Warehouse Staff (JOB ID : 26)
UFG
Job Description
• ဓာတ်မြေဩဇာနှင့် ဆက်စပ်ပစ္စည်းများ ဝင်ရောက်လာပါက အရေအတွက်နှင့် အရည်အသွေးကို စစ်ဆေး၍ လက်ခံမှတ်တမ်းတင်ရန်။
• ဂိုဒေါင်အတွင်းရှိ ဓာတ်မြေဩဇာပစ္စည်းများကို သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျ သိမ်းဆည်းထားရှိရန်။
• အရောင်းအမှာစာများအရ ပစ္စည်းများကို ရွေးချယ်ထုတ်ပိုး၍ အချိန်မီ ပို့ဆောင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ရန်။
• လက်ကျန်စာရင်းများကို ပုံမှန်စစ်ဆေးရေတွက်ပြီး Inventory စာရင်းများ မှန်ကန်စေရန် ပူးပေါင်းဆောင်ရွက်ရန်။
• ကုန်ပစ္စည်းဝင်/ထွက် မှတ်တမ်းများ၊ Delivery Order များနှင့် Stock Movement Records များကို တိကျစွာ ထိန်းသိမ်းရန်။
• ဂိုဒေါင်သန့်ရှင်းရေး၊ လုံခြုံရေးနှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးစည်းမျဉ်းများကို လိုက်နာဆောင်ရွက်ရန်။
• ကုန်ပစ္စည်းပျက်စီးမှု၊ ပျောက်ဆုံးမှု၊ ကွာဟချက်များနှင့် ဂိုဒေါင်ဆိုင်ရာ ပြဿနာများကို သက်ဆိုင်ရာ Supervisor ထံ အချိန်မီ တင်ပြရန်။
Job Specification
• အထက်တန်းပညာအောင်မြင်ပြီးသူဖြစ်ရမည်။
• Warehouse, Store, Logistics အပိုင်းကိုစိတ်ဝင်စားသူဖြစ်ရမည်။
• လုပ်ငန်းအတွေ့ကြုံမရှိသူများလည်းလျောက်ထားနိုင်ပါသည်။
• ဓာတ်မြေဩဇာအိတ်များနှင့် ဂိုဒေါင်ပစ္စည်းများကို ဘေးကင်းစွာ ကိုင်တွယ်သယ်ဆောင်နိုင်သူ။
• အခြေခံ Computer အသုံးပြုနိုင်သူဖြစ်ရမည်။
• အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး ဆက်သွယ်ရေးကောင်းမွန်သူဖြစ်ရမည်။
• ရိုးသားမှု၊ တာဝန်ယူမှုရှိပြီး အသေးစိတ်ဂရုစိုက်တတ်ကာ လိုအပ်ပါက အချိန်ပိုဆင်းနိုင်သူဖြစ်ရမည်။
အလုပ်တည်နေရာ – သီလဝါ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ
