မာလာမြိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (Marlarmyaing Public Company Limited) သည် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေနှင့်အညီ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ထားပြီး MyCo စနစ်သစ်တွင် ကုမ္ပဏီမှတ်ပုံတင်အမှတ် (107191364) ဖြင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့တွင် ပြန်လည်မှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ မာလာမြိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် တောင်သူလယ်သမားများအတွက် လိုအပ်သော စိုက်ပျိုးရေးနည်းပညာများ မျှဝေရန်နှင့် မာလာမြိုင်စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းစင်တာများကို မြို့နယ်တိုင်းတွင် ဖွင့်လှစ်နိုင်ရန်၊ စိုက်ပျိုးရေးသွင်းအားစုများကို စက်ရုံများတည်ဆောက်၍ ကိုယ်တိုင်ထုတ်လုပ်ရန်၊ ပြည်ပသွင်းကုန်များ လျှော့ချနိုင်ရန်နှင့် စိုက်ပျိုးရေးကဏ္ဍအတွက် အကျိုးရှိသော အများနှင့်သက်ဆိုင်သော ကုမ္ပဏီတစ်ခုဖြစ်လာစေရန် ရည်မှန်းချက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မာလာမြိုင်သည် (၁၉၈၉) ခုနှစ်တွင် မိသားစုပိုင်စိုက်ပျိုးရေးသုံးလက်လီအရောင်းဆိုင် အနေနဲ့ စတင်ခဲ့ပြီး၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ (၁၉၉၁) ခုနှစ်တွင် မာလာမြိုင်ကုမ္ပဏီလီမိတက်ကို ဖွဲ့စည်းတည်ထောင်ခဲ့ကာ နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးသူတောင်သူများသို့ စိုက်ပျိုးနည်းပညာများ၊ စိုက်ပျိုးရေးသုံးသွင်းအားစုများ၊ မျိုးစေ့၊ ကိရိယာများအား နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးရောင်းချပေးခဲ့ပါသည်။
မာလာမြိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ တင်သွင်းထုတ်လုပ်ပြီး ရရှိနိုင်သည့် အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများအား အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်ပါသည်။
လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးတိုးတက်မှုတို့သည် အပြန်အလှန် ဆက်စပ်နေသည်။