Marlarmyaing for All. Let's grow together !

ကွန်းပလပ်စ် မြေဩဇာ (နေရွက်လှေ) (15:15:15:7s)

အသုံးပြုပုံ

သီးနှံအမျိုးအစား မြေဩဇာ ထည့်သွင်းရမည့် အချိန် နှင့် တစ်ဧကနှုန်းထား
နှံစားသီးနှံ (စပါး၊ ပြောင်း၊ ဂျုံ) မြေပြုပြင်ချိန် ၅၀ ကီလိုဂရမ်
စိုက်ပြီး ၁လသား -၂၅ ကီလိုဂရမ်
အနှံသန္ဓေတည်ချိန် – ၂၅ ကီလိုဂရမ်
ပဲမျိုးစုံ (ပဲတိစိမ်း၊ မတ်ပဲ၊ ဘိုကိတ်၊ ကုလားပဲ၊ ပဲလွန်း) မြေပြုပြင်ချိန် – ၇၅ ကီလိုဂရမ်
စိုက်ပြီး ၃ ပတ် – ၁၂ ကီလိုဂရမ်
၅၀% အသီးပြချိန် – ၁၂ ကီလိုဂရမ်
ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) မြေပြုပြင်ချိန် – ၇၅ ကီလိုဂရမ်
စိုက်ပြီး ၁ လသား – ၁၂ ကီလိုဂရမ်
ပန်းသန္ဓေအောင်ပြီးချိန် – ၁၂ ကီလိုဂရမ်
စက်မှုသီးနှံ (ဝါ၊ ကြံ၊ ဂုန်လျှော်၊ ရာဘာ၊ ဆီအုန်း၊ ကော်ဖီ) မြေပြုပြင်ချိန် – ၇၅ ကီလိုဂရမ်
စိုက်ပြီး ၁ လသား – ၂၅ ကီလိုဂရမ်
စိုက်ပြီး ၃ လသား – ၂၅ ကီလိုဂရမ်
ဥယျာဉ်ခြံသီးစားပင်များ (သရက်၊ မာလကာ၊ ပိန္နဲ၊ ကျွဲကော၊ လိမ္မော်၊ နဂါးမောက်၊ ပန်းသီး၊ သစ်တော်၊ စပျစ်၊ ဒူးရင်း) မြေပြုပြင်ချိန် – ၅၀ ကီလိုဂရမ်
အပင်သက် ၃နှစ်ထိ (မိုးဦး/နှောင်း) – ၂၅ ကီလိုဂရမ်
အပင်သက် ၄နှစ်နှင့် အထက် (တစ်နှစ်၄ကြိမ်) – ၂၅ ကီလိုဂရမ်
ဟင်းသီးဟင်းရွက် အသီးအပွင့် မြေပြုပြင်ချိန် ၂၅ ကီလိုဂရမ်
အပင်ကြီးထွားချိန် – ၈ ကီလိုဂရမ်
ပန်းခိုင်စချိန် – ၈ ကီလိုဂရမ်
အပွင့်အသီးပြချိန် – ၈ ကီလိုဂရမ်
ဟင်းသီးဟင်းရွက် အရွက် (၁ကြိမ်ထည့်ပြီးက ၂ သီးဆက်စိုက်ပါ) မြေပြုပြင်ချိန် – ၃၃ ကီလိုဂရမ် စိုက်ပြီး ၁ ပတ် – ၁၆ ကီလိုဂရမ်
ပန်းမန်နှင့် အရိပ်ရအပင်များ အပင်သက်တမ်း တစ်လျှောက် (မိုးဦး/နှောင်း ၁ကြိမ်စီ)
အပင်ငယ် – ၂၅ ကီလိုဂရမ်
အပင်ကြီး – ၅၀ ကီလိုဂရမ်

မှတ်ချက်။ ။

၁) သီးနှံအမျိုးအစားနှင့် မြေအဆင့်အတန်း ပေါ်လိုက်၍ မြေဩဇာနှုန်းထား အပြောင်းအလဲ ရှိနိုင်ပါသည်။

၂) ဩဂဲနစ် သီးနှံများတွင် ဓာတုဓာတ်ကြွင်း အာနိသင် ပါဝင်မှု သတ်မှတ်နှုန်းထား အထိ လျော့ကျစေရန်နှင့် ထွက်နှုန်း တိုးတက်စေရန်အတွက် နည်းစနစ်မှန်မှန်သုံးစွဲပါ။