Marlarmyaing for All. Let's grow together !

ပိုတက် (နေရွက်လှေ)

Muriate of Potash

ပါဝင်မှုအချိုးအစား

K2O : 60%

သီးနှံအမျိုးအစား မြေဩဇာ ထည့်သွင်းရမည့် အချိန် နှင့် တစ်ဧကနှုန်းထား
နှံစားသီးနှံ (စပါး၊ ပြောင်း၊ ဂျုံ) မြေပြုပြင်ချိန် – ၂၅ ကီလိုဂရမ်
အနှံသန္ဓေတည်ချိန် – ၂၅ ကီလိုဂရမ်
ပဲမျိုးစုံ (ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုကိတ်၊ ကုလားပဲ) မြေပြုပြင်ချိန် – ၂၅ ကီလိုဂရမ်
ဆီထွက်သီးနှံ( မြေပဲ၊ နှမ်း၊ နေကြာ) မြေပြုပြင်ချိန် – ၂၅ ကီလိုဂရမ်
စက်မှုသီးနှံ (ဝါ၊ ကြံ၊ အာတာလွတ်၊ ပီလောပီနံ) မြေပြုပြင်ချိန် – ၁၂ ကီလိုဂရမ်
တူးဖော်ရိတ်သိမ်းရန် (၂)လအလို – ၁၂ ကီလိုဂရမ်
စက်မှုသီးနှံ (ရာဘာ၊ ဆီအုန်း၊ လက်ဖက်၊ ကိုကိုး၊ ကော်ဖီ) မြေပြုပြင်ချိန် – ၂၅ ကီလိုဂရမ်
မိုးဦး – ၁၂ ကီလိုဂရမ်
မိုးနှောင်း – ၆ ကီလိုဂရမ်
အရွက်၊ အသီး၊ အစေးမယူမီ တစ်လအလို – ၁၂ ကီလိုဂရမ်
အရွက်၊ အသီး၊ အစေးယူနေစဉ် ကာလလယ် – ၆ ကီလိုဂရမ်
ပန်းမန်နှင့်အရိပ်ရအပင်များ မြေပြုပြင်ချိန်မှစ၍ တစ်နှစ်(၂)ကြိမ်
– တစ်ပင် (၁၀)ဂရမ်မှ (၃၉၀)ဂရမ် နှင့် – ၁၀-၁၀၀ဂရမ်
ဥယျာဉ်ခြံသီးနှံ (သရက်၊ မာလကာ၊ ပိန္နဲ၊ ကျွဲကော၊ သံပုရာ၊ နဂါးမောက်၊ ပန်းသီး၊ သစ်တော်) အပင်သက်တစ်နှစ်နှင့်အောက် (မိုးဦး၊ မိုးနှောင်း(၂)ကြိမ်)
– တစ်ပင် ၁၀ဂရမ် -၂၂၈ ဂရမ် နှင့် -၁၀-၁၀၀ ဂရမ်

အပင်သက်တစ်နှစ်ကျော်မှ သုံးနှစ် (မိုးဦး၊ မိုးနှောင်း(၂)ကြိမ်)
– တစ်ပင် (၂၀)ဂရမ် – ၂၂၈ ဂရမ် နှင့် – ၂၀-၂၅၀ ဂရမ်

စီးပွားဖြစ်အသီးထုတ်ချိန် (အသီးခူးပြီးချိန်၊ ကိုင်းသစ်ထွက်ချိန်၊ သန္ဓေတည်ချိန်၊ အသီးကြီးထွားချိန်)
(တစ်နှစ် ၄ကြိမ်)
– ၂၀ဂရမ် – ၂၂၈ ဂရမ် – ၂၀၀ ဂရမ်
ဟင်းသီးဟင်းရွက် မြေပြုပြင်ချိန် – ၁၀ ကီလိုဂရမ်
အပွင့်အသီးစချိန် – ၂၅၀ ဂရမ်
အရွက်စားနှစ်ရှည်ပင် (လက်ဖက်၊ ကရဝေး၊ ဆူးပုတ်၊ ကင်ပွန်းချဉ်) မိုးဦး – ၁၂ ကီလိုဂရမ်
မိုးနှောင်း – ၁၂ ကီလိုဂရမ်

မှတ်ချက်။ ။

၁) သီးနှံအမျိုးအစားနှင့် မြေအဆင့်အတန်း ပေါ်လိုက်၍ မြေဩဇာနှုန်းထား အပြောင်းအလဲ ရှိနိုင်ပါသည်။

၂) ဩဂဲနစ် သီးနှံများတွင် ဓာတုဓာတ်ကြွင်း အာနိသင် ပါဝင်မှု သတ်မှတ်နှုန်းထား အထိ လျော့ကျစေရန်နှင့် ထွက်နှုန်း တိုးတက်စေရန်အတွက် နည်းစနစ်မှန်မှန်သုံးစွဲပါ။