အမ်-ပေါင်းရှင်း ၃၂ % ဒဗလျူပီ
၁။ နှိမ်နင်းနိုင်သော ပေါင်းမြက်များ
မြက်သီး ၊ မြက်မုံညင်း ၊ ကတောက်ဆတ် ၊ လယ်ပဒူ ၊ မှိုနတို ၊ ပေါင်းလေညှင်း ၊ မြက်ကွမ်းသီး ၊ ရေကညွတ် နှင့်တစ်နှစ်ခံ ပေါင်း ၊ ပေါင်းအမျိုးမျိုး သေစေနိုင်ပါသည်။
၂။ အမ်-ပေါင်းရှင်းသုံးစွဲရန် အညွှန်း
တိုက်ရိုက် အစေ့ချစိုက်ခင်း / ရွှေ့ပြောင်းစိုက်ခင်းများအတွက် မျိုးစေ့ကြဲပြီး / ပြောင်းရွှေ့ စိုက်ပြီး (၁၀-၁၅) ရက်သားမှ စတင်အသုံးပြုနိုင်ပါသည်။
ရေ (၄) ဂါလံ ဆေးဖျန်းပုံး (၁) ပုံးတွင် အမ်-ပေါင်းရှင်း ၃၂ % ဒဗလျူပီ (၁၀၀) ဂရမ်ဆေး (၁) ထုပ်ကို ရေတွင် သေချာစွာ ဖျော်စပ်ပြီး (၁) ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံးနှုန်း နှံ့စပ်အောင်ဖျန်းပက်ပါ။
၃။ သတိပြုရန် အချက်များ
- ဆေးမဖျန်းမီ (၁-၂) ရက် ကြိုတင်၍ ရေပြောင်အောင် ထုတ်ထားပါ။
- ဆေးဖျန်းမည့်လယ်မြေသည် မြေမျက်နှာပြင်ညီညာပြီး ရေအစိုဓါတ် ရှိရမည်။
- ဆေးဖျန်းပြီး (၂) ရက်အတွင်း ရေပြန်သွင်းပေးပါ။
- ဆေးဖျန်းပြီး (၇) ရက်ကျော်မှ ဓါတ်မြေသြဇာ ကြဲပက်ပါ။