခြား တစ်ကြိမ်ရေ အဆ (၄၅၀) နှုန်းဖြင့် ပက်ဖျန်းပေးခြင်းဖြင့် အမြစ်များ ပွားများ ရှည်ထွက်မှုကောင်းခြင်း ၊ အရွက်များ စိမ်းစိုကြီးထွားပြီး အပင်သန်စွမ်းလာကာ သီးနှံအထွက်တိုးစေပါသည်။
၄။ ၎င်းအားအသုံးပြုခြင်းကြောင့် အရွက်ပေါ်ရှိ အကျိုးပြု အဏုဇီဝပိုးအရေအတွက်များလာကာ အပင်ရောဂါပိုးများမကျရောက်စေရန် ဟန့်တားကာကွယ်ပေးပါသည်။
၅။ အရည်အသွေး ၊ အဆင့်အတန်း ၊ စားသုံးမှုအနံ့အရသာပြည့်ဝသော သီးနှံများ ရရှိစေခြင်းတို့ကိုဖြစ်စေပါသည်။
၆။ ရေငတ်ဒဏ် ၊ မိုးခေါင်ဒဏ် နှင့် ပိုးမွှားရောဂါကျရောက် ဖျက်ဆီးမှုဒဏ်များကို ထူးခြားစွာခံနိုင်ရည်ရှိစေခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။
၇။ အက်ဆစ်ဓာတ်ရှိပိုးသတ်ဆေးများဖြင့် ရောစပ်အသုံးပြုခြင်းဖြင့် ပိုးသတ်ဆေးအာနိသင်ပိုမိုအစွမ်းထက်သောကြောင့် သုံးစွဲနေကျပမာဏအား ထက်ဝက်ခန့် လျှော့ချပြီးသုံးစွဲနိုင်ပါသည်။
၈။ ရာသီ / နှစ်ရှည်သီးနှံများအား မဆွတ်ခူးမီ (၁) လအလိုတွင် (၁၅) ရက်ခြား (၂) ကြိမ်ပက်ဖျန်းထားပါက ပုံမှန်ရင့်မှည့်ချိန်ထက် ၁၅ ရက် (သို့) တစ်လခန့်နောက်ကျပြီး ရင့်မှည့်သောကြောင့် ဈေးကွက်စောင့်ဆိုင်းနေပါသည်။
၉။ စားသုံးသူအတွက် အန္တရယ်ကင်းစေသည့်အပြင် စိုက်ပျိုးရေးထုတ်လုပ်သူအတွက်လည်း သုံးစွဲမှုကုန်ကျစရိတ် သက်သာစေလျက် သီးနှံအထွက်တိုး ၊ ဝင်ငွေပိုသောကြောင့် စီးပွားရေး တွက်ခြေကိုက်စေပါသည်။