We are here to listen from you.
Keep in touch with us !

Marlarmyaing Irrigation Solutions – MIS

ရေအစက်ချစနစ်ကို အသုံးပြုမယ်ဆိုရင် အားသာချက်များအနေနဲ့

၁။ ရေအစက်ချစနစ်ကို အသုံးပြုပြီးနောက်ပိုင်း ဖြစ်ပေါ်သော မြေမျက်နှာပြင်သည် မာကျောမှုမရှိတော့ဘဲ ခြောက်သွေ့ကာ ကျန်ရစ်မည်ဖြစ်သည်။ ရေအလေအလွင့်မရှိတာကြောင့်လည်း ရေငွေ့ပျံ့မှုနှုန်းကို အနည်းဆုံး ဖြစ်ပေါ်စေသည်။

၂။ ရေထိတွေ့သော မြေမျက်နှာပြင် အနည်းဆုံးဖြစ်တာကြောင့် ပေါင်းပေါက်ရောက်မှုနည်းကာ ပေါင်းသတ်ဆေး အသုံးပြုမှုကိုလည်း လျော့ချကာ အသုံးပြုနိုင်မည်ဖြစ်သည်။

၃။ ရေအစက်ချစနစ်ကို အသုံးပြုခြင်းအားဖြင့် ပေးသွင်းလိုက်သောရေ၏ ၉၅% ကို အပင်က ရရှိသောကြောင့် ရေကို အကျိုးရှိစွာ အသုံးပြုနိုင်မည်ဖြစ်သည်။

၄။ မြေသြဇာကျွေးရာတွင်လည်း ရေအစက်ချစနစ်မှတဆင့် ကျွေးနိုင်တာကြောင့် ပုံမှန်မြေသြဇာ ပက်ဖျန်းခြင်းထက် မြေသြဇာ အလေအလွင့်နည်းပါးသည့်အပြင် အပင်အတွက်လိုအပ်သည့် အာဟာရကို ပိုမိုတိကျစွာ ကျွေးနိုင်မည်ဖြစ်သည်။

၅။ ၎င်း ရေအစက်ချစနစ်အား မည့်သည့်မြေအမျိုးအစားမဆို အသုံးပြုနိုင်ပြီး လေထန်သော အခြေအနေတွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

အထက်ပါ အားသာချက်များသာမက တခြားသော အားသာချက်ပေါင်းများစွာလည်း ရှိသေးတာကြောင့် ရေအစက်ချစနစ်အတွက် အသေးစိတ်အကြောင်းအရာများကို ဆက်သွယ်မေးမြန်းနိုင်ပြီဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန် – 09782248387

View Irrigation Products