Job Description
• အနည်းဆုံး အခြေခံပညာအလယ်တန်း (သို့မဟုတ်) အထက်တန်းအဆင့်ရှိရမည်။
• သက်ဆိုင်ရာယာဉ်အမျိုးအစားကို မောင်းနှင်ခွင့်ရှိသည့် လိုင်စင်အနက် ကိုင်ဆောင်ထားသူဖြစ်ရမည်။
• ယာဉ်မောင်းအတွေ့ကြုံ အနည်းဆုံး ၂ နှစ်နှင့်အထက် လုပ်ကိုင်ဖူးသူဖြစ်ရမည်။
• ရန်ကုန်နှင့် အခြားမြို့များ၏ လမ်းကြောင်းများကို ကောင်းစွာသိရှိသူဖြစ်ရမည်။
• ယာဉ်၏ အခြေခံစက်ပိုင်းဆိုင်ရာ အခြေအနေများကို စစ်ဆေးသိရှိနိုင်ရမည်။
• ရိုးသားမှု၊ အချိန်တိကျမှု၊ တာဝန်ယူမှုနှင့် စည်းကမ်းလိုက်နာမှုရှိရမည်။
• လိုအပ်ပါကအချိန်ပို၊ ခရီးဝေး သို့မဟုတ် လုပ်ငန်းလိုအပ်ချက်အရ အခြားမြို့များသို့သွားရောက်နိုင်ရမည်။
Job Specification
• ကုမ္ပဏီပိုင်ယာဉ်အား လုံခြုံစိတ်ချရပြီး သတ်မှတ်ထားသော လမ်းစည်းကမ်းများနှင့်အညီ မောင်းနှင်ပေးရန်။
• ဝန်ထမ်းများ၊ ကုမ္ပဏီတာဝန်ရှိသူများနှင့် လိုအပ်သော ပစ္စည်းများကို သတ်မှတ်ထားသည့် နေရာများသို့ အချိန်မီ ပို့ဆောင်ပေးရန်။
• နေ့စဉ်ယာဉ်အသုံးပြုမှု၊ ခရီးစဉ်နှင့် ဆီအသုံးပြုမှုများကို သတ်မှတ်ထားသော စနစ်အတိုင်း မှတ်တမ်းတင်ရန်။
• ယာဉ်၏ သန့်ရှင်းမှု၊ စက်ပိုင်းဆိုင်ရာအခြေအနေနှင့် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုများကို စစ်ဆေးရန်။
• ယာဉ်ချို့ယွင်းမှု၊ မတော်တဆမှု (သို့မဟုတ်) အခြားအရေးပေါ်အခြေအနေများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာတာဝန်ရှိသူထံ ချက်ချင်းတင်ပြရန်။
• ယာဉ်စာရွက်စာတမ်းများ၊ ယာဉ်မောင်းလိုင်စင်နှင့် သက်ဆိုင်ရာစာရွက်စာတမ်းများကို သက်တမ်းမကုန်မီ စစ်ဆေး အကြောင်းကြားရန်။
• ဌာနမှ ပေးအပ်သော ယာဉ်မောင်းနှင့်ပတ်သက်သည့် အခြားတာဝန်များကို ထမ်းဆောင်ရန်။
