သန့်ရှင်းရေးဝန်ထမ်း / Cleaner (JOB ID : 127)
Marlarmyaing Group
အလုပ်တာဝန်များ
• Head Office အတွင်းရှိ ရုံးခန်းများ၊ အစည်းအဝေးခန်းများ၊ ဧည့်ခန်းနှင့် အများသုံးနေရာများကို နေ့စဉ်သန့်ရှင်းရေးပြုလုပ်ရန်။
• ကြမ်းပြင်၊ စားပွဲ၊ ထိုင်ခုံများနှင့် ရုံးသုံးပစ္စည်းများကို သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းရန်။
• အမှိုက်များကို စနစ်တကျ စုဆောင်းပြီး သတ်မှတ်ထားသောနေရာတွင် စွန့်ပစ်ရန်။
• သန့်စင်ခန်းများကို အမြဲသန့်ရှင်းအောင် ထိန်းသိမ်းရန်။
• သန့်ရှင်းရေးပစ္စည်းများ (Cleaning Supplies) ကို စနစ်တကျ အသုံးပြုပြီး လိုအပ်သလို ပြန်လည်တင်ပြရန်။
• ရုံးဖွင့်ချိန်မတိုင်မီနှင့် ရုံးပိတ်ချိန်နောက်ပိုင်း သန့်ရှင်းရေးလုပ်ငန်းများကို အချိန်မီဆောင်ရွက်ရန်။
• ကုမ္ပဏီ၏ သန့်ရှင်းရေးစည်းမျဉ်းများနှင့် လုပ်ငန်းခွင်စည်းကမ်းများကို တိကျစွာ လိုက်နာရန်။
အရည်အချင်းများ
• ပညာအရည်အချင်း အနည်းဆုံး အလယ်တန်း (သို့) အထက်တန်းအဆင့်ရှိရမည်။
• သန့်ရှင်းရေးလုပ်ငန်းတွင် အတွေ့အကြုံရှိသူကို ဦးစားပေးမည်။
• ရိုးသားမှု၊ တာဝန်ယူမှုနှင့် လုပ်ငန်းစည်းကမ်းလိုက်နာမှုကောင်းမွန်ရမည်။
• အလုပ်ကြိုးစားသူဖြစ်ရမည်။
• အဖွဲ့လိုက်နှင့် လုပ်ကိုင်နိုင်ပြီး အထက်လူကြီးညွှန်ကြားချက်များကို လိုက်နာနိုင်ရမည်။
• သန့်ရှင်းရေးပစ္စည်းများကို စနစ်တကျအသုံးပြုနိုင်ရမည်။
• အချိန်တိကျမှုရှိပြီး တာဝန်ယူမှုရှိစွာ လုပ်ကိုင်နိုင်ရမည်။
