လုံခြုံရေးဝန်ထမ်း / Security (JOB ID : 125)
Marlarmyaing Group
အလုပ်တာဝန်များ
• Head Office အတွင်းရှိ ဝန်ထမ်းများ၊ ဧည့်သည်များနှင့် ကုမ္ပဏီပိုင်ဆိုင်မှုများ၏ လုံခြုံရေးကို စောင့်ကြပ်ထိန်းသိမ်းပေးရန်။
• ဝင်ထွက်ပေါက်များကို ထိန်းချုပ်ပြီး ဧည့်သည်စာရင်းမှတ်တမ်းများ ထိန်းသိမ်းကာ Visitor Pass ထုတ်ပေးရန်။
• ကုမ္ပဏီပတ်ဝန်းကျင်အတွင်း ပုံမှန်လှည့်လည်စစ်ဆေးခြင်းများ ပြုလုပ်၍ မသက်ဆိုင်သူဝင်ရောက်မှုများကို ကာကွယ်တားဆီးရန်။
• CCTV, Alarm System နှင့် Access Control System များကို စောင့်ကြည့်ထိန်းသိမ်းအသုံးပြုရန်။
• ဖြစ်ပွားသည့် မတော်တဆမှုများ၊ သံသယဖြစ်စရာအခြေအနေများနှင့် အရေးပေါ်အခြေအနေများကို ချက်ချင်းသတင်းပို့ပြီး မှတ်တမ်းတင်ရန်။
• ကုမ္ပဏီ၏ လုံခြုံရေးစည်းမျဉ်းများ၊ စည်းကမ်းများကို တိကျစွာ လိုက်နာစေပြီး လိုအပ်သလို အကောင်အထည်ဖော်ရန်။
• မီးလောင်မှု၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် ကျန်းမာရေးအရေးပေါ်အခြေအနေများတွင် လိုအပ်သလို ကူညီဆောင်ရွက်ရန်။
အရည်အချင်းများ
• အခြေခံပညာ အလယ်တန်း (သို့) အထက်တန်း ရှိရမည်။
• လုံခြုံရေးဝန်ထမ်းအဖြစ် အနည်းဆုံး ၁ – ၂ နှစ် အတွေ့အကြုံရှိသူကို ဦးစားပေးမည်။
• လုံခြုံရေးနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အခြေခံဗဟုသုတများ ရှိရမည်။
• ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
• သံသယဖြစ်စရာအခြေအနေများကို သတိထားဖော်ထုတ်နိုင်စွမ်းရှိရမည်။
• တာဝန်ယူမှုရှိပြီး စည်းကမ်းလိုက်နာမှုကောင်းမွန်သူဖြစ်ရမည်။
• မြန်မာဘာသာဖြင့် ကောင်းမွန်စွာ ဆက်သွယ်နိုင်ရမည်။
