မြန်မာနိုင်ငံတစ်ဝှမ်းရှိ လယ်ယာစိုက်ပျိုးရေးတန်ဖိုးကွင်းဆက်တွင် ဦးဆောင်ကုမ္ပဏီဖြစ်လာစေရန်
မြန်မာ့လယ်ယာစီးပွားရေးတွင် စုစုပေါင်းဖြေရှင်းချက်ပေးသူဖြစ်လာရန်နှင့် စက်မှုလုပ်ငန်းတစ်ခုလုံးရှိ ပါဝင်ပတ်သက်သူတိုင်း၏ သုခချမ်းသာကို နောက်ဆုံးတွင် မြှင့်တင်ပေးရန်။
မိသားစု ဦးတည်ချက်၊ ရိုးသားမှု၊ ယဉ်ကျေးမှု၊ ဆန်းသစ်တီထွင်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ သမာဓိနှင့် အရည်အသွေး မြင့်မားရေး
☲ Marlarmyaing will always stand for "an entity with politeness, humbleness, family-spirited and social contribution".
☲ Marlarmyaing will always encourage "Human Resource Development and Innovation".
☲ Marlarmyaing will always have "integrity on customers and continuously look for their well-being".
☲ Marlarmyaing will always "compete in market not based on price-war, but on mindfulness and solution-based".
☲ Marlarmyaing will always guarantee "the quality of its products and services".
မှတ်ပုံတင်ခြင်း၊ တင်သွင်းခြင်း၊ ပြန်လည်ထုပ်ပိုးခြင်းနှင့် ဖြန့်ဖြူးခြင်း ပိုးသတ်ဆေးများ၊ အရွက်မြေသြဇာများ၊ မျိုးစေ့များနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ။
တင်သွင်းသူ အသီးသီးထံမှ လယ်ယာထွက်ကုန်များနှင့် လက်လီလက်ကားရောင်းချခြင်း။
2013 တွင် စတင်ခဲ့ပြီး မြေသြဇာများကို ကုန်ကြမ်းအဖြစ် တင်သွင်းပါသည်။
Marlarmyaing Group သည် စိုက်ပျိုးရေးအခြေခံနှင့် စိုက်ပျိုးရေးအခြေခံမဟုတ်သော စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားသည်။
မာလာမြိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (Marlarmyaing Public Company Limited) သည် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေနှင့်အညီ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ထားပြီး MyCo စနစ်သစ်တွင် ကုမ္ပဏီမှတ်ပုံတင်အမှတ် (107191364) ဖြင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့တွင် ပြန်လည်မှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ မာလာမြိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် တောင်သူလယ်သမားများအတွက် လိုအပ်သော စိုက်ပျိုးရေးနည်းပညာများ မျှဝေရန်နှင့် မာလာမြိုင်စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းစင်တာများကို မြို့နယ်တိုင်းတွင် ဖွင့်လှစ်နိုင်ရန်၊ စိုက်ပျိုးရေးသွင်းအားစုများကို စက်ရုံများတည်ဆောက်၍ ကိုယ်တိုင်ထုတ်လုပ်ရန်၊ ပြည်ပသွင်းကုန်များ လျှော့ချနိုင်ရန်နှင့် စိုက်ပျိုးရေးကဏ္ဍအတွက် အကျိုးရှိသော အများနှင့်သက်ဆိုင်သော ကုမ္ပဏီတစ်ခုဖြစ်လာစေရန် ရည်မှန်းချက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မာလာမြိုင်သည် (၁၉၈၉) ခုနှစ်တွင် မိသားစုပိုင်စိုက်ပျိုးရေးသုံးလက်လီအရောင်းဆိုင် အနေနဲ့ စတင်ခဲ့ပြီး၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ (၁၉၉၁) ခုနှစ်တွင် မာလာမြိုင်ကုမ္ပဏီလီမိတက်ကို ဖွဲ့စည်းတည်ထောင်ခဲ့ကာ နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးသူတောင်သူများသို့ စိုက်ပျိုးနည်းပညာများ၊ စိုက်ပျိုးရေးသုံး သွင်းအားစုများ၊ မျိုးစေ့၊ ကိရိယာများအား နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးရောင်းချပေးခဲ့ပါသည်။ (၂၀၀၅) ခုနှစ်တွင် အရည်အသွေးကောင်း မြေသြဇာများအား တောင်သူများသို့ ဈေနှုန်းချိုသာစွာဖြန့်ဖြူးနိုင်ရန်ဟူဟာ ရည်ရွယ်ချက်နှင့် မာလာမြိုင်ထုတ်လုပ်မှုကုမ္ပဏီလီမိတက်ကို ဖွဲ့စည်းခဲ့ပြီး၊ (၂၀၁၄) ခုနှစ်တွင် Fertilizer Blend Factory ကို အောင်မြင်စွာလည်ပတ်နိုင်ခဲ့ပါသည်။ (၂၀၁၇) ခုနှစ်တွင် အတွေ့အကြုံကောင်းများရှိသည့် ဦးဆောင်သူများနှင့် မာလာမြိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ၊ (၂၀၁၈) ခုနှစ်တွင် ပိုးသတ်ဆေးပြန်လည်ထုပ်ပိုးစက်ရုံစီမံကိန်းကို သီလဝါပြည်တွင်းစက်မှုဇုန်တွင် စတင်လုပ်ကိုင်လျှက်ရှိပါသည်။ ကုမ္ပဏီ၏ ခွင့်ပြုမတည်ရင်းနှီးငွေကျပ် သန်းပေါင်း ငါးသိန်းတိတိဖြစ်ပြီး ကနဦးတည်ထောင်သူ (၇) ဦးဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီဖြစ်ပါသည်။ မာလာမြိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်သည် အမှတ် (၅၃၁ ဘီ)၊ မာလာမြိုင်ရိပ်သာလမ်း။ ပြည်လမ်း။ (၈) ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပါသည်။