Marlarmyaing for All. Let's grow together !

အမ် – ဂျီအေ ၅ %

ဆေးပြားတစ်ဝက်လျှင် ရေ(၄) ဂါလံနှုန်း ရောစပ်ပက်ဖျန်းပါ။

၁။ အစေ့ငုပ်ခြင်းကို ပယ်ဖျက်ပေးခြင်း။

၂။ အစေ့များအညှောင့်ပေါက်ခြင်းကို မြန်စေခြင်း။

၃။ အညှောင့်ပေါက်ရန် အလင်းရောင် လိုအပ်သော အစေ့များ အမှောင်တွင်း၌ ဖြစ်စေခြင်း။

၄။ အဖူးငုံခြင်းကို ပယ်ဖျက်ပေးခြင်း။

၅။ ကိုင်းသစ်များဖြစ်ပေါ်စေခြင်း။

၆။ ကိုင်းဂွကို ကျစ်လစ်စေခြင်း။

၇။ ပန်းပွင့်စောခြင်း ၊ ကြီးထွားနှုန်းကို မြန်စေခြင်း။

၈။  အပင်နှင့်ပန်းခိုင်များ ရှည်စေခြင်း။

၉။  အသီးများကို တင်စေခြင်း။

၁၀။ အသီးရောင် စိုပြေတောက်ပပြီး အသီးအရွယ်ကြီးစေကာ သီးနှံအရည်အသွေးများ ပိုမိုကောင်းမွန်စေခြင်း။

၁၁။ အသီးရင့်မှည့်ချိန်ကို နှောင်းစေခြင်း။

၁၂။ သီးနှံအထွက်နှုန်း တိုးစေခြင်း။

၁၃။ ကြံတွင် အချို (သကြား) ဓါတ်ကို တိုးစေခြင်း။

၁၄။ သရက်သီးတွင် နှစ်ခြားသီးခြင်းကို ပယ်ဖျက်ပေးခြင်း။

၁၅။ အာလူးတွင် နာနေသော ဥများ အညှောင့်ပေါက်စေခြင်း။

၁၆။ စပျစ်သီးတွင် သီးညှပ်ခြင်းကို ကာကွယ်ပေးခြင်း။

၁၇။ စပျစ်သီးတွင် သန္ဓေမဲ့အသီးဖြစ်စေခြင်း။

၁၈။ နံနံပင်စသည့် သီးပင်စားပင်များ စောထွက်၍ ဈေးကွက်စောပို့နိုင်ခြင်း။

မှတ်ချက်။         ။ စူပါစတစ်ကာ / ဟိုက်ပါစတစ်ကာနှင့် ရောသုံးပါက ပို၍ အစွမ်းထက်ပါသည်။

                         ရေတွင် ဖျော်ပြီးပါက ညအိပ်မထားဘဲ ချက်ချင်းအသုံးပြုရပါမည်။