Marlarmyaing for All. Let's grow together !

” ဒီဇင်ဘာလ အတွက် မာလာမြိုင်ရဲ့ စိုက်ပျိုးရေး နည်းလမ်း အကြံပြုချက် “

(၁) သက်လတ်နှင့် သက်ကြီးစပါးများကိုရိတ်သိမ်းရန်(၂)ပတ်အလိုတွင် ရေပြောင်လွှတ်ပါ။ ရိတ်သိမ်းပြီး ကောက်လှိုင်းများကို ကန်သင်များပေါ်ကြာရှည်ပုံမထားပါနှင့်။ တက်နိုင်သမျှ စက်ကိရိယာအသုံးပြု၍ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိစေကာ ကြာရှည်သိုလှောင်ပါက အစိုဓါတ် ၁၃% ထက်မများရအောင် ထိန်းသိမ်းပြုပြင်ပါ။

(၂) သရက်ပွင့်များ နှင်းခါးရိုက်ခြင်းမှ သက်သာစေရန် နံနက်(၂း၀၀) နာရီမှ (၆း၀၀) နာရီအတွင်း မီးခိုးမှိုင်းအပြည့်တိုက်ပါ။ ကန့်နှင့်ထုံးပါသော ဆေးများပက်ဖြန်းထားပါ။ အပွင့်ကြွေမှုသက်သာစေရန် လစ်တိုဇင်ကိုသုံးစွဲပါ။ ကျွဲကော၊ သံပုရာ ၊ မာလကာ ၊ သဘောၤနှင့် နှစ်ရှည်သီးပင်များနှစ်ပတ်တစ်ကြိ်မ် ရေအပြည့်အဝလောင်းပါ။ အမြစ်ဇုန်တစ်ဝိုက် မြေကိုမကြာခဏ ဆွပေးပါ။

(၃) ပဲတီစိမ်း၊ မတ်ပဲသီးနှံများ၊ ပင်စည်ထိုးပိုး၊ ပွင့်ထွေးပိုး ၊ ပင်ဖြတ်ပိုးနှင့်ခါးရိရောဂါ၊ အမြစ်ပုတ်ရောဂါ ၊ ရွက်ပြောက်ရောဂါများ ကျရောက်တတ်သည်။ ကင်းထောက်စစ်ဆေး၍ ကာကွယ်နှိမ်နင်းပါ။ နေကြာသီးနှံကို နှစ်ပတ်သားမှစ၍ အပင်ကြီးထွားရွက်ဖြန်းများ ပက်ဖြန်းပါ။ ရေ (၄) ဂါလံ၊ ယူရီးယား (၅)ကျပ်သားရောစပ်ပြီး၊ အမြစ်ဇုန်တစ်ဝိုက်လောင်းပေးပါ။ ကြက်ချေးစုချိန်မှစ၍ အပွင့်အသီးအရွက်များပက်ဖြန်းပါ။

(၄) သဖင်ပန်းများ အရွက်ချချိန်ဖြစ်ပါသည်။ ပန်းစောစောပွင့်လိုပါက ဥစိမ်းများ ပေါ်ဟိုက်ပါပိုတက်၊ သိုင်အိုယူရီးယား၊ ဟိုက်ပါဟီးရိုးများ ပက်ဖြန်းအသုံးပြုပါ။ ပန်းပွင့်ချိန်နောက်ကျလိုပါက ဂျစ်ဘရယ်လင် ၊ ဘလက်ဂျိတ်များ ပက်ဖြန်းအသုံးပြုပါ။ ထိရောက်စွာအသုံးပြုနိုင်ရန် ပညာရှင်များနှင့် ဆွေးနွေးအကြံဉာဏ်ရယူပါ။ သစ်ခွ၊ ပိန်းပန်းများတွင် အုန်းဆ၊ ဖန်းခက်ခြောက်များ အပြည့်အဝ အလဲလှယ်ဖြည့်သွင်းပါ။ အပွင့်အသီးရွက်ဖြန်းမြေသြဇာ တစ်ပတ်နှစ်ကြိမ်သုံးစွဲပါ။ ဒန်ဒရိုနှင့်ကတ်တလီယာမျိုးများ တစ်နေ့တစ်ကြိမ် ၊ ဗင်ဒါမျိုးများ တစ်နေ့(၂)ကြိမ် ရေမှုန်ရေမွှားဖြန်းပေးပါ။

(၅) နှင်းဆီပင်များတွင် မန်ကျည်းရွက်ဆွေးနှင့် မြင်းချေးဆွေးများ အထူးပြုသုံးစွဲပါ။ ပင်ကိုင်းနှင့်ပွင့်ကိုင်းရရှိရန် စနစ်တကျကိုင်းဖြတ်ကိုင်းကူးပါ။ အိုးစိုက်ပန်းပင်များ (၂)နှစ်တစ်ကြိမ် မြေခံလဲလှယ်ပေးပါ။ အိုးကြီးနှင့်လဲလှယ်ပေးပါ။ ပင်ကပ် အနွယ်အိုးစိုက်သစ်ခွများတွင် ၄လက်မ အချင်းအိုးထက်မကြီးရ။ (၇) ပင်ထက်မပိုစေရ။ ပင်ပွားများလာပါက အိုးခွဲပေးပါ။

15355806_696680607157137_7110278937802218248_n

0 Comments

Leave a Reply

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>