ကွန်းပလပ်စ် မြေဩဇာ (နေရွက်လှေ) (15-5-20)
အသုံးပြုပုံ
သီးနှံအမျိုးအစား | မြေဩဇာ ထည့်သွင်းရမည့် အချိန် နှင့် တစ်ဧကနှုန်းထား |
နှံစားသီးနှံများ စပါး၊ ပြောင်း၊ ဂျုံ | မြေပြုပြင်ချိန် – ၅၀ ကီလိုဂရမ် စိုက်ပြီး ၁ လသား – ၂၅ ကီလိုဂရမ် အနှံသန္ဓေတည်ချိန် – ၂၅-၅၀ ကီလိုဂရမ် |
ပဲမျိုးစုံ (ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုလ်ကိတ်၊ ကုလားပဲ၊ ပဲလွန်း) | မြေပြုပြင်ချိန် – ၅၀-၇၅ ကီလိုဂရမ် ၅၀% အသီးပြချိန် ၂၅ ကီလိုဂရမ် |
ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ | မြေပြုပြင်ချိန် – ၅၀-၇၅ ကီလိုဂရမ် ပန်းစသန္ဓေအောင်ပြီးချိန် – ၂၅ ကီလိုဂရမ် |
စက်မှုသီးနှံ (ဝါ၊ ကြံ၊ ဂုန်လျှော်၊ ရာဘာ၊ ဆီအုန်း၊ ကော်ဖီ) | မြေပြုပြင်ချိန် – ၅၀ ကီလိုဂရမ် စိုက်ပြီး ၁လသား – ၂၅ ကီလိုဂရမ် အပင်သက် ၄နှစ်နှင့် အထက်(မိုးဦး/နှောင်း) – ၅၀-၁၀၀ ကီလိုဂရမ် |
ဥယျာဉ်ခြံ သီးပင်၊ စားပင်များ (သရက်၊ မာလကာ၊ ပိန္နဲ၊ နဂါးမောက်၊ ပန်းသီး၊ သစ်တော်၊ စပျစ်၊ ဒူးရင်း၊ နာနတ်) | မြေပြုပြင်ချိန် ၅၀ ကီလိုဂရမ် အပင်သက် ၃နှစ်(မိုးဦး/နှောင်း) – ၂၅ ကီလိုဂရမ် အပင်သက် ၄နှစ်နှင့် အထက် (၁နှစ်၄ကြိမ်) – ၂၅ ကီလိုဂရမ် |
ဟင်းသီးဟင်းရွက် (အရွက်၊ အပွင့်၊ အသီး) | မြေပြုပြင်ချိန် – ၂၅ ကီလိုဂရမ် အပင်ကြီးထွားချိန် – ၈ ကီလိုဂရမ် ပန်းခိုင်စချိန် – ၈ ကီလိုဂရမ် အပွင့်အသီးပြချိန် – ၈ ကီလိုဂရမ် |
ဟင်းသီးဟင်းရွက်၊အရွက် | အရွက်(၁ကြိမ် ထည့်ပြီးက ၂သီးဆက်စိုက်ပါ) မြေပြုပြင်ချိန် – ၃၃ ကီလိုဂရမ် စိုက်ပြီး ၁ပတ် – ၁၆ ကီလိုဂရမ် |
ပန်းမန်နှင့် အရိပ်ရပင်များ | အပင်သက်တမ်းတလျှောက် (မိုးဦး၊ မိုးနှောင်း) ၁ကြိမ် စီ အပင်ငယ်စဉ် – ၂၅ ကီလိုဂရမ် အပင်ကြီး – ၅၀ ကီလိုဂရမ် |
မှတ်ချက်။ ။
၁) သီးနှံအမျိုးအစားနှင့် မြေအဆင့်အတန်း ပေါ်လိုက်၍ မြေဩဇာနှုန်းထား အပြောင်းအလဲ ရှိနိုင်ပါသည်။
၂) ဩဂဲနစ် သီးနှံများတွင် ဓာတုဓာတ်ကြွင်း အာနိသင် ပါဝင်မှု သတ်မှတ်နှုန်းထား အထိ လျော့ကျစေရန်နှင့် ထွက်နှုန်း တိုးတက်စေရန်အတွက် နည်းစနစ်မှန်မှန်သုံးစွဲပါ။