ကွန်းပလပ်စ် မြေဩဇာ (နေရွက်လှေ) (15:15:15:7s)
အသုံးပြုပုံ
သီးနှံအမျိုးအစား | မြေဩဇာ ထည့်သွင်းရမည့် အချိန် နှင့် တစ်ဧကနှုန်းထား |
နှံစားသီးနှံ (စပါး၊ ပြောင်း၊ ဂျုံ) | မြေပြုပြင်ချိန် ၅၀ ကီလိုဂရမ် စိုက်ပြီး ၁လသား -၂၅ ကီလိုဂရမ် အနှံသန္ဓေတည်ချိန် – ၂၅ ကီလိုဂရမ် |
ပဲမျိုးစုံ (ပဲတိစိမ်း၊ မတ်ပဲ၊ ဘိုကိတ်၊ ကုလားပဲ၊ ပဲလွန်း) | မြေပြုပြင်ချိန် – ၇၅ ကီလိုဂရမ် စိုက်ပြီး ၃ ပတ် – ၁၂ ကီလိုဂရမ် ၅၀% အသီးပြချိန် – ၁၂ ကီလိုဂရမ် |
ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) | မြေပြုပြင်ချိန် – ၇၅ ကီလိုဂရမ် စိုက်ပြီး ၁ လသား – ၁၂ ကီလိုဂရမ် ပန်းသန္ဓေအောင်ပြီးချိန် – ၁၂ ကီလိုဂရမ် |
စက်မှုသီးနှံ (ဝါ၊ ကြံ၊ ဂုန်လျှော်၊ ရာဘာ၊ ဆီအုန်း၊ ကော်ဖီ) | မြေပြုပြင်ချိန် – ၇၅ ကီလိုဂရမ် စိုက်ပြီး ၁ လသား – ၂၅ ကီလိုဂရမ် စိုက်ပြီး ၃ လသား – ၂၅ ကီလိုဂရမ် |
ဥယျာဉ်ခြံသီးစားပင်များ (သရက်၊ မာလကာ၊ ပိန္နဲ၊ ကျွဲကော၊ လိမ္မော်၊ နဂါးမောက်၊ ပန်းသီး၊ သစ်တော်၊ စပျစ်၊ ဒူးရင်း) | မြေပြုပြင်ချိန် – ၅၀ ကီလိုဂရမ် အပင်သက် ၃နှစ်ထိ (မိုးဦး/နှောင်း) – ၂၅ ကီလိုဂရမ် အပင်သက် ၄နှစ်နှင့် အထက် (တစ်နှစ်၄ကြိမ်) – ၂၅ ကီလိုဂရမ် |
ဟင်းသီးဟင်းရွက် အသီးအပွင့် | မြေပြုပြင်ချိန် ၂၅ ကီလိုဂရမ် အပင်ကြီးထွားချိန် – ၈ ကီလိုဂရမ် ပန်းခိုင်စချိန် – ၈ ကီလိုဂရမ် အပွင့်အသီးပြချိန် – ၈ ကီလိုဂရမ် |
ဟင်းသီးဟင်းရွက် အရွက် (၁ကြိမ်ထည့်ပြီးက ၂ သီးဆက်စိုက်ပါ) | မြေပြုပြင်ချိန် – ၃၃ ကီလိုဂရမ် စိုက်ပြီး ၁ ပတ် – ၁၆ ကီလိုဂရမ် |
ပန်းမန်နှင့် အရိပ်ရအပင်များ | အပင်သက်တမ်း တစ်လျှောက် (မိုးဦး/နှောင်း ၁ကြိမ်စီ) အပင်ငယ် – ၂၅ ကီလိုဂရမ် အပင်ကြီး – ၅၀ ကီလိုဂရမ် |
မှတ်ချက်။ ။
၁) သီးနှံအမျိုးအစားနှင့် မြေအဆင့်အတန်း ပေါ်လိုက်၍ မြေဩဇာနှုန်းထား အပြောင်းအလဲ ရှိနိုင်ပါသည်။
၂) ဩဂဲနစ် သီးနှံများတွင် ဓာတုဓာတ်ကြွင်း အာနိသင် ပါဝင်မှု သတ်မှတ်နှုန်းထား အထိ လျော့ကျစေရန်နှင့် ထွက်နှုန်း တိုးတက်စေရန်အတွက် နည်းစနစ်မှန်မှန်သုံးစွဲပါ။