စီပူတော့ ၅ % ဂျီ
သီးနှံ | ဖျက်ပိုး | နှုန်းထား (ကီလိုဂရမ်/ဧက) | မှတ်ချက် |
ဟင်းသီးဟင်းရွက် အလှစိုက်ခင်းပျိုးခင်း |
ခရု / ပက်ကျိ | ၁၀ | ညနေ နေကျချိန် (သို့) ညအချိန်တွင်ရေသွင်းပြီး ၄.၅ – ၆ ဂရမ်ကို ၃ မီတာ ပတ်လည်တိုင်းတွင် မြေမျက်နှာပြင်ပေါ်သို့ ချပေးပါ။ |
အသီးပင်များ | အပင်ပတ်တွင် ၁၀ ဂရမ်ချပေးပါ။ | ||
စပါး | ခရု | ၂.၄၃ | (၁) မီတာပတ်လည်တွင် အရွယ်ရောက်ပြီးသော ခရု အကောင်ရေ အများဆုံး (၈) ကောင်နှင့် အထက်တွေ့ရှိပါက သုံးစွဲရန် နှုန်းထားဖြစ်သည်။ |
၁.၈၂ | (၁) မီတာပတ်လည်တွင် အရွယ်ရောက်ပြီးသော ခရုအကောင်ရေ အများဆုံး (၈) ကောင်အောက် တွေ့ရှိပါက သုံးစွဲရန် နှုန်းထားဖြစ်ပါသည်။ |
ဆေးဖျန်းပြီး ၁၂ နာရီကြာမှသာ ကွင်းထဲသို့ ပြန်ဝင်ရပါမည်။
အသုံးပြုနည်း
ခရုများစွာကျရောက်နေပါက
- စိုက်ခင်းထဲတွင် မျိုးစေ့မစိုက်မီ ၅ ရက်အလိုတွင် ရေကို ၅ စင်တီမီတာ အနက်ခန့် ၊ ၂၄ နာရီလုံး ရေသွင်းထားပါ။
- မျိုးစေ့မကျဲမီ ၄ ရက်အလို ညနေပိုင်း နေကျခါနီးတွင် ဆေးခဲများကို အကွက်ထဲသို့ ကျဲပက်ပေးပါ။
- ဆေးကျဲပက်ပြီးသောအခါ ရေကို ၃ ရက်ခန့် သွင်းထားပြီးမှသာ စပါးစေ့ကို ပက်ကျဲရပါမည်။
ခရုအနည်းငယ်သာ ကျရောက်နေပါက
- စိုက်ခင်းထဲတွင် မျိုးစေ့မစိုက်မီ ၅ ရက်အလိုတွင် ရေကို ၅ စင်တီမီတာ အနက်ခန့် ၂၄ နာရီလုံးရေသွင်းထားပါ။
မျိုးစေ့များ မစိုက်မီ ၄ ရက်အလိုတွင် ရေအနည်းငယ်သာထားပြီး ကျန်သော ရေများကို စိုက်ခင်းထဲမှ ထုတ်လိုက်ပါ။ မျိုးစေ့မစိုက်မီ ၃ ရက်အလိုတွင် ရေထဲသို့ ဆေးခဲများကို ညနေကျခါနီး တွင် ကျဲပေးပါ။ ဆေးကျဲပက်ပြီးသောအခါ ရေကို သုံးရက်ခန့် သွင်းထားပြီးမှသာ စပါးစေ့ကို ကျဲရပါမည်။