ဟိုက်ပါဟီးရိုး
သီးနှံ | ရေ ၁ ဂါလံတွင် ရောစပ်ရန် ဆေးရည် |
သုံးစွဲနည်း |
စပါး ၊ ဂျုံ ၊ ပြောင်း ၊ ဝါ ၊ဆီထွက်သီးနှံ ၊ ပဲမျိုးစုံ။ | ၃-၅ စီစီ |
မျိုးစေ့ကို ၂၄ နာရီကြာစိမ်ရန် ၊ ပျိုးကြဲပြီး(သို့)ပြောင်းရွှေ့စိုက်ပြီး ၃၀-၃၅ ရက်တွင် (၁)ကြိမ် ၆၀ – ၇၅ ရက်တွင် (၁) ကြိမ်ဖျန်းရန်။ |
ဟင်းသီးဟင်းရွက် ၊ ဥ၊ အမြစ်နှင့် နှစ်ရှည်သစ်သီးဝလံ |
၃-၅ စီစီ |
မျိုးစေ့ကို ၄-၆ နာရီစိမ်စိုက်ရန် ပျိုးခင်းနှင့် စိုက်ခင်းနှင့် စိုက်ခင်းအဆင့် – တွင် ၁၀ – ၁၅ ရက်တွင် (၁)ကြိမ် ၊ အသီးပင်များအတွက် ပန်းစပွင့်ချိန်မှ ၇ – ၁၀ ရက်တွင် (၁) ကြိမ်နှုန်း ပုံမှန်ဖျန်းရန်။ |
သစ်ခွ နှင့်ပန်းမန်ပင်များ | ၃-၅ စီစီ | အပင် အစို့အညှောင့်ထွက်ချိန် ဆေးရည်ထဲ၌ ၂၀ – ၃၀ မိနစ် ကြာစိမ်၍ စိုက်ပါ။ |
အကျိုးကျေးဇူးများ
- မျိုးစေ့စိမ်ရာတွင် အသုံးပြုပါက ပေါက်နှုန်း (Germination) ကောင်းကာ အပင်ပေါက်ညီစေခြင်း
- အမြစ်များသန်မာပြီး အမြစ်စွဲမြန်စေခြင်း မြစ်ပွား (Tailoring) များစေခြင်း
- အပင်ပေါက် (Seeding) ဘဝသက်တမ်းတိုးစေကာ ရွှေ့ပြောင်းစိုက်ချိန် (Transplantation) တွင်အပင်သေဆုံးမှုနည်းစေခြင်း
- အပင်များ၏ ကိုယ်ခံအား (Immunity) မြင့်စေပြီး ရာသီဥတု ၊ ပိုးမွှားနှင့် ရောဂါဒဏ်များပို၍ ခံနိုင်ရည်ရှိစေခြင်း
- ပန်းပွင့်ချိန်စောစေခြင်းကြောင့် အသီးတင်မြန်ကာ ရိတ်သိမ်းချိန်စောစေခြင်း
- သီးနှံအရည်အသွေးကောင်းမွန်စေခြင်း ၊ သီးနှံအထွက်တိုးစေခြင်း
- တောင်သူဦးကြီးများအတွက် တွက်ခြေကိုက်ပြီး ဝင်ငွေတိုးစေခြင်း