၁။ နှိမ်နှင်းနိုင်သောအဓိကဖျက်ပိုးများ
ဥဘဝ ၊ ပိုးလောက် ၊ ပိုးရုပ်လုံး အကောင်ကြီးဘဝဖြစ်သော သိုလှောင်ရုံကျ ဖျက်ပိုးများ ၊ နှာတံရှည်ဖျက်ပိုးများ ၊ နှာတံရှည်ကျိုင်း ၊ အစေးကျိုင်းများ၊ အစေ့ထိုးပိုး ၊ မှုန့်ညက်ပိုးနှင့် အခြားဖျက်ပိုး များစွာကို နှိမ်နှင်းနိုင်သည် ။ မြေအောင်းကြွက် အမျိုးမျိုး၊ မြေအောင်းရှဉ့် ၊ ပွေးတို့ကိုလည်းနှိမ်နှင်းနိုင်သည်။
၂။ အသုံးပြုခြင်း
ကွမ်း ၊ သီဟိုရ် ၊သရက် ၊ ကိုကိုး ၊ကော်ဖီစေ့များ ၊ ပြောင်း ၊ ဝါးစေ့များ ၊ စွန်ပလွန်စ့များ ၊ မြက်စေ့များ ၊ မြေပဲ ၊ ပေါက်ပေါက် ပြောင်း ၊ ဆန် ၊ ပန်းနှမ်းစေ့ ၊ တိရစ္ဆာန်အစားအစာများနှင့်ရော၍ သုံးသည့် ပစ္စည်းများတွင်လည်းကောင်း ၊ တိရစ္ဆာန်အစားအစာများ ထုပ်ပိုးရာတွင်လည်းကောင်း ၊ အစားအသောက်များ ထုပ်လုပ်ရာတွင်လည်းကောင်း ၊ နှံစားသီးနှံများ ၊ မှုန့်ညက်အမှုန့်များ ၊ ကိုကိုး ၊ ချော့ကလက် ၊သကြား ၊ နို့ခြောက် ၊ ဟင်းခက်အမွှေးအကြိုင်များ ၊ သစ်သီးခြောက်များ ၊ လက်ဖက်၊ ကော်ဖီ ၊ ကြပ်တင်အသားများနှင့် အခြားပစ္စည်းများ သိုလှောင်ရုံများတွင်သိုလှောင်ထားသောပစ္စည်းများ ၊ မီးရထားတွဲများ ၊ သမ္မာန်နှင့်စီတွဲလိုထဲတွင် များများစားစား သိုလှောင်ထားသောသီးနှံများကို ကာကွယ်ရန် သုံးသည်။ မြေကျင်းတူး၍ မြေအောင်းသောကြွက်များကိုလည်း အဆိပ်ငွေ့မှိုင်းတိုက်ရာ၌လည်းကောင်း ၊ ဖရောင်းဖလံကြီးနှိမ်နှင်းရာ၌လည်းကောင်း အသုံးပြုနိုင်ပါသည်။
၃။ သုံးစွဲရန်အညွှန်း
ကုန်ပစ္စည်း | ဆေးနှုန်းထား | စောင့်ဆိုင်းရမည့်ရက် | လေရရှိမှု |
အိတ်ဖြင့်အစားအစာ ၊ တိရ စ္ဆာန်စာထုတ်ပိုးမှု | ဆေးပြား ၂- ၈ ပြား/တန် | ၄ ရက် | ၂ ရက် |
ဆေးရွက်ကြီးထုတ်ကုန် ၊သေတ္တာ ၊ စည်ကြီး | ဆေးပြား ၁ ပြား/ | ၄ ရက် | ကုန်ထုပ် – ၄၈ နာရီ |
ကုဗမီတာ | အခြား ၇၂ နာရီ | ||
သိုလှောင်သီးနှံအိတ် | ဆေးပြား ၂ ပြား/တန် | ၄ ရက် | ၃ နာရီ |
သိုလှောင်သီးနှံအစုအပုံ | ဆေးပြား ၂-၆ ပြား/တန် | ၄ ရက် | |
သိုလှောင်ကုန်သေတ္တာများ | ဆေးပြား ၂-၅ ပြား/တန် | ၄ ရက် | သိုလှောင်ရုံ |
ကုန်လှောင်ရုံ ၊ ဂိုဒေါင်ကြိတ်ခွဲစိတ် | ဆေးပြား ၁-၃ ပြား/ | ၃ ရက် | ဂိုဒေါင် |
ကုဗမီတာ | တည်ဆောက်ပုံ | ||
မြေတွင်းအောင်းကြွက်များ | ဆေးပြား ၁ ပြား/ ကုဗမီတာ | ၃ ရက် | ပေါ်မူတည်၍ |
လူနေအိမ်ရှိကြွက်များ | ဆေးပြား ၁ ပြား/ ကုဗမီတာ | ၃ ရက် |
၃။ ကုန်ပစ္စည်း အပူချိန်နှင့်ယှဉ်၍ အဆိပ်ငွေ့ထုတ်ရန် စောင့်ဆိုင်းရမည့်ကာလမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
သိုလှောင်ပစ္စည်း၏အပူချိန် | ကြာမြင့်ချိန် |
၁၂ – ၁၅ စင်တီဂရိတ် (၅၄-၄၉ ဖာရင်ဟိုက်) | ၅ ရက် |
၁၆ – ၂၀ စင်တီဂရိတ် (၆၀ – ၈၀ ဖာရင်ဟိုက်) | ၄ ရက် |
၂၀ စင်တီဂရိတ် (၈၈ ဖာရင်ဟိုက်) အထက် | ၃ ရက် |